ဒုတိယ ဆူဒန် နဲ့ ဆီးရီးယားလိုဖြစ်အောင် ပုံသွင်းခံနေရတဲ့ မြန်မာနိုင်ငံ

 6564

Htay Oung (NP News) - စက်တင်ဘာ ၆

ဖရီးဘားမားရိန်းဂျားတည်ထောင်သူ ဒေးဗစ်-အီးဘန့်အကြောင်း အမေရိကန်အစိုးရထောက်ပံ့ခံ VOA က တစ်ခန်း တစ်နား ပွဲထုတ်လာပုံကို ယမန့်နေ့မှာ သက်ဆိုင်ရာသတင်းစာမျက်နှာမှာ တွေ့ရှိရပါတယ်။

တကယ်တော့ ဒေးဗစ်အီးဘန့်ဟာ အမေရိကန်အစိုးရရဲ့စစ်ရေးပေါ်လစီများကို သွယ်ဝှိုက်တဲ့နည်းနဲ့ အကောင် အထည်ဖော်ပေးနေသူ အမေရိကန်အထူးတိုက်ခိုက်ရေးစစ်သားဟောင်း CIA အေးဂျင့်တစ်ဦးသာဖြစ်ပါတယ်။ ဒီအကြောင်း သူတို့နဲ့အတူ ရက်သတ္တ ၃ ပတ်ကြာနေထိုင်ခဲ့သူ အမေရိကန်ရိုလင်းစတုန်းမီဒီယာရဲ့ဖော်ပြချက်ကို ဧပြီ ၂၅ ရက်၊ ၂ဝ၂၃ ခုနှစ်မှာ NP News အနေနဲ့ အကျဉ်းချုံး ဘာသာပြန်ဆိုခဲ့ဖူးပါတယ်။

နိုင်ငံတစ်နိုင်ငံအတွင်း အလွယ်တကူ ဝင်ရောက်ခွင့်ရရှိဖို့အတွက် ဘာသာရေးသာသနာပြုခြင်းနဲ့ လူသားချင်း စာနာမှုအကူအညီဆိုတာ အလွယ်ကူဆုံး အထိရောက်ဆုံး မျက်နှာဖုံးဖြစ်ပါတယ်။ ၁၉၉ဝ ပြည့်လွန်နှစ်များမှာ ဖရီးဘားမားရိန်းဂျား FBR ကို အမေရိကန် အထူးတိုက်ခိုက်ရေး အရာရှိဟောင်းနဲ သိက္ခာတော်ရ ခရစ်ယာန် ဘုန်းတော်ကြီးတစ်ပါးဖြစ်သူ ဒေ့ဗ်အီးဘန့်က စတင်ထူထောင်ခဲ့ပါတယ်။ သဘောထားကွဲလွဲသူ တိုင်းရင်းသား လူမျိုးစုလူနည်းစုများအပေါ် ရက်စက်စွာချေမှုန်းခြင်းဖြင့် ဆယ်စုနှစ် ခုနစ်ခုကြာ ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်း စစ်မှာ အာဏာရှင်စနစ်ကို တွန်းလှန်နေတဲ့ ဖိနှိပ်ခံတိုင်းရင်းသားများကို ဆေးဝါးကုသရေးနဲ့ စာနာမှုအကူအညီများ ပေးဆောင်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

အခြားလူသားချင်းစာနာမှုဆိုင်ရာအဖွဲ့များ မသွားလိုတဲ့နေရာများကို အရောက်လှမ်းနိုင်ဖို့ မဆုတ်မနစ်တဲ့ ကတိ ကဝတ်များဖြင့် သူ့ရဲ့ဇနီး-သားသမီးများ၊ ရည်ရွယ်ချက်တူ ဗော်လံတီယာအနည်းငယ်နဲ့အတူ FBR က ဆောင်ရွက် ပေးနေတယ်လို့ ပြောပါတယ်။

သူ့ရဲ့ FBR အဖွဲ့ခွဲတွေကို မြန်မာနိုင်ငံရှေ့တန်းတစ်လျှောက်နဲ့ ဆီးရီးယားမြောက်ပိုင်းမှ ဆူဒန်အထိ လူ့ အခွင့်အရေး ချိုးဖောက်မှုများအပေါ်ခြေရာခံတဲ့လှုပ်ရှားမှုတစ်ခုအဖြစ် တည်ဆောက်ထားပါတယ်။ ဒါပေမဲ့ အီးဘန့်ဟာ သူ့မိသားစုနဲ့ ကြီးကြပ်မှုလစ်ဟာနေတဲ့ နောက်လိုက်များရဲ့အသက်အန္တရာယ်ကို လောင်းကြေးထပ်ခဲ့တဲ့ ဂျူးဒဿနလာ ပထမရာစု ရောမအင်ပါယာကို အံတုသူ “ဇီးလော့” လို ခရစ်ယာန်နိုင်ငံရေးသမားတစ်ဦးသာ ဖြစ်တယ်လို့ ဝေဖန်ခြင်းခံရပါတယ်။ လက်နက်ကိုင်များနဲ့အတူ တိုက်ပွဲဝင်ခြင်း၊ စစ်ရေးလေ့ကျင့်ပေးခြင်းတို့ဟာ လူသားချင်းစာနာမှုဆိုင်ရာအလုပ်များနဲ့ အယူဝါဒဆိုင်ရာတက်ကြွတဲ့သာသနာပြုလုပ်ငန်းများအကြား ခြားနား ချက်ကို မှုန်ဝါးစေတယ်လို့ ထောက်ပြကြကြောင်း ရိုးလင်းစတုန်းက ရေးခဲ့ပါတယ်။

