ပင်လယ်စာ တင်သွင်းမှုကိုပိတ်ပင်လိုက်သော တရုတ်အစိုးရ၏ လုပ်ရပ်ကို လက်မခံနိုင်ကြောင်း ဂျပန်အစိုးရ တုံ့ပြန်

409

Pika (NP News) - စက်တင်ဘာ ၆
ဖူကူရှီးမားနျူကလီးယားဓါတ်အားပေးစက်ရုံမှ ရေဒီယိုသတ္တိကြွရေဆိုးများကို ပင်လယ်ထဲသို့ စွန့်ပစ်ခဲ့ပြီးနောက် ပင်လယ်စာတင်ပို့မှုကို ပိတ်ပင်လိုက်သော တရုတ်နိုင်ငံ၏ လုပ်ရပ်မှာ လက်မခံနိုင်စရာကိစ္စတစ်ခုဖြစ်သည်ဟု ဂျပန်အစိုးရက ဝေဖန်ပြစ်တင်လိုက်သည်။
ပြီးခဲ့သည့်လက စတင်ခဲ့သော ဂျပန်နိုင်ငံ၏ ပင်လယ်စာတင်ပို့မှုကို ပိတ်ပင်လိုက်သော တရုတ်၏ လုပ်ရပ်များနှင့် ပတ်သက်ပြီး ဂျပန်အစိုးရသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ WTO ကော်မတီတွင် ၎င်း၏ ရပ်တည်ချက်ကို ရှင်းပြသွား မည်ဖြစ်သလို အဆိုပါအရေးယူမှုကို ချက်ချင်းရုတ်သိမ်းရန် တရုတ်ကို တိုက်တွန်းသွားမည်ဖြစ်ကြောင်း ပြောခဲ့သည်။
တရုတ်နိုင်ငံ၏ ဂျပန်နိုင်ငံမှ ပင်လယ်စာတင်သွင်းမှု ပိတ်ပင်လိုက်ခြင်းနှင့်ပတ်သက်ပြီး WTO ထံ တိုင်ကြားနိုင်ချေ များကို ဂျပန်အရာရှိတစ်ချို့က အချက်ပြခဲ့ကြောင်းလည်း သိရသည်။ ထို့အပြင် အဆိုပါတိုင်ကြားမှုကို အမေရိကန်နိုင်ငံက ထောက်ခံသွားမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးက ပြီးခဲ့သည့် သီတင်းပတ်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်၊၊
အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေး နှင့် အိန္ဒိယနိုင်ငံတွင် ကျင်းပမည့် G20 ထိပ်သီး အစည်းအဝေးတို့ အပါအဝင် သံတမန်ဖိုရမ်များတွင် ရေဒီယိုသတ္တိကြွရေဆိုးများစွန့်ပစ်မှု၏ ဘေးကင်းမှုကို ရှင်းပြသွားမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံ ဝန်ကြီးအဖွဲ့အတွင်းရေးမှူးချုပ် ဟီရိုကာဇူမက်ဆူနို က ပြောကြားခဲ့သည်။
၎င်းက "ဂျပန်-တရုတ်ခေါင်းဆောင်တွေ တွေ့ဆုံမှုနဲ့ပတ်သက်ပြီး ဘာမှ မဆုံးဖြတ်ရသေးပါဘူး" ဟု ပြောခဲ့သည်။ ဂျပန်ဝန်ကြီးချုပ်ဖူမီအိုကီရှီဒါ နှင့် တရုတ်ဝန်ကြီးချုပ်လီချန်းတို့သည် အာဆီယံထိပ်သီးအစည်းအဝေးနှင့် G20 ထိပ်သီးအစည်းအဝေးတို့ကို တက်ရောက်မည်ဖြစ်သော်လည်း တရုတ်သမ္မတရှီကျင့်ဖျင်သည် အစည်းအဝေးပွဲနှစ်ခု လုံးကို တက်ရောက်မည်မဟုတ်ကြောင်း သိရသည်။
ဒေသအတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု(RCEP) ကုန်သွယ်မှုသဘောတူစာချုပ်ပါ အချက်အလက် များအရ ပင်လယ်စာတင်သွင်းခွင့် ပိတ်ပင်ခြင်းနှင့်ပတ်သက်၍ ဆွေးနွေးမှုများ လုပ်ဆောင်ရန် ဂျပန်အစိုးရက တရုတ်အစိုးရကို တောင်းဆိုထားကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

