ဒေါ်မို့မို့အောင်ဦးဆောင်သည့် မြန်မာနိုင်ငံအိမ်‌ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို)က ဥက္ကဋ္ဌသက်တမ်းကို ပြန်လည် ပြင်ဆင်သတ်မှတ်

 3138

ယွန်း (NP News) - စက်တင်ဘာ ၁၂

ဒေါ်မို့မို့အောင်ဦးဆောင်သည့် မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို)က ဥက္ကဋ္ဌသက်တမ်းကို (၃)နှစ် နှစ်ကြိမ်သာ တာဝန်ထမ်းဆောင်ရန် ပြင်ဆင်သတ်မှတ်လိုက်ကြောင်း သိရသည်။

ဒေါ်မို့မို့အောင် ဦးဆောင်သော မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို)၏ နှစ်ပတ်လည်အထွေထွေအစည်း အဝေးကို ယနေ့(စက်တင်ဘာလ ၁၂ ရက်)တွင် ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်ရှိ Asia Plaza Hotel တွင် ကျင်းပခဲ့သည်။

မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို)၏ အသင်းဖွဲ့စည်းပုံအခြေခံစည်းမျဥ်း အပိုဒ်(၃၅)အရ ဗဟိုအလုပ် အမှုဆောင်ကော်မတီနှင့် အလုပ်အမှုဆောင်ကော်မတီတို့၏ သက်တမ်းသည်(၃)နှစ်ဖြစ်သည်ဟု ပြဋ္ဌာန်းထားပြီး အပိုဒ်(၃၆)တွင်လည်း အသင်းဥက္ကဋ္ဌ၏ သက်တမ်းသည် တစ်ဆက်တည်း(၂)ကြိမ် (စုစုပေါင်း ၆ နှစ်)အထိသာ ရွေး ကောက်တင်မြှောက်ပိုင်ခွင့်ရှိကြောင်း အသင်း၏သင်းဖွဲ့စည်းမျဥ်းတွင် ဖော်ပြထားသည်။

အိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို)၏ ၂၀၂၃- ၂၀၂၆ အတွက် ဥက္ကဋ္ဌအပါအဝင် အလုပ်အမှုဆောင်ကိုယ်စားလှယ်သစ်များရွေးကောက်ပွဲကို ပြီးခဲ့သည့် သြဂုတ်လအတွင်း ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ရွေးကောက်ပွဲရလဒ်များအရ လက်ရှိတွင် မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို)၏ ဥက္ကဋ္ဌ တာဝန်ကို ဒေါ်မို့မို့အောင်မှတာဝန်ယူထားပြီး ၎င်းအနေဖြင့် ဥက္ကဋ္ဌသက်တမ်းကို သုံးနှစ် နှစ်ကြိမ်ဖြင့် စုစုပေါင်း(၆)နှစ် ထမ်းဆောင်ပြီးပါက နာယကနေရာကို ပြောင်းလဲရယူသွားမည်ဖြစ်ကြောင်း သိရသည်။

"သင်းဖွဲ့စည်းမျဥ်းတိုင်းမှာပါတာက ဥက္ကဋ္ဌသည် (၃)နှစ် နှစ်ကြိမ်လုပ်ပြီးသွားရင် တစ်ကြိမ်နားရမယ်။ အခုကဘာဖြစ်လဲဆိုတော့ ဒီကိစ္စတွေက ပြဿနာများစွာဖြစ်လာတယ်။ အဲဒီလိုတွေဖြစ်လာတော့ ရှေ့ကလုပ်တဲ့သူတွေကလည်း မဖယ်ချင်တာတွေရှိလာတော့ တစ်နိုင်ငံလုံးအတွက်လည်း အဆင်မပြေဘူး။ အဲဒီတော့ အခုလက်ထက်မှာ (၃)နှစ် နှစ်ကြိမ်လုပ်ပြီးရင် တစ်ခါထဲ နာယကနေရာကို သွားတော့မယ်ဆိုတဲ့ သင်းဖွဲ့စည်းမျဥ်းကို အဓိကထားပြီးပြင်လိုက်တာပေါ့။ ကျန်တာကတော့ ခေတ်နဲ့လျော်ညီစွာ လိုအပ်ချက်တွေကို ပြင်ဆင်မှာဖြစ်ပါတယ်"ဟု ဥက္ကဋ္ဌ ဒေါ်မို့မို့အောင်က ပြောသည်။