အထူးသဖြင့် သူ့ရဲ့အမေရိကန်စစ်ပြန်တစ်ဦးဖြစ်နေခြင်းဟာ ဒုတိယကမ္ဘာစစ်လွန် မြန်မာနိုင်ငံအတိတ်သမိုင်းမှာ တရုတ်ပြည်မကြီးမှဆုတ်ခွာလာတဲ့ စစ်ရှုံး ကူမင်တန် တရုတ်ဖြူတို့အပေါ် အမေရိကန် CIA က စစ်ရေးနဲ့ အထွေထွေအကူအညီပေးရေးကို မျက်မှောက်ခေတ် အီးဘန့်က ပြန်လည်အသက်သွင်းပေးသလို ရှိနေပါတယ်။ အဲဒီအချိန် CIA ဟာ အရှေ့တောင်အာရှဒေသအတွင်း သွေးချောင်းစီးစစ်ပွဲများကို ဖန်တီးရုံမက ကိုယ်တိုင်ပါဝင် ဆင်နွှဲခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

ရိုးလင်းစတုန်းသတင်းထောက်များနဲ့ တွေ့ရှိချိန်မှာ ဒေ့ဗ်အီးဘန့်ဟာ သူလေ့ကျင့်ပေးထားတဲ့ ရိန်းဂျား ၂ဝ၅ ဦးကို ရန်သူ့နေရာများထံ ပို့ဆောင်ပေးဖို့ ပြင်ဆင်နေချိန်ဖြစ်ပါတယ်။ ကရင်ပြည်နယ် အရှေ့ပိုင်းမှာ ရှိတဲ့ အဲဒီနေရာဟာ မြန်မာ့တပ်မတော်ရဲ့အရေးကြီး အခြေစိုက်စခန်းနှစ်ခုကို ဆက်သွယ်ပေးရာလမ်းကြောင်းပေါ်မှာ တည်ရှိနေပြီး အစိုးရတပ်များ မကြာခဏ ကင်းလှည့်လေ့ရှိတာကို တွေ့နေရပါတယ်။ ယခင်အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ဖူးပြီး ကိုယ်ရောင်ဖျောက်နိုင်စွမ်းနဲ့ ပြောက်ကျားနည်းဟာ အရေအတွက်နည်းနည်းနဲ့ လျင်မြန်မှုကို အလေးထားတယ်လို့ ဆိုပါတယ်။

၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း ဒီမိုကရေစီပျောက်ဆုံးသွားတဲ့ မြန်မာနိုင်ငံမှာ “ပြည်သူ့ကာကွယ်ရေးတပ်” PDF လို့ခေါ်တဲ့ တော်လှန်ရေးပြည်သူ့စစ်တွေမှာ ဗမာအများစု ပါဝင်လာကြပြီး အီးဘန့်လေ့ကျင့်ပေးနေ ရသူများ ဟာလည်း ယခင်နှစ်များထက် သုံးဆပိုမိုများပြားလာကြောင်း၊ မြန်မာနိုင်ငံအတွင်း လက်ရှိအကြမ်းဖက်မှုများဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း အဆိုးရွားဆုံးဖြစ်ကြောင်း ရိုးလင်းစတုန်းကို အီးဘန့်က ရှင်းပြပါတယ်။

FBR ရဲ့ တိုက်ခိုက်ရေးသမားသစ် စုဆောင်းရာ စားကျက်ဟာ စစ်ဘေးရှောင်ဒုက္ခသည်စခန်းများဖြစ်ပါတယ်။ ဖရီးဘားမားရိန်းဂျားတစ်ဦးရဲ့လစာ၀င်ငွေဟာ တစ်နှစ်လျှင် (သို့မဟုတ်) ၄၄ နာရီကြာ တာ၀န်ထမ်းဆောင်လျှင် အမေရိကန်ဒေါ်လာ ၉၂,၁၆၈ ရရှိပါတယ်။ ထိပ်တန်းအဆင့် သတ်မှတ်ခံရသူ ၇၅ ရာခိုင်နှုန်းဟာ ၁ဝ၅,၅ဝ၂ ဒေါ်လာ ရရှိတယ်လို့ ဆိုခြင်းကြောင့် အင်မတန်စားပေါက်ချောင်တဲ့ အလုပ်ဖြစ်နေပါတယ်။

၂ဝ၂၁ ခုနှစ်မှာ FER တို့ရဲ့လုပ်အားခ PayPal အွန်လိုင်းငွေပေးချေမှု အပါအဝင် အမေရိကန်ဘဏ္ဍာရေးဝန်ဆောင်မှု #The_Charles_Schwab_Corporation “ချားလ်_ရွှက်ဗ်_ကော်ပိုရေးရှင်း” မှတဆင့် ရရှိတယ်ဆိုပေမယ့် ဘယ်သူ ဘယ်ဝါတွေက ပေးကမ်းနေတယ်ဆိုတာ မရှင်းလင်းပါဘူး။

