ဆေးဘက်ဆိုင်ရာ ဗဟုသုတရှိသော အမျိုးသမီးများ စစ်မှုထမ်းရန်အတွက် စာရင်းပေးသွင်းရမည်ဟု ယူကရိန်းအစိုးရထုတ်ပြန်ကြေညာ

 637

Pika(NP News) - စက်တင်ဘာ ၉

ယူကရိန်းတွင်ရှိသည့် ဆေးဘက်ဆိုင်ရာ ဗဟုသုတရှိသော အမျိုးသမီးများသည် လာမည့်လမှစတင်ကာ စစ်မှုထမ်းရန်အတွက် စာရင်းပေးသွင်းရန် တာဝန်ရှိကြောင်း ယူကရိန်းသမ္မတဇီလန်စကီး၏ လွှတ်တော်ကိုယ်စားလှယ် Fyodor Venislavsky က ထုတ်ပြန်ကြေညာခဲ့သည်။

စစ်မှုထမ်းရန်အတွက် အရည်အချင်းပြည့်မီသော အမျိုးသမီးများသည် စာရင်းပေးသွင်းပြီးပါက နိုင်ငံရပ်ခြားသို့ခရီးသွားခွင့် ပိတ်ပင်ခံရမည်ဖြစ်ကြောင်း ၎င်းကမှတ်ချက်ပြုပြောဆိုခဲ့သည်။ ယူကရိန်းလွှတ်တော်သည် နိုင်ငံတွင်းရှိ အမျိုးသမီးများကို စစ်မှုထမ်းခွင့်ပြုမည့် စစ်သားစုဆောင်းရေးဥပဒေကို ပြီးခဲ့သည့်နှစ်တွင် ပြန်လည်ပြင်ဆင်ခဲ့ပြီးနောက် ယခုကဲ့သို့ ဆုံးဖြတ်ချက်များထွက်ပေါ်လာခြင်းဖြစ်ကြောင်း Fyodor Venislavsky က မှတ်ချက်ပြုပြောဆိုခဲ့သည်။

၎င်းက"အမျိုးသမီးတွေဟာ စစ်မှုထမ်းဖို့ စာရင်းပေးသွင်းပြီးပြီဆိုတာနဲ့ ခရီးသွားခွင့်တွေကိုလည်း ကန့်သတ်ပိတ်ပင်ခံရမှာပါ။ ယာယီခရီးထွက်ခွင့်ပေးတဲ့ စာရွက်စာတမ်းတွေရှိမယ်ဆိုရင်တော့ သူတို့ကို ခရီးထွက်ခွင့်ပေးသွားမှာပါ။ အဲဒီလို စာရွက်စာတမ်းတွေမရှိဘူးဆိုရင်တော့ သူတို့တွေကို အမျိုးသားတွေလိုပဲ ခရီးသွားလာခွင့် တားမြစ်ပိတ်ပင်သွားမှာပါ"ဟု ပြောဆိုခဲ့သည်။

စစ်ဘက်ဆိုင်ရာ အသိပညာများရှိသော အမျိုးသမီးများသည် လာမည့်လမှစတင်ပြီး စစ်မှုထမ်းရန်အတွက် စာရင်းပေးသွင်းရန်လိုအပ်ကြောင်း ၎င်းကထပ်မံပြောဆိုခဲ့သည်။ ၂၀၂၂ ခုနှစ်တွင် ယူကရိန်းလွှတ်တော်က ပြင်ဆင်ခဲ့သော စစ်သားစုဆောင်းရေးဥပဒေတွင် ရှေ့နေများ၊ ပရိုဂရမ်မာများ၊ ဂီတပညာရှင်များ၊ လူမှုရေးလုပ်ငန်း လုပ်ကိုင်သူများ၊ စာရင်းကိုင်များ၊ ဂျာနယ်လစ်များ၊ ဗီဒီယိုရိုက်ကူးသူများ၊ သိပ္ပံပညာရှင်များ၊ တိရစ္ဆာန်ဆေးကုဆရာဝန်များနှင့် မန်နေ ဂျာများ အဖြစ်လုပ်ကိုင်နေသည့် အမျိုးသမီးများသည်လည်း ဆန္ဒအလျောက် စစ်မှုထမ်းရန်အတွက် စာရင်းပေးသွင်းနိုင်ကြောင်း ဖော်ပြထားသည်။

zawgyi version
ေဆးဘက္ဆိုင္ရာ ဗဟုသုတရွိေသာ အမ်ိဳးသမီးမ်ား စစ္မႈထမ္းရန္အတြက္ စာရင္းေပးသြင္းရမည္ဟု ယူကရိန္းအစိုးရထုတ္ျပန္ေၾကညာ
Pika(NP News) - စက္တင္ဘာ ၉

