ကျန်းမာရေးမကောင်းသည့် ဂါဘွန်သမ္မတကို နေအိမ်အကျယ်ချုပ်မှ ပြန်လွှတ်ပေးခဲ့ဟု ဂါဘွန်စစ်အစိုးရ ပြော

 450

Pika (NP News) - စက်တင်ဘာ ၇

ဂါဘွန်စစ်အစိုးရသည် သမ္မတအလီဘွန်ဂိုကို ဆေးဘက်ဆိုင်ရာ အကြောင်းပြချက်များကြောင့် နေအိမ်အကျယ်ချုပ် ချထားခြင်းမှ ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

ဂါဘွန်နိုင်ငံတွင် ကျင်းပသော ရွေးကောက်ပွဲတွင် သမ္မတအလီဘွန်ဂိုက မဲအများဆုံးဖြင့် သမ္မတအဖြစ် ရွေးချယ် ခံရပြီးနောက် စစ်ခေါင်းဆောင်များက အဆိုပါရွေးကောက်ပွဲသည် မသမာသော ရွေးကောက်ပွဲဖြစ်ကြောင်း ပြောဆို ကာ အာဏာသိမ်းယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဂါဘွန်စစ်ခေါင်းဆောင်များသည် အာဏာသိမ်းယူပြီးတည်းက သမ္မတအလီဘွန်ဂိုကို နေအိမ်အကျုဥ်းချုပ် ချထားခဲ့ ခြင်းဖြစ်ပြီး တစ်ပတ်အကြာတွင် ယခုကဲ့သို့ ပြန်လည်လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဖြုတ်ချခံခဲ့ရသော ဂါဘွန်သမ္မတအလီဘွန်ဂိုသည် ဆေးကုသမှုများခံယူရန်အတွက် လွတ်လပ်စွာခရီးသွားလာနိုင်ပြီဖြစ်ကြောင်း ဂါဘွန်စစ်အစိုးရ၏ ပြောကြားချက်ကို ကိုးကားပြီး Gabon 24 ရုပ်သံလိုင်းက စက်တင်ဘာလ(၆)ရက် ညတွင် ဖော်ပြခဲ့သည်။

ဂါဘွန်စစ်အစိုးရပြောရေးဆိုခွင့်ရှိသူ အမျိုးသားတစ်ဦး က "ကျန်းမာရေးအခြေအနေတွေကြောင့် ဂါဘွန်သမ္မတ ဟောင်းအလီဘွန်ဂိုကို လွတ်လပ်စွာခရီးသွားလာခွင့်ပေးခဲ့ပါတယ်။ အလီဘွန်ဂိုဟာ ဆေးစစ်မှုတွေလုပ်ဆောင်ဖို့ အတွက် နိုင်ငံခြားကိုလည်း ခရီးထွက်နိုင်ပါတယ်" ဟု ပြောခဲ့သည်။

ထို့အပြင် သမ္မတအလီဘွန်ဂို ၎င်း၏ နေအိမ်ထဲတွင် လမ်းလျှောက်နေသည့်ဗီဒီယိုဖိုင်တစ်ခုကိုလည်း ဂါဘွန်စစ်အစိုးရက ဆိုရှယ်မီဒီယာတွင်တင်ကာ ပြသခဲ့ကြောင်း သိရသည်။

Zawgyi Version;
က်န္းမာေရးမေကာင္းသည့္ ဂါဘြန္သမၼတကို ေနအိမ္အက်ယ္ခ်ဳပ္မွ ျပန္လႊတ္ေပးခဲ့ဟု ဂါဘြန္စစ္အစိုးရ ေျပာ
Pika (NP News) - စက္တင္ဘာ ၇

ဂါဘြန္စစ္အစိုးရသည္ သမၼတအလီဘြန္ဂိုကို ေဆးဘက္ဆိုင္ရာ အေၾကာင္းျပခ်က္မ်ားေၾကာင့္ ေနအိမ္အက်ယ္ခ်ဳပ္ ခ်ထားျခင္းမွ ျပန္လႊတ္ေပးခဲ့ေၾကာင္း သိရသည္။

ဂါဘြန္ႏိုင္ငံတြင္ က်င္းပေသာ ေ႐ြးေကာက္ပြဲတြင္ သမၼတအလီဘြန္ဂိုက မဲအမ်ားဆုံးျဖင့္ သမၼတအျဖစ္ ေ႐ြးခ်ယ္ ခံရၿပီးေနာက္ စစ္ေခါင္းေဆာင္မ်ားက အဆိုပါေ႐ြးေကာက္ပြဲသည္ မသမာေသာ ေ႐ြးေကာက္ပြဲျဖစ္ေၾကာင္း ေျပာဆို ကာ အာဏာသိမ္းယူခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ဂါဘြန္စစ္ေခါင္းေဆာင္မ်ားသည္ အာဏာသိမ္းယူၿပီးတည္းက သမၼတအလီဘြန္ဂိုကို ေနအိမ္အက်ဳဥ္းခ်ဳပ္ ခ်ထားခဲ့ ျခင္းျဖစ္ၿပီး တစ္ပတ္အၾကာတြင္ ယခုကဲ့သို႔ ျပန္လည္လႊတ္ေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ျဖဳတ္ခ်ခံခဲ့ရေသာ ဂါဘြန္သမၼတအလီဘြန္ဂိုသည္ ေဆးကုသမႈမ်ားခံယူရန္အတြက္ လြတ္လပ္စြာခရီးသြားလာႏိုင္ၿပီျဖစ္ေၾကာင္း ဂါဘြန္စစ္အစိုးရ၏ ေျပာၾကားခ်က္ကို ကိုးကားၿပီး Gabon 24 ႐ုပ္သံလိုင္းက စက္တင္ဘာလ(၆)ရက္ ညတြင္ ေဖာ္ျပခဲ့သည္။

ဂါဘြန္စစ္အစိုးရေျပာေရးဆိုခြင့္ရွိသူ အမ်ိဳးသားတစ္ဦး က "က်န္းမာေရးအေျခအေနေတြေၾကာင့္ ဂါဘြန္သမၼတ ေဟာင္းအလီဘြန္ဂိုကို လြတ္လပ္စြာခရီးသြားလာခြင့္ေပးခဲ့ပါတယ္။ အလီဘြန္ဂိုဟာ ေဆးစစ္မႈေတြလုပ္ေဆာင္ဖို႔ အတြက္ ႏိုင္ငံျခားကိုလည္း ခရီးထြက္ႏိုင္ပါတယ္" ဟု ေျပာခဲ့သည္။

ထို႔အျပင္ သမၼတအလီဘြန္ဂို ၎၏ ေနအိမ္ထဲတြင္ လမ္းေလွ်ာက္ေနသည့္ဗီဒီယိုဖိုင္တစ္ခုကိုလည္း ဂါဘြန္စစ္အစိုးရက ဆိုရွယ္မီဒီယာတြင္တင္ကာ ျပသခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.