၂ဝ၁၉ ခုနှစ်တုန်းက အီးဘန့်ဟာ သူလေ့ကျင့်ပေးထားတဲ့ မြန်မာအရှေ့တောင်နယ်စပ်ဒေသခံများနဲ့အတူ ပြည်တွင်း စစ်ဖြစ်ပွားနေတဲ့ ဆီးရီးယားနဲ့ အီရတ်မှာ ကာ့ဒ်နဲ့ ယာဇီဒီလူမျိုးများကို အကူအညီပေးဖို့ဆိုပြီး ၀င်ရောက် ခြေရှုပ်ခဲ့ဖူး ပါတယ်။ တကယ်တော့ အဲဒီနယ်မြေဟာ #တူရကီနဲ့_ဆီးရီးယားနယ်စပ် #အမေရိကန် က #စစ်ရေးလေ့ကျင့်_ လက်နက်တပ်ဆင်ပေးထားတဲ့ “ဆီးရီးယားဒီမိုကရက်တစ်တပ်ဦး“ Syrian Democratic Forces (SDF) ခေါ် ကာ့ဒ်သူပုန်တို့ရဲ့ စစ်ဘေးရှောင်စခန်းများအတွင်း ဖြစ်နေပါတယ်။ တူရကီ ထုလိုက်တဲ့ မော်တာကျည် ထိမှန်ပြီး သူခေါ်ဆောင်သွား တစ်ဦးသေဆုံးခဲ့တယ်လို့ South Chian Morning Post (4 April 2019) မှာ ရေးသားခဲ့ဖူး ပါတယ်။

အဲဒီနောက်ပိုင်း FBR ရဲ့ ဆီးရီးယားစစ်ပွဲအတွင်း လှုပ်ရှားမှုများ မှေးမှိန်သွားကြောင်း သတိပြုမိပါတယ်။ မမှိန်လို့ ကလည်း အီးဘန့်ကိုယ်တိုင် -ည် -ှီး ခံရဖို့ ရှိနေပါတယ်။ အဲ့ဒီနောက် ယူကရိန်းစစ်ပွဲမှာ ၀င်ရှုပ်ဖို့ ကြိူးစားပြန်ပါတယ်။ အဲ့ဒီမှာလည်း အောင်မြင်ပုံ မရပါ။

စာရေးသူ သိရှိထားကြတာ ယူကရိန်းစစ်ပွဲမှာ ကြေးစားစစ်သားအဖြစ် ရုရှား၀က်ဂ်နာတွေလောက်ပါပဲ။ ဒါပေမယ့် အကျအဆုံးများလှတဲ့ သွေးချောင်းစီးစစ်ပွဲမှာ နှစ်ဖက်စလုံးက ကြေးစားစစ်သားတွေ အသုံးပြုနေပါတယ်။ ယူကရိန်းလို ဥရောပမှာ အီးဗန့်ရဲ့အရှေ့တောင်အာရှ မြန်မာတိုင်းရင်းသား FBR ရိန်းဂျားတွေဟာ စျေးကွက် သိပ် မရှိနိုင်ပါဘူး။ ရုပ်အလောင်းအဖြစ် သေကျန်ခဲ့ရင် အင်မတန် ရှင်းရခက်ပါလိမ့်မယ်။
လွန်ခဲ့တဲ့ရက်သတ္တပတ် ဂါဘွန်းနိုင်ငံဟာ ၃ နှစ်အတွင်း အာဖရိကတိုက်မှာ ၈ နိုင်ငံမြောက် အာဏာသိမ်းတိုင်းပြည် ဖြစ်ပါတယ်။ အာဖရိကလို ဆင်းရဲပြီး မငြိမ်သက်တဲ့ဒေသများမှာ ဘောလုံးအားကစားကို ဗန်းပြပြီး လူကုန်ကူးမှု အပြင် ဘလက်ဝါးတားလို အမေရိကန်ကြေးစားစစ်တပ်ရဲ့ လူသစ်စုဆောင်းရာလည်း ဖြစ်နေပါတယ်။ အဲဒီအထဲ အရှေ့အလယ်ပိုင်းနဲ့ မြန်မာတို့ဟာ FBR ဒေးဗစ်အီးဘန့်လိုလူစားတွေရဲ့အကောင်းဆုံး ရေခံမြေခံကြီးဖြစ်နေပါ တယ်။ ဒုတိယမြောက် ဆူဒန်နဲ့ ဆီးရီးယားလို CIA နဲ့ အီးဘန့် လုပ်နေကြပါတယ်။

အချမ်းသာဆုံး ကမ္ဘာ့စစ်အင်အားအကြီးဆုံးဖြစ်တဲ့ ငပွကြီးက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် သူတစ်ပါး နိုင်ငံ ပြည်တွင်းရေးမှာ ဝင်ရောက်ကြရတယ်ဆိုတာ လုံးဝယုံကြည်စရာမရှိပါ။ ငပွကြီးနဲ့ စစ်ရေးကာကွယ်မှု ထီးရိပ် အောက်မှာနေပြီး အာရှကျားများဖြစ်လာတဲ့ ဂျပန်-ကိုရီးယားကို လက်ညှိုးထိုးပြချင်ပါသလား။ ငပွကြီး မကူညီရင် လည်း ဂျပန်ကိုရီးယားလူမျိုးတို့ရဲ့ အလုပ်အပေါ် ဇွဲကြီးခြင်း၊ လုံ့လမလျော့တတ်ခြင်း၊ စုပေါင်းလုပ်တတ်ခြင်းတို့က သူတို့နေထိုင်ရာတိုင်းပြည်ကို တစ်နေ့နေ့ ချမ်းသာကြွယ်ဝအောင် ဆောင်ကျဉ်းပေးမှာ မလွဲပါ။ ငမွဲကောင် ဆိုနေကြ တဲ့ ပြုံယမ်းတောင် နျူကလီယာဗုံး လုပ်နိုင်သွားတာမြင်ကြမှာပါ။

ဂျပန်-တောင်ကိုရီးယားကတော့ ငပွကြီးစစ်အခြေစိုက်စခန်းတွေကို ယနေ့တိုင် လက်ခံထားရပြီး ကင်ဂျုံအန်နဲ့ ရှီကျင့်ဖျင်တို့ရဲ့ဒုံးကျည်တွေ ဘယ်အချိန် ခေါင်းပေါ်ကျလာမလဲ ရင်တမမဖြစ်နေရပါတယ်။ အလားတူ နောက်ဆုံး ကျုံးသွင်းခံရတာ ယူကရိန်းဖြစ်ပါတယ်။

ငပွကြီး စောင်မကြည့်ရှုလိုက်လို့ ချမ်းသာသွားတဲ့တိုင်းပြည် မရှိ၊ နိုင်ငံပြိုကွဲသွားတာ ပြည်တွင်းစစ်ဖြစ်ရတာနဲ့ မိမိတို့ လူ့အဖွဲ့အစည်းအတွင်း ဘာသာရေး-မိရိုးဖလာဓလေ့များ နင်းချေခံကြရတာပဲ ကမ္ဘာအရပ်ရပ်မှာ တွေ့မြင်နေရပါ တယ်။ သူ့လောင်းရိပ်အောက် မ၀င်တဲ့တိုင်းပြည်ကို #Uttermost_Devastation #အလုံးစုံ_ပျက်သုဉ်းရေး လုပ်တတ်ပါတယ်။

လက်ရှိ ကျွန်တော်တို့အခြေအနေဟာ အကောင်းဆုံးအဖြစ် လက်ခံဖို့ ကျွန်တော် နားချနေခြင်း မဟုတ်ပါ။ #ခေါင်းကို_ပျားတုပ်ထာ_နာကျည်းလွန်းတဲ့အတွက် #လှည်းဘီးအောက်_ခေါင်းထိုးခံတဲ့_မြွေလို_မဖြစ်စေချင်ပါ။ #ရေမီးရှားမှာ #အလွန်ချမ်းသာသူနဲ့_ကုန်းကောက်စရာ_မရှိအောင် #ဆင်းရဲသူ လူတန်းစား နှစ်ရပ်သာ ရှိသလို #ဘာလာလာ_အကုန်ဒေါင်းတဲ့ #လူလည်ကြီးများနဲ့ #နိုင်ငံရေးရေချိန်_အနှုတ်လက္ခဏာပြနေသူရယ်လို့ #လူနှစ်တန်းစားနှစ်ရပ်သာ ရှိပါတယ်။

#HtayOung, #OungMarine
#ဖရီးဘားမားရိန်းဂျား #ဘလက်ဝါးတား #ဒေ့ဗစ်_အီးဘန့် #ဆီးရီးယား_ဒီမိုကရက်တစ်_တပ်ဦး #ချားလ်_ရွှက်ဗ်_ကော်ပိုရေးရှင်း #PayPal #ကာ့ဒ်သူပုန် #Syrian_Democratic_Forces #SDF

Zawgyi Version;
ဒုတိယ ဆူဒန္ နဲ႔ ဆီးရီးယားလိုျဖစ္ေအာင္ ပုံသြင္းခံေနရတဲ့ ျမန္မာႏိုင္ငံ
Htay Oung (NP News) - စက္တင္ဘာ ၆

ဖရီးဘားမားရိန္းဂ်ားတည္ေထာင္သူ ေဒးဗစ္-အီးဘန္႔အေၾကာင္း အေမရိကန္အစိုးရေထာက္ပံ့ခံ VOA က တစ္ခန္း တစ္နား ပြဲထုတ္လာပုံကို ယမန္႔ေန႔မွာ သက္ဆိုင္ရာသတင္းစာမ်က္ႏွာမွာ ေတြ႕ရွိရပါတယ္။