ယူကရိန္းတြင္ရွိသည့္ ေဆးဘက္ဆိုင္ရာ ဗဟုသုတရွိေသာ အမ်ိဳးသမီးမ်ားသည္ လာမည့္လမွစတင္ကာ စစ္မႈထမ္းရန္အတြက္ စာရင္းေပးသြင္းရန္ တာဝန္ရွိေၾကာင္း ယူကရိန္းသမၼတဇီလန္စကီး၏ လႊတ္ေတာ္ကိုယ္စားလွယ္ Fyodor Venislavsky က ထုတ္ျပန္ေၾကညာခဲ့သည္။

စစ္မႈထမ္းရန္အတြက္ အရည္အခ်င္းျပည့္မီေသာ အမ်ိဳးသမီးမ်ားသည္ စာရင္းေပးသြင္းၿပီးပါက ႏိုင္ငံရပ္ျခားသို႔ခရီးသြားခြင့္ ပိတ္ပင္ခံရမည္ျဖစ္ေၾကာင္း ၎ကမွတ္ခ်က္ျပဳေျပာဆိုခဲ့သည္။ ယူကရိန္းလႊတ္ေတာ္သည္ ႏိုင္ငံတြင္းရွိ အမ်ိဳးသမီးမ်ားကို စစ္မႈထမ္းခြင့္ျပဳမည့္ စစ္သားစုေဆာင္းေရးဥပေဒကို ၿပီးခဲ့သည့္ႏွစ္တြင္ ျပန္လည္ျပင္ဆင္ခဲ့ၿပီးေနာက္ ယခုကဲ့သို႔ ဆုံးျဖတ္ခ်က္မ်ားထြက္ေပၚလာျခင္းျဖစ္ေၾကာင္း Fyodor Venislavsky က မွတ္ခ်က္ျပဳေျပာဆိုခဲ့သည္။

၎က"အမ်ိဳးသမီးေတြဟာ စစ္မႈထမ္းဖို႔ စာရင္းေပးသြင္းၿပီးၿပီဆိုတာနဲ႔ ခရီးသြားခြင့္ေတြကိုလည္း ကန႔္သတ္ပိတ္ပင္ခံရမွာပါ။ ယာယီခရီးထြက္ခြင့္ေပးတဲ့ စာ႐ြက္စာတမ္းေတြရွိမယ္ဆိုရင္ေတာ့ သူတို႔ကို ခရီးထြက္ခြင့္ေပးသြားမွာပါ။ အဲဒီလို စာ႐ြက္စာတမ္းေတြမရွိဘူးဆိုရင္ေတာ့ သူတို႔ေတြကို အမ်ိဳးသားေတြလိုပဲ ခရီးသြားလာခြင့္ တားျမစ္ပိတ္ပင္သြားမွာပါ"ဟု ေျပာဆိုခဲ့သည္။

စစ္ဘက္ဆိုင္ရာ အသိပညာမ်ားရွိေသာ အမ်ိဳးသမီးမ်ားသည္ လာမည့္လမွစတင္ၿပီး စစ္မႈထမ္းရန္အတြက္ စာရင္းေပးသြင္းရန္လိုအပ္ေၾကာင္း ၎ကထပ္မံေျပာဆိုခဲ့သည္။ ၂၀၂၂ ခုႏွစ္တြင္ ယူကရိန္းလႊတ္ေတာ္က ျပင္ဆင္ခဲ့ေသာ စစ္သားစုေဆာင္းေရးဥပေဒတြင္ ေရွ႕ေနမ်ား၊ ပ႐ိုဂရမ္မာမ်ား၊ ဂီတပညာရွင္မ်ား၊ လူမႈေရးလုပ္ငန္း လုပ္ကိုင္သူမ်ား၊ စာရင္းကိုင္မ်ား၊ ဂ်ာနယ္လစ္မ်ား၊ ဗီဒီယို႐ိုက္ကူးသူမ်ား၊ သိပၸံပညာရွင္မ်ား၊ တိရစာၦန္ေဆးကုဆရာဝန္မ်ားႏွင့္ မန္ေန ဂ်ာမ်ား အျဖစ္လုပ္ကိုင္ေနသည့္ အမ်ိဳးသမီးမ်ားသည္လည္း ဆႏၵအေလ်ာက္ စစ္မႈထမ္းရန္အတြက္ စာရင္းေပးသြင္းႏိုင္ေၾကာင္း ေဖာ္ျပထားသည္။

Related news

© 2021. All rights reserved.