နစကအနေဖြင့် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များပေါ်ထွန်းလာရေးအတွက် အလေးထားဆောင်ရွက်နေဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ပြော

957
NP News - စက်တင်ဘာ ၆
နစကအနေဖြင့် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များပေါ်ထွန်းလာစေရေးအတွက် အလေးထားဆောင်ရွက်နေကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်းက ပြောသည်။

၎င်းက ယနေ့(စက်တင်ဘာလ ၆ ရက်)တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ စစ်တွေတက္ကသိုလ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် စစ်တွေတက္ကသိုလ်တို့က ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းအခမ်းအနားတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ယခုကဲ့သို့ လူငယ်စကားဝိုင်းများသည် ဗလငါးတန်ထဲတွင် ဉာဏဗလဟုခေါ်သည့် ဉာဏ်ပညာဖွံ့ဖြိုးစေရန်၊ စာရိတ္တ ဗလဟုခေါ်သည့် ကိုယ့်ကျင့်သိက္ခာကောင်းမွန်စေရန်၊ မိတ္တဗလဟုခေါ်သည့် မိတ်ဆွေအပေါင်းအသင်းကောင်းများ တိုးပွားလာစေရန် စသည့်ရည်ရွယ်ချက်ကောင်းများဖြင့် ပြည့်စုံနေသည်ကို တွေ့ရှိရသည်ဟု ဝန်ကြီးချုပ်က ပြော သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် လူငယ်များ၏ အသိပညာဗဟုသုတဖွံ့ဖြိုးတိုးတက်စေရန် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များပေါ်ထွန်းလာစေရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်းက ထည့်သွင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး ၎င်းက လူငယ်များသည် နိုင်ငံ၏အဖိုးတန်လူ့စွမ်းအားအရင်းအမြစ်များဖြစ်၍ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကစွမ်းအားစုများဖြစ်လာစေရန် မျှော်လင့်ထားသည်ဟုလည်း ပြောသည်။
လက်ရှိတွင် လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်ကာ လူငယ်စကားဝိုင်းများ၊ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများကို နိုင်ငံတစ်ဝန်းရှိ တက္ကသိုလ်၊ ကောလိပ်များ၊ အခြေခံပညာကျောင်းများတွင် ကျယ်ကျယ် ပြန့်ပြန့် ကျင်းပလျက်ရှိကြောင်း သိရသည်။
ယနေ့တွင် စစ်တွေတက္ကသိုလ်၌ ကျင်းပသည့် လူငယ်စကားဝိုင်းအခမ်းအနားသို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စစ်တွေတက္ကသိုလ်ပါမောက္ခချုပ်နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

zawgyi version
နစကအေနျဖင့္ ဗလငါးတန္ႏွင့္ျပည့္စုံေသာ လူငယ္မ်ားေပၚထြန္းလာေရးအတြက္ အေလးထားေဆာင္႐ြက္ေနဟု ရခိုင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ေျပာ
NP News - စက္တင္ဘာ ၆
နစကအေနျဖင့္ ဗလငါးတန္ႏွင့္ျပည့္စုံေသာ လူငယ္မ်ားေပၚထြန္းလာေစေရးအတြက္ အေလးထားေဆာင္႐ြက္ေနေၾကာင္း ရခိုင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ဦးထိန္လင္းက ေျပာသည္။
၎က ယေန႔(စက္တင္ဘာလ ၆ ရက္)တြင္ ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕ရွိ စစ္ေတြတကၠသိုလ္၌ ျပန္ၾကားေရးႏွင့္ျပည္သူ႔ဆက္ဆံေရးဦးစီးဌာန ႏွင့္ စစ္ေတြတကၠသိုလ္တို႔က ပူးေပါင္းက်င္းပသည့္ လူငယ္စကားဝိုင္းအခမ္းအနားတြင္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။
ယခုကဲ့သို႔ လူငယ္စကားဝိုင္းမ်ားသည္ ဗလငါးတန္ထဲတြင္ ဉာဏဗလဟုေခၚသည့္ ဉာဏ္ပညာဖြံ႕ၿဖိဳးေစရန္၊ စာရိတၱ ဗလဟုေခၚသည့္ ကိုယ့္က်င့္သိကၡာေကာင္းမြန္ေစရန္၊ မိတၱဗလဟုေခၚသည့္ မိတ္ေဆြအေပါင္းအသင္းေကာင္းမ်ား တိုးပြားလာေစရန္ စသည့္ရည္႐ြယ္ခ်က္ေကာင္းမ်ားျဖင့္ ျပည့္စုံေနသည္ကို ေတြ႕ရွိရသည္ဟု ဝန္ႀကီးခ်ဳပ္က ေျပာ သည္။
ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအေနျဖင့္ လူငယ္မ်ား၏ အသိပညာဗဟုသုတဖြံ႕ၿဖိဳးတိုးတက္ေစရန္ ဗလငါးတန္ႏွင့္ျပည့္စုံေသာ လူငယ္မ်ားေပၚထြန္းလာေစေရးအတြက္ အေလးထားေဆာင္႐ြက္လ်က္ရွိေၾကာင္း ရခိုင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ဦးထိန္လင္းက ထည့္သြင္းေျပာၾကားခဲ့သည္။
ဆက္လက္ၿပီး ၎က လူငယ္မ်ားသည္ ႏိုင္ငံ၏အဖိုးတန္လူ႔စြမ္းအားအရင္းအျမစ္မ်ားျဖစ္၍ ႏိုင္ငံေတာ္ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ အဓိကစြမ္းအားစုမ်ားျဖစ္လာေစရန္ ေမွ်ာ္လင့္ထားသည္ဟုလည္း ေျပာသည္။
လက္ရွိတြင္ လူငယ္မ်ား ဗလငါးတန္ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ရည္႐ြယ္ကာ လူငယ္စကားဝိုင္းမ်ား၊ လူငယ္ေရးရာအသိပညာေပးေဟာေျပာပြဲမ်ားကို ႏိုင္ငံတစ္ဝန္းရွိ တကၠသိုလ္၊ ေကာလိပ္မ်ား၊ အေျခခံပညာေက်ာင္းမ်ားတြင္ က်ယ္က်ယ္ ျပန႔္ျပန႔္ က်င္းပလ်က္ရွိေၾကာင္း သိရသည္။
ယေန႔တြင္ စစ္ေတြတကၠသိုလ္၌ က်င္းပသည့္ လူငယ္စကားဝိုင္းအခမ္းအနားသို႔ ရခိုင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ဦးထိန္လင္း၊ ျပည္နယ္ဝန္ႀကီးမ်ား၊ ဌာနဆိုင္ရာတာဝန္ရွိသူမ်ား၊ စစ္ေတြတကၠသိုလ္ပါေမာကၡခ်ဳပ္ႏွင့္ ဆရာ/ဆရာမမ်ား၊ ေက်ာင္းသား/ သူမ်ား တက္ေရာက္ခဲ့ေၾကာင္း သိရသည္။