တကယ္ေတာ့ ေဒးဗစ္အီးဘန္႔ဟာ အေမရိကန္အစိုးရရဲ႕စစ္ေရးေပၚလစီမ်ားကို သြယ္ဝႈိက္တဲ့နည္းနဲ႔ အေကာင္ အထည္ေဖာ္ေပးေနသူ အေမရိကန္အထူးတိုက္ခိုက္ေရးစစ္သားေဟာင္း CIA ေအးဂ်င့္တစ္ဦးသာျဖစ္ပါတယ္။ ဒီအေၾကာင္း သူတို႔နဲ႔အတူ ရက္သတၱ ၃ ပတ္ၾကာေနထိုင္ခဲ့သူ အေမရိကန္႐ိုလင္းစတုန္းမီဒီယာရဲ႕ေဖာ္ျပခ်က္ကို ဧၿပီ ၂၅ ရက္၊ ၂ဝ၂၃ ခုႏွစ္မွာ NP News အေနနဲ႔ အက်ဥ္းခ်ဳံး ဘာသာျပန္ဆိုခဲ့ဖူးပါတယ္။

ႏိုင္ငံတစ္ႏိုင္ငံအတြင္း အလြယ္တကူ ဝင္ေရာက္ခြင့္ရရွိဖို႔အတြက္ ဘာသာေရးသာသနာျပဳျခင္းနဲ႔ လူသားခ်င္း စာနာမႈအကူအညီဆိုတာ အလြယ္ကူဆုံး အထိေရာက္ဆုံး မ်က္ႏွာဖုံးျဖစ္ပါတယ္။ ၁၉၉ဝ ျပည့္လြန္ႏွစ္မ်ားမွာ ဖရီးဘားမားရိန္းဂ်ား FBR ကို အေမရိကန္ အထူးတိုက္ခိုက္ေရး အရာရွိေဟာင္းနဲ သိကၡာေတာ္ရ ခရစ္ယာန္ ဘုန္းေတာ္ႀကီးတစ္ပါးျဖစ္သူ ေဒ့ဗ္အီးဘန္႔က စတင္ထူေထာင္ခဲ့ပါတယ္။ သေဘာထားကြဲလြဲသူ တိုင္းရင္းသား လူမ်ိဳးစုလူနည္းစုမ်ားအေပၚ ရက္စက္စြာေခ်မႈန္းျခင္းျဖင့္ ဆယ္စုႏွစ္ ခုနစ္ခုၾကာ ကမာၻ႔အရွည္ၾကာဆုံး ျပည္တြင္း စစ္မွာ အာဏာရွင္စနစ္ကို တြန္းလွန္ေနတဲ့ ဖိႏွိပ္ခံတိုင္းရင္းသားမ်ားကို ေဆးဝါးကုသေရးနဲ႔ စာနာမႈအကူအညီမ်ား ေပးေဆာင္ဖို႔ ရည္႐ြယ္တယ္လို႔ ဆိုပါတယ္။

အျခားလူသားခ်င္းစာနာမႈဆိုင္ရာအဖြဲ႕မ်ား မသြားလိုတဲ့ေနရာမ်ားကို အေရာက္လွမ္းႏိုင္ဖို႔ မဆုတ္မနစ္တဲ့ ကတိ ကဝတ္မ်ားျဖင့္ သူ႔ရဲ႕ဇနီး-သားသမီးမ်ား၊ ရည္႐ြယ္ခ်က္တူ ေဗာ္လံတီယာအနည္းငယ္နဲ႔အတူ FBR က ေဆာင္႐ြက္ ေပးေနတယ္လို႔ ေျပာပါတယ္။

သူ႔ရဲ႕ FBR အဖြဲ႕ခြဲေတြကို ျမန္မာႏိုင္ငံေရွ႕တန္းတစ္ေလွ်ာက္နဲ႔ ဆီးရီးယားေျမာက္ပိုင္းမွ ဆူဒန္အထိ လူ႔ အခြင့္အေရး ခ်ိဳးေဖာက္မႈမ်ားအေပၚေျခရာခံတဲ့လႈပ္ရွားမႈတစ္ခုအျဖစ္ တည္ေဆာက္ထားပါတယ္။ ဒါေပမဲ့ အီးဘန္႔ဟာ သူ႔မိသားစုနဲ႔ ႀကီးၾကပ္မႈလစ္ဟာေနတဲ့ ေနာက္လိုက္မ်ားရဲ႕အသက္အႏၲရာယ္ကို ေလာင္းေၾကးထပ္ခဲ့တဲ့ ဂ်ဴးဒႆနလာ ပထမရာစု ေရာမအင္ပါယာကို အံတုသူ “ဇီးေလာ့” လို ခရစ္ယာန္ႏိုင္ငံေရးသမားတစ္ဦးသာ ျဖစ္တယ္လို႔ ေဝဖန္ျခင္းခံရပါတယ္။ လက္နက္ကိုင္မ်ားနဲ႔အတူ တိုက္ပြဲဝင္ျခင္း၊ စစ္ေရးေလ့က်င့္ေပးျခင္းတို႔ဟာ လူသားခ်င္းစာနာမႈဆိုင္ရာအလုပ္မ်ားနဲ႔ အယူဝါဒဆိုင္ရာတက္ႂကြတဲ့သာသနာျပဳလုပ္ငန္းမ်ားအၾကား ျခားနား ခ်က္ကို မႈန္ဝါးေစတယ္လို႔ ေထာက္ျပၾကေၾကာင္း ႐ိုးလင္းစတုန္းက ေရးခဲ့ပါတယ္။

အထူးသျဖင့္ သူ႔ရဲ႕အေမရိကန္စစ္ျပန္တစ္ဦးျဖစ္ေနျခင္းဟာ ဒုတိယကမာၻစစ္လြန္ ျမန္မာႏိုင္ငံအတိတ္သမိုင္းမွာ တ႐ုတ္ျပည္မႀကီးမွဆုတ္ခြာလာတဲ့ စစ္ရႈံး ကူမင္တန္ တ႐ုတ္ျဖဴတို႔အေပၚ အေမရိကန္ CIA က စစ္ေရးနဲ႔ အေထြေထြအကူအညီေပးေရးကို မ်က္ေမွာက္ေခတ္ အီးဘန္႔က ျပန္လည္အသက္သြင္းေပးသလို ရွိေနပါတယ္။ အဲဒီအခ်ိန္ CIA ဟာ အေရွ႕ေတာင္အာရွေဒသအတြင္း ေသြးေခ်ာင္းစီးစစ္ပြဲမ်ားကို ဖန္တီး႐ုံမက ကိုယ္တိုင္ပါဝင္ ဆင္ႏႊဲခဲ့ေပမယ့္ မေအာင္ျမင္ခဲ့ပါဘူး။

႐ိုးလင္းစတုန္းသတင္းေထာက္မ်ားနဲ႔ ေတြ႕ရွိခ်ိန္မွာ ေဒ့ဗ္အီးဘန္႔ဟာ သူေလ့က်င့္ေပးထားတဲ့ ရိန္းဂ်ား ၂ဝ၅ ဦးကို ရန္သူ႔ေနရာမ်ားထံ ပို႔ေဆာင္ေပးဖို႔ ျပင္ဆင္ေနခ်ိန္ျဖစ္ပါတယ္။ ကရင္ျပည္နယ္ အေရွ႕ပိုင္းမွာ ရွိတဲ့ အဲဒီေနရာဟာ ျမန္မာ့တပ္မေတာ္ရဲ႕အေရးႀကီး အေျခစိုက္စခန္းႏွစ္ခုကို ဆက္သြယ္ေပးရာလမ္းေၾကာင္းေပၚမွာ တည္ရွိေနၿပီး အစိုးရတပ္မ်ား မၾကာခဏ ကင္းလွည့္ေလ့ရွိတာကို ေတြ႕ေနရပါတယ္။ ယခင္အႀကိမ္ေပါင္းမ်ားစြာ ျပဳလုပ္ခဲ့ဖူးၿပီး ကိုယ္ေရာင္ေဖ်ာက္ႏိုင္စြမ္းနဲ႔ ေျပာက္က်ားနည္းဟာ အေရအတြက္နည္းနည္းနဲ႔ လ်င္ျမန္မႈကို အေလးထားတယ္လို႔ ဆိုပါတယ္။

၂ဝ၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလေနာက္ပိုင္း ဒီမိုကေရစီေပ်ာက္ဆုံးသြားတဲ့ ျမန္မာႏိုင္ငံမွာ “ျပည္သူ႔ကာကြယ္ေရးတပ္” PDF လို႔ေခၚတဲ့ ေတာ္လွန္ေရးျပည္သူ႔စစ္ေတြမွာ ဗမာအမ်ားစု ပါဝင္လာၾကၿပီး အီးဘန္႔ေလ့က်င့္ေပးေန ရသူမ်ား ဟာလည္း ယခင္ႏွစ္မ်ားထက္ သုံးဆပိုမိုမ်ားျပားလာေၾကာင္း၊ ျမန္မာႏိုင္ငံအတြင္း လက္ရွိအၾကမ္းဖက္မႈမ်ားဟာ ဒုတိယကမာၻစစ္ေနာက္ပိုင္း အဆိုး႐ြားဆုံးျဖစ္ေၾကာင္း ႐ိုးလင္းစတုန္းကို အီးဘန္႔က ရွင္းျပပါတယ္။

FBR ရဲ႕ တိုက္ခိုက္ေရးသမားသစ္ စုေဆာင္းရာ စားက်က္ဟာ စစ္ေဘးေရွာင္ဒုကၡသည္စခန္းမ်ားျဖစ္ပါတယ္။ ဖရီးဘားမားရိန္းဂ်ားတစ္ဦးရဲ႕လစာ၀င္ေငြဟာ တစ္ႏွစ္လွ်င္ (သို႔မဟုတ္) ၄၄ နာရီၾကာ တာ၀န္ထမ္းေဆာင္လွ်င္ အေမရိကန္ေဒၚလာ ၉၂,၁၆၈ ရရွိပါတယ္။ ထိပ္တန္းအဆင့္ သတ္မွတ္ခံရသူ ၇၅ ရာခိုင္ႏႈန္းဟာ ၁ဝ၅,၅ဝ၂ ေဒၚလာ ရရွိတယ္လို႔ ဆိုျခင္းေၾကာင့္ အင္မတန္စားေပါက္ေခ်ာင္တဲ့ အလုပ္ျဖစ္ေနပါတယ္။