ယနေ့ ကျင်းပခဲ့သည့် အစည်းအဝေး၌ ပြည်နယ်နှင့် တိုင်းအသီးသီးမှ အသင်းဥက္ကဋ္ဌများ အပါအဝင် အသင်းသားအဖွဲ့ဝင်များ စုစုပေါင်း (၁၀၀၀)ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်းနှင့်ပတ်သက်၍ ဥက္ကဋ္ဌဒေါ်မို့မို့အောင် ဦးဆောင်သော အသင်းနှင့် ဥက္ကဋ္ဌ ဦးခင်မောင်သန်းဦးဆောင်သော အသင်းဟူ၍ နှစ်ဖွဲ့ကွဲလျက်ရှိကြောင်း တွေ့ရှိရသည်။

ဥက္ကဋ္ဌ ဦးခင်မောင်သန်းဦးဆောင်သည့် မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်းသည် ပြီးခဲ့‌သည့် ဇူလိုင်လ(၉)ရက်၌ ရန်ကုန်မြို့ရှိ Sky Star Hotel တွင် နှစ်ပတ်လည်အစည်းအဝေးတစ်ရပ် ကျင်းပခဲ့သည်။

ဥက္ကဋ္ဌ ဦးခင်မောင်သန်းသည် မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း၌ (၁၁)နှစ်ကြာ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံအိမ်ခြံမြေ ဝန်ဆောင်မှုအသင်းအား ၂ဝ၁၂ ခုနှစ်၊ ဇွန်လ(၂၈)ရက်တွင် အသင်းလုပ်ငန်းလုပ်ကိုင်ခွင့်ရှိသည့် လိုင်စင်နှင့်အတူ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင် ဖွဲ့စည်းမှတ်ပုံတင်ခဲ့ခြင်းဖြစ်သည်။

zawgyi version
ေဒၚမို႔မို႔ေအာင္ဦးေဆာင္သည့္ ျမန္မာႏိုင္ငံအိမ္‌ၿခံေျမဝန္ေဆာင္မႈအသင္း(ဗဟို)က ဥကၠ႒သက္တမ္းကို ျပန္လည္ ျပင္ဆင္သတ္မွတ္
ယြန္း (NP News) - စက္တင္ဘာ ၁၂

ေဒၚမို႔မို႔ေအာင္ဦးေဆာင္သည့္ ျမန္မာႏိုင္ငံအိမ္ၿခံေျမဝန္ေဆာင္မႈအသင္း(ဗဟို)က ဥကၠ႒သက္တမ္းကို (၃)ႏွစ္ ႏွစ္ႀကိမ္သာ တာဝန္ထမ္းေဆာင္ရန္ ျပင္ဆင္သတ္မွတ္လိုက္ေၾကာင္း သိရသည္။

ေဒၚမို႔မို႔ေအာင္ ဦးေဆာင္ေသာ ျမန္မာႏိုင္ငံအိမ္ၿခံေျမဝန္ေဆာင္မႈအသင္း(ဗဟို)၏ ႏွစ္ပတ္လည္အေထြေထြအစည္း အေဝးကို ယေန႔(စက္တင္ဘာလ ၁၂ ရက္)တြင္ ရန္ကုန္ၿမိဳ႕၊ ေက်ာက္တံတားၿမိဳ႕နယ္ရွိ Asia Plaza Hotel တြင္ က်င္းပခဲ့သည္။

ျမန္မာႏိုင္ငံအိမ္ၿခံေျမဝန္ေဆာင္မႈအသင္း(ဗဟို)၏ အသင္းဖြဲ႕စည္းပုံအေျခခံစည္းမ်ဥ္း အပိုဒ္(၃၅)အရ ဗဟိုအလုပ္ အမႈေဆာင္ေကာ္မတီႏွင့္ အလုပ္အမႈေဆာင္ေကာ္မတီတို