ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ရွှေမန်းသူခရီးသည်တင်ယာဉ်တိမ်းမှောက်ခဲ့ရာ အမျိုးသမီးတစ်ဦး သေဆုံး

1483

သန့်ဇင်(NP News) - စက်တင်ဘာ ၈
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်ရှိ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ရွှေမန်းသူခရီးသည်တင် Express ကားတစ်စီးတိမ်းမှောက်ခဲ့ကြောင်း မြို့ချောင်းအမြန်လမ်းမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ယာဉ်တိမ်းမှောက်မှုသည် ယနေ့(စက်တင်ဘာလ ၈ ရက်)၊ မွန်းလွဲ ၁နာရီ ၅ဝ မိနစ်အချိန်တွင် ကျောက်တံခါးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၉၂)တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ဖြစ်စဉ်ကတော့ မသိဘူးဗျ။ မှောက်တာကတော့ (၉၂)မိုင်မှာမှောက်တာပါ။ ရန်ကုန်ကနေ နေပြည်တော်အတက်မှာ။ ကားပေါ်မှာ ပါလာတဲ့ တစ်ယောက်တော့ သေဆုံးသွားပါတယ်”ဟု မြို့ချောင်းအမြန်လမ်းမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
အဆိုပါယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့သည့် ကားသည် “ရွှေမန်းသူ” ယာဉ်လိုင်းမှ ခရီးသည်တင် Express ကားဖြစ်ပြီး ကားပေါ်တွင် လိုက်ပါလာသည့် ခရီးသည်များအနက် အမျိုးသမီးတစ်ဦးသည် နေရာတွင် ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း သိရသည်။
“ခရီးသည်(၇)ယောက်လောက်လည်းဒဏ်ရာရပါတယ်။ နေရာမှာတင် ဆုံးသွားတာက အမျိုးသမီးတစ်ဦးပါ။ ခုလက်ရှိတော့ အကုန်လုံးကို ဆေးရုံပို့ထားပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
သေဆုံးသူ အမျိုးသမီး နှင့် ထိခိုက်ဒဏ်ရာရှိသူ(၇)ဦးအား ကျောက်တံခါးမြို့နယ်ပြည်သူဆေးရုံသို့ ပိုဆောင်ထားကြောင်း သိရသည်။

Zawgyi Version;
ရန္ကုန္-မႏၲေလးအျမန္လမ္းတြင္ ေ႐ႊမန္းသူခရီးသည္တင္ယာဥ္တိမ္းေမွာက္ခဲ့ရာ အမ်ိဳးသမီးတစ္ဦး ေသဆုံး
သန႔္ဇင္(NP News) - စက္တင္ဘာ ၈
ပဲခူးတိုင္း၊ ေက်ာက္တံခါးၿမိဳ႕နယ္ရွိ ရန္ကုန္-မႏၲေလးအျမန္လမ္းမႀကီးတြင္ ေ႐ႊမန္းသူခရီးသည္တင္ Express ကားတစ္စီးတိမ္းေမွာက္ခဲ့ေၾကာင္း ၿမိဳ႕ေခ်ာင္းအျမန္လမ္းမီးသတ္တပ္ဖြဲ႕ထံမွ သိရသည္။
ယာဥ္တိမ္းေမွာက္မႈသည္ ယေန႔(စက္တင္ဘာလ ၈ ရက္)၊ မြန္းလြဲ ၁နာရီ ၅ဝ မိနစ္အခ်ိန္တြင္ ေက်ာက္တံခါးၿမိဳ႕နယ္၊ ရန္ကုန္-မႏၲေလး အျမန္လမ္း၊ မိုင္တိုင္အမွတ္(၉၂)တြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
“ျဖစ္စဥ္ကေတာ့ မသိဘူးဗ်။ ေမွာက္တာကေတာ့ (၉၂)မိုင္မွာေမွာက္တာပါ။ ရန္ကုန္ကေန ေနျပည္ေတာ္အတက္မွာ။ ကားေပၚမွာ ပါလာတဲ့ တစ္ေယာက္ေတာ့ ေသဆုံးသြားပါတယ္”ဟု ၿမိဳ႕ေခ်ာင္းအျမန္လမ္းမီးသတ္တပ္ဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
အဆိုပါယာဥ္တိမ္းေမွာက္မႈျဖစ္ပြားခဲ့သည့္ ကားသည္ “ေ႐ႊမန္းသူ” ယာဥ္လိုင္းမွ ခရီးသည္တင္ Express ကားျဖစ္ၿပီး ကားေပၚတြင္ လိုက္ပါလာသည့္ ခရီးသည္မ်ားအနက္ အမ်ိဳးသမီးတစ္ဦးသည္ ေနရာတြင္ ပြဲခ်င္းၿပီးေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
“ခရီးသည္(၇)ေယာက္ေလာက္လည္းဒဏ္ရာရပါတယ္။ ေနရာမွာတင္ ဆုံးသြားတာက အမ်ိဳးသမီးတစ္ဦးပါ။ ခုလက္ရွိေတာ့ အကုန္လုံးကို ေဆး႐ုံပို႔ထားပါတယ္” ဟု ၎က ဆက္လက္ေျပာသည္။
ေသဆုံးသူ အမ်ိဳးသမီး ႏွင့္ ထိခိုက္ဒဏ္ရာရွိသူ(၇)ဦးအား ေက်ာက္တံခါးၿမိဳ႕နယ္ျပည္သူေဆး႐ုံသို႔ ပိုေဆာင္ထားေၾကာင္း သိရသည္။