၂ဝ၂၁ ခုႏွစ္မွာ FER တို႔ရဲ႕လုပ္အားခ PayPal အြန္လိုင္းေငြေပးေခ်မႈ အပါအဝင္ အေမရိကန္ဘ႑ာေရးဝန္ေဆာင္မႈ #The_Charles_Schwab_Corporation “ခ်ားလ္_႐ႊက္ဗ္_ေကာ္ပိုေရးရွင္း” မွတဆင့္ ရရွိတယ္ဆိုေပမယ့္ ဘယ္သူ ဘယ္ဝါေတြက ေပးကမ္းေနတယ္ဆိုတာ မရွင္းလင္းပါဘူး။

၂ဝ၁၉ ခုႏွစ္တုန္းက အီးဘန္႔ဟာ သူေလ့က်င့္ေပးထားတဲ့ ျမန္မာအေရွ႕ေတာင္နယ္စပ္ေဒသခံမ်ားနဲ႔အတူ ျပည္တြင္း စစ္ျဖစ္ပြားေနတဲ့ ဆီးရီးယားနဲ႔ အီရတ္မွာ ကာ့ဒ္နဲ႔ ယာဇီဒီလူမ်ိဳးမ်ားကို အကူအညီေပးဖို႔ဆိုၿပီး ၀င္ေရာက္ ေျခရႈပ္ခဲ့ဖူး ပါတယ္။ တကယ္ေတာ့ အဲဒီနယ္ေျမဟာ #တူရကီနဲ႔_ဆီးရီးယားနယ္စပ္ #အေမရိကန္ က #စစ္ေရးေလ့က်င့္_ လက္နက္တပ္ဆင္ေပးထားတဲ့ “ဆီးရီးယားဒီမိုကရက္တစ္တပ္ဦး“ Syrian Democratic Forces (SDF) ေခၚ ကာ့ဒ္သူပုန္တို႔ရဲ႕ စစ္ေဘးေရွာင္စခန္းမ်ားအတြင္း ျဖစ္ေနပါတယ္။ တူရကီ ထုလိုက္တဲ့ ေမာ္တာက်ည္ ထိမွန္ၿပီး သူေခၚေဆာင္သြား တစ္ဦးေသဆုံးခဲ့တယ္လို႔ South Chian Morning Post (4 April 2019) မွာ ေရးသားခဲ့ဖူး ပါတယ္။

အဲဒီေနာက္ပိုင္း FBR ရဲ႕ ဆီးရီးယားစစ္ပြဲအတြင္း လႈပ္ရွားမႈမ်ား ေမွးမွိန္သြားေၾကာင္း သတိျပဳမိပါတယ္။ မမွိန္လို႔ ကလည္း အီးဘန္႔ကိုယ္တိုင္ -ည္ -ွီး ခံရဖို႔ ရွိေနပါတယ္။ အဲ့ဒီေနာက္ ယူကရိန္းစစ္ပြဲမွာ ၀င္ရႈပ္ဖို႔ ႀကိဴးစားျပန္ပါတယ္။ အဲ့ဒီမွာလည္း ေအာင္ျမင္ပုံ မရပါ။

စာေရးသူ သိရွိထားၾကတာ ယူကရိန္းစစ္ပြဲမွာ ေၾကးစားစစ္သားအျဖစ္ ႐ုရွား၀က္ဂ္နာေတြေလာက္ပါပဲ။ ဒါေပမယ့္ အက်အဆုံးမ်ားလွတဲ့ ေသြးေခ်ာင္းစီးစစ္ပြဲမွာ ႏွစ္ဖက္စလုံးက ေၾကးစားစစ္သားေတြ အသုံးျပဳေနပါတယ္။ ယူကရိန္းလို ဥေရာပမွာ အီးဗန္႔ရဲ႕အေရွ႕ေတာင္အာရွ ျမန္မာတိုင္းရင္းသား FBR ရိန္းဂ်ားေတြဟာ ေစ်းကြက္ သိပ္ မရွိႏိုင္ပါဘူး။ ႐ုပ္အေလာင္းအျဖစ္ ေသက်န္ခဲ့ရင္ အင္မတန္ ရွင္းရခက္ပါလိမ့္မယ္။
လြန္ခဲ့တဲ့ရက္သတၱပတ္ ဂါဘြန္းႏိုင္ငံဟာ ၃ ႏွစ္အတြင္း အာဖရိကတိုက္မွာ ၈ ႏိုင္ငံေျမာက္ အာဏာသိမ္းတိုင္းျပည္ ျဖစ္ပါတယ္။ အာဖရိကလို ဆင္းရဲၿပီး မၿငိမ္သက္တဲ့ေဒသမ်ားမွာ ေဘာလုံးအားကစားကို ဗန္းျပၿပီး လူကုန္ကူးမႈ အျပင္ ဘလက္ဝါးတားလို အေမရိကန္ေၾကးစားစစ္တပ္ရဲ႕ လူသစ္စုေဆာင္းရာလည္း ျဖစ္ေနပါတယ္။ အဲဒီအထဲ အေရွ႕အလယ္ပိုင္းနဲ႔ ျမန္မာတို႔ဟာ FBR ေဒးဗစ္အီးဘန္႔လိုလူစားေတြရဲ႕အေကာင္းဆုံး ေရခံေျမခံႀကီးျဖစ္ေနပါ တယ္။ ဒုတိယေျမာက္ ဆူဒန္နဲ႔ ဆီးရီးယားလို CIA နဲ႔ အီးဘန္႔ လုပ္ေနၾကပါတယ္။

