မြန်မာပြည်၌ ပထမဆုံး E Commerce Guidelines လမ်းညွန်ချက်စည်းကမ်းများကို စီးပွား/ကူးသန်း ထုတ်ပြန်

 963

NP News - စက်တင်ဘာ ၇

အွန်လိုင်းရှော့ပင်များအပါအဝင် အင်တာနက်မှတဆင့် ကုန်သွယ်မှုနှင့်ဝန်ဆောင်မှုများ ရောင်းချနေသည့်လုပ်ငန်းအားလုံးအတွက် E Commerce လုပ်ငန်းများ အတွက်လမ်းညွန်ချက်စည်းကမ်းများကို စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနက စက်တင်ဘာလ ၅ ရက်တွင် ထုတ်ပြန်လာခြင်းဖြစ်သည်။

အွန်လိုင်းရှော့ပင်း အပါအဝင် ကုန်စည်ထုတ်လုပ်မှုနှင့်ရောင်းချမှု ကွင်းဆက်အားလုံးတွင် အကျုံးဝင်ရန် သတ်မှတ်ထားသောစည်းကမ်းချက်များဖြစ်ပြီး အွန်လိုင်းဝန်ဆောင်မှု အသုံးပြုသူ အားလုံးလိုက်နာရမည်ဖြစ်ကြောင်းဖော်ပြထားသည်။

E Commerce လုပ်ငန်းများအတွက် လမ်းညွှန်ချက်စည်းကမ်းများကို ထုတ်ပြန်ခြင်းသည် ဥပဒေတစ်ရပ်အဖြစ် ကျင့်သုံးပြဋ္ဌာန်းနိုင်ခြင်းမရှိသေးချိန်တွင် ကနဦးအဆင့်လိုက်နာရမည့် စည်းကမ်းချက်များဖြစ်ကြောင်းသိရသည်။

E Commerce လုပ်ငန်းများအတွက် လမ်းညွှန်ချက်စည်းကမ်းများတွင် အချက်ပေါင်း (၉၉)ချက်ပါဝင်ပြီး ကုန်စည်နှင့်ဝန်ဆောင်မှုများအတွက် ဝယ်ယူသူနှင့်ရောင်းချသူအကြား အငြင်းပွားမှုပြဿနာများအပေါ် အခြေခံလိုက်နာရမည့် စည်းမျဉ်းများ ဖြစ်ကြောင်းသိရသည်။

အွန်လိုင်းမှတဆင့်ရောင်းချသည့်လုပ်ငန်းများအတွက် ငွေပေးချေမှုစနစ်များ၊ ကြော်ငြာစည်းကမ်းချက်များ၊ မူပိုင်ခွင့်များ၊ လိမ်လည်ရောင်းချမှု နှင့် လိမ်လည်ဝယ်ယူမှုများ၊ စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာစည်းကမ်းများ အပါ အဝင် ကုန်သွယ်ရေးနည်းလမ်းများအားလုံးအတွက် ယခုကဲ့သို့ စည်းမျဉ်းများထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိထုတ်ပြန်သည့် E Commerce လုပ်ငန်းများအတွက် လမ်းညွှန်ချက်စည်းကမ်းများသည် မြန်မာနိုင်ငံတွင်ပထမဆုံးထုတ်ပြန်ခြင်းဖြစ်ပြီး မကြာမီထုတ်ပြန်လာမည့် အွန်လိုင်းရှော့ပင်း မှတ်ပုံတင်လုပ်ငန်းများ လိုက်နာကျင့်သုံးရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စည်းကမ်းချက်များကို သင့်တော်သကဲ့သို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြင်ဆင်သွားမည်ဟု ဖေါ်ပြထားသည်။

အွန်လိုင်းရှောပင်းများမှ ဝန်ဆောင်မှုနှင့် ထုတ်ကုန်များ ရောင်းချနေသည့်လုပ်ငန်းရှင်များအနေဖြင့် အီလက်ထရွန်းနစ်နည်းလမ်းဖြင့် ကူးသန်းရောင်းဝယ်ခြင်းလမ်းညွန် (E Commerce Guidelines) ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၏ တရားဝင် ဝဘ်ဆိုက် www.commerce.gov.mm တွင်လေ့လာဖတ်ရှုနိုင်ကြောင်းသိရသည်။

zawgyi version
ျမန္မာျပည္၌ ပထမဆုံး E Commerce Guidelines လမ္းၫြန္ခ်က္စည္းကမ္းမ်ားကို စီးပြား/ကူးသန္း ထုတ္ျပန္
NP News - စက္တင္ဘာ ၇