Zawgyi Version;
ပင္လယ္စာ တင္သြင္းမႈကိုပိတ္ပင္လိုက္ေသာ တ႐ုတ္အစိုးရ၏ လုပ္ရပ္ကို လက္မခံႏိုင္ေၾကာင္း ဂ်ပန္အစိုးရ တုံ႔ျပန္
Pika (NP News) - စက္တင္ဘာ ၆
ဖူကူရွီးမားန်ဴကလီးယားဓါတ္အားေပးစက္႐ုံမွ ေရဒီယိုသတၱိႂကြေရဆိုးမ်ားကို ပင္လယ္ထဲသို႔ စြန႔္ပစ္ခဲ့ၿပီးေနာက္ ပင္လယ္စာတင္ပို႔မႈကို ပိတ္ပင္လိုက္ေသာ တ႐ုတ္ႏိုင္ငံ၏ လုပ္ရပ္မွာ လက္မခံႏိုင္စရာကိစၥတစ္ခုျဖစ္သည္ဟု ဂ်ပန္အစိုးရက ေဝဖန္ျပစ္တင္လိုက္သည္။
ၿပီးခဲ့သည့္လက စတင္ခဲ့ေသာ ဂ်ပန္ႏိုင္ငံ၏ ပင္လယ္စာတင္ပို႔မႈကို ပိတ္ပင္လိုက္ေသာ တ႐ုတ္၏ လုပ္ရပ္မ်ားႏွင့္ ပတ္သက္ၿပီး ဂ်ပန္အစိုးရသည္ ကမာၻ႔ကုန္သြယ္ေရးအဖြဲ႕ WTO ေကာ္မတီတြင္ ၎၏ ရပ္တည္ခ်က္ကို ရွင္းျပသြား မည္ျဖစ္သလို အဆိုပါအေရးယူမႈကို ခ်က္ခ်င္း႐ုတ္သိမ္းရန္ တ႐ုတ္ကို တိုက္တြန္းသြားမည္ျဖစ္ေၾကာင္း ေျပာခဲ့သည္။
တ႐ုတ္ႏိုင္ငံ၏ ဂ်ပန္ႏိုင္ငံမွ ပင္လယ္စာတင္သြင္းမႈ ပိတ္ပင္လိုက္ျခင္းႏွင့္ပတ္သက္ၿပီး WTO ထံ တိုင္ၾကားႏိုင္ေခ် မ်ားကို ဂ်ပန္အရာရွိတစ္ခ်ိဳ႕က အခ်က္ျပခဲ့ေၾကာင္းလည္း သိရသည္။ ထို႔အျပင္ အဆိုပါတိုင္ၾကားမႈကို အေမရိကန္ႏိုင္ငံက ေထာက္ခံသြားမည္ျဖစ္ေၾကာင္း ဂ်ပန္ႏိုင္ငံဆိုင္ရာ အေမရိကန္သံအမတ္ႀကီးက ၿပီးခဲ့သည့္ သီတင္းပတ္တြင္ ထုတ္ေဖာ္ေျပာဆိုခဲ့သည္၊၊
အင္ဒိုနီးရွားႏိုင္ငံတြင္ က်င္းပမည့္ အာဆီယံထိပ္သီးအစည္းအေဝး ႏွင့္ အိႏၵိယႏိုင္ငံတြင္ က်င္းပမည့္ G20 ထိပ္သီး အစည္းအေဝးတို႔ အပါအဝင္ သံတမန္ဖိုရမ္မ်ားတြင္ ေရဒီယိုသတၱိႂကြေရဆိုးမ်ားစြန႔္ပစ္မႈ၏ ေဘးကင္းမႈကို ရွင္းျပသြားမည္ျဖစ္ေၾကာင္း ဂ်ပန္ႏိုင္ငံ ဝန္ႀကီးအဖြဲ႕အတြင္းေရးမႉးခ်ဳပ္ ဟီ႐ိုကာဇူမက္ဆူႏို က ေျပာၾကားခဲ့သည္။
၎က "ဂ်ပန္-တ႐ုတ္ေခါင္းေဆာင္ေတြ ေတြ႕ဆုံမႈနဲ႔ပတ္သက္ၿပီး ဘာမွ မဆုံးျဖတ္ရေသးပါဘူး" ဟု ေျပာခဲ့သည္။ ဂ်ပန္ဝန္ႀကီးခ်ဳပ္ဖူမီအိုကီရွီဒါ ႏွင့္ တ႐ုတ္ဝန္ႀကီးခ်ဳပ္လီခ်န္းတို႔သည္ အာဆီယံထိပ္သီးအစည္းအေဝးႏွင့္ G20 ထိပ္သီးအစည္းအေဝးတို႔ကို တက္ေရာက္မည္ျဖစ္ေသာ္လည္း တ႐ုတ္သမၼတရွီက်င့္ဖ်င္သည္ အစည္းအေဝးပြဲႏွစ္ခု လုံးကို တက္ေရာက္မည္မဟုတ္ေၾကာင္း သိရသည္။
ေဒသအတြင္း ဘက္စုံစီးပြားေရး ပူးေပါင္းေဆာင္႐ြက္မႈ(RCEP) ကုန္သြယ္မႈသေဘာတူစာခ်ဳပ္ပါ အခ်က္အလက္ မ်ားအရ ပင္လယ္စာတင္သြင္းခြင့္ ပိတ္ပင္ျခင္းႏွင့္ပတ္သက္၍ ေဆြးေႏြးမႈမ်ား လုပ္ေဆာင္ရန္ ဂ်ပန္အစိုးရက တ႐ုတ္အစိုးရကို ေတာင္းဆိုထားေၾကာင္း ဂ်ပန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားသည္။