အခ်မ္းသာဆုံး ကမာၻ႔စစ္အင္အားအႀကီးဆုံးျဖစ္တဲ့ ငပြႀကီးက ဒီမိုကေရစီနဲ႔ လူ႔အခြင့္အေရးအတြက္ သူတစ္ပါး ႏိုင္ငံ ျပည္တြင္းေရးမွာ ဝင္ေရာက္ၾကရတယ္ဆိုတာ လုံးဝယုံၾကည္စရာမရွိပါ။ ငပြႀကီးနဲ႔ စစ္ေရးကာကြယ္မႈ ထီးရိပ္ ေအာက္မွာေနၿပီး အာရွက်ားမ်ားျဖစ္လာတဲ့ ဂ်ပန္-ကိုရီးယားကို လက္ညႇိဳးထိုးျပခ်င္ပါသလား။ ငပြႀကီး မကူညီရင္ လည္း ဂ်ပန္ကိုရီးယားလူမ်ိဳးတို႔ရဲ႕ အလုပ္အေပၚ ဇြဲႀကီးျခင္း၊ လုံ႔လမေလ်ာ့တတ္ျခင္း၊ စုေပါင္းလုပ္တတ္ျခင္းတို႔က သူတို႔ေနထိုင္ရာတိုင္းျပည္ကို တစ္ေန႔ေန႔ ခ်မ္းသာႂကြယ္ဝေအာင္ ေဆာင္က်ဥ္းေပးမွာ မလြဲပါ။ ငမြဲေကာင္ ဆိုေနၾက တဲ့ ၿပဳံယမ္းေတာင္ န်ဴကလီယာဗုံး လုပ္ႏိုင္သြားတာျမင္ၾကမွာပါ။

ဂ်ပန္-ေတာင္ကိုရီးယားကေတာ့ ငပြႀကီးစစ္အေျခစိုက္စခန္းေတြကို ယေန႔တိုင္ လက္ခံထားရၿပီး ကင္ဂ်ဳံအန္နဲ႔ ရွီက်င့္ဖ်င္တို႔ရဲ႕ဒုံးက်ည္ေတြ ဘယ္အခ်ိန္ ေခါင္းေပၚက်လာမလဲ ရင္တမမျဖစ္ေနရပါတယ္။ အလားတူ ေနာက္ဆုံး က်ဳံးသြင္းခံရတာ ယူကရိန္းျဖစ္ပါတယ္။

ငပြႀကီး ေစာင္မၾကည့္ရႈလိုက္လို႔ ခ်မ္းသာသြားတဲ့တိုင္းျပည္ မရွိ၊ ႏိုင္ငံၿပိဳကြဲသြားတာ ျပည္တြင္းစစ္ျဖစ္ရတာနဲ႔ မိမိတို႔ လူ႔အဖြဲ႕အစည္းအတြင္း ဘာသာေရး-မိ႐ိုးဖလာဓေလ့မ်ား နင္းေခ်ခံၾကရတာပဲ ကမာၻအရပ္ရပ္မွာ ေတြ႕ျမင္ေနရပါ တယ္။ သူ႔ေလာင္းရိပ္ေအာက္ မ၀င္တဲ့တိုင္းျပည္ကို #Uttermost_Devastation #အလုံးစုံ_ပ်က္သုဥ္းေရး လုပ္တတ္ပါတယ္။

လက္ရွိ ကြၽန္ေတာ္တို႔အေျခအေနဟာ အေကာင္းဆုံးအျဖစ္ လက္ခံဖို႔ ကြၽန္ေတာ္ နားခ်ေနျခင္း မဟုတ္ပါ။ #ေခါင္းကို_ပ်ားတုပ္ထာ_နာက်ည္းလြန္းတဲ့အတြက္ #လွည္းဘီးေအာက္_ေခါင္းထိုးခံတဲ့_ေႁမြလို_မျဖစ္ေစခ်င္ပါ။ #ေရမီးရွားမွာ #အလြန္ခ်မ္းသာသူနဲ႔_ကုန္းေကာက္စရာ_မရွိေအာင္ #ဆင္းရဲသူ လူတန္းစား ႏွစ္ရပ္သာ ရွိသလို #ဘာလာလာ_အကုန္ေဒါင္းတဲ့ #လူလည္ႀကီးမ်ားနဲ႔ #ႏိုင္ငံေရးေရခ်ိန္_အႏႈတ္လကၡဏာျပေနသူရယ္လို႔ #လူႏွစ္တန္းစားႏွစ္ရပ္သာ ရွိပါတယ္။

#HtayOung, #OungMarine
#ဖရီးဘားမားရိန္းဂ်ား #ဘလက္ဝါးတား #ေဒ့ဗစ္_အီးဘန္႔ #ဆီးရီးယား_ဒီမိုကရက္တစ္_တပ္ဦး #ခ်ားလ္_႐ႊက္ဗ္_ေကာ္ပိုေရးရွင္း #PayPal #ကာ့ဒ္သူပုန္ #Syrian_Democratic_Forces #SDF

Related news

© 2021. All rights reserved.