အြန္လိုင္းေရွာ့ပင္မ်ားအပါအဝင္ အင္တာနက္မွတဆင့္ ကုန္သြယ္မႈႏွင့္ဝန္ေဆာင္မႈမ်ား ေရာင္းခ်ေနသည့္လုပ္ငန္းအားလုံးအတြက္ E Commerce လုပ္ငန္းမ်ား အတြက္လမ္းၫြန္ခ်က္စည္းကမ္းမ်ားကို စီးပြားေရးႏွင့္ကူးသန္းေရာင္း ဝယ္ေရးဝန္ႀကီးဌာနက စက္တင္ဘာလ ၅ ရက္တြင္ ထုတ္ျပန္လာျခင္းျဖစ္သည္။

အြန္လိုင္းေရွာ့ပင္း အပါအဝင္ ကုန္စည္ထုတ္လုပ္မႈႏွင့္ေရာင္းခ်မႈ ကြင္းဆက္အားလုံးတြင္ အက်ဳံးဝင္ရန္ သတ္မွတ္ထားေသာစည္းကမ္းခ်က္မ်ားျဖစ္ၿပီး အြန္လိုင္းဝန္ေဆာင္မႈ အသုံးျပဳသူ အားလုံးလိုက္နာရမည္ျဖစ္ေၾကာင္းေဖာ္ျပထားသည္။

E Commerce လုပ္ငန္းမ်ားအတြက္ လမ္းၫႊန္ခ်က္စည္းကမ္းမ်ားကို ထုတ္ျပန္ျခင္းသည္ ဥပေဒတစ္ရပ္အျဖစ္ က်င့္သုံးျပ႒ာန္းႏိုင္ျခင္းမရွိေသးခ်ိန္တြင္ ကနဦးအဆင့္လိုက္နာရမည့္ စည္းကမ္းခ်က္မ်ားျဖစ္ေၾကာင္းသိရသည္။

E Commerce လုပ္ငန္းမ်ားအတြက္ လမ္းၫႊန္ခ်က္စည္းကမ္းမ်ားတြင္ အခ်က္ေပါင္း (၉၉)ခ်က္ပါဝင္ၿပီး ကုန္စည္ႏွင့္ဝန္ေဆာင္မႈမ်ားအတြက္ ဝယ္ယူသူႏွင့္ေရာင္းခ်သူအၾကား အျငင္းပြားမႈျပႆနာမ်ားအေပၚ အေျခခံလိုက္နာရမည့္ စည္းမ်ဥ္းမ်ား ျဖစ္ေၾကာင္းသိရသည္။

အြန္လိုင္းမွတဆင့္ေရာင္းခ်သည့္လုပ္ငန္းမ်ားအတြက္ ေငြေပးေခ်မႈစနစ္မ်ား၊ ေၾကာ္ျငာစည္းကမ္းခ်က္မ်ား၊ မူပိုင္ခြင့္မ်ား၊ လိမ္လည္ေရာင္းခ်မႈ ႏွင့္ လိမ္လည္ဝယ္ယူမႈမ်ား၊ စားသုံးသူအကာအကြယ္ေပးေရးဆိုင္ရာစည္းကမ္းမ်ား အပါ အဝင္ ကုန္သြယ္ေရးနည္းလမ္းမ်ားအားလုံးအတြက္ ယခုကဲ့သို႔ စည္းမ်ဥ္းမ်ားထုတ္ျပန္ျခင္းျဖစ္ေၾကာင္း သိရသည္။

လက္ရွိထုတ္ျပန္သည့္ E Commerce လုပ္ငန္းမ်ားအတြက္ လမ္းၫႊန္ခ်က္စည္းကမ္းမ်ားသည္ ျမန္မာႏိုင္ငံတြင္ပထမဆုံးထုတ္ျပန္ျခင္းျဖစ္ၿပီး မၾကာမီထုတ္ျပန္လာမည့္ အြန္လိုင္းေရွာ့ပင္း မွတ္ပုံတင္လုပ္ငန္းမ်ား လိုက္နာက်င့္သုံးရမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ စည္းကမ္းခ်က္မ်ားကို သင့္ေတာ္သကဲ့သို႔ စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနက ျပင္ဆင္သြားမည္ဟု ေဖၚျပထားသည္။

အြန္လိုင္းေရွာပင္းမ်ားမွ ဝန္ေဆာင္မႈႏွင့္ ထုတ္ကုန္မ်ား ေရာင္းခ်ေနသည့္လုပ္ငန္းရွင္မ်ားအေနျဖင့္ အီလက္ထ႐ြန္းနစ္နည္းလမ္းျဖင့္ ကူးသန္းေရာင္းဝယ္ျခင္းလမ္းၫြန္ (E Commerce Guidelines) ကို စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ ေရးဝန္ႀကီးဌာန၏ တရားဝင္ ဝဘ္ဆိုက္ www.commerce.gov.mm တြင္ေလ့လာဖတ္ရႈႏိုင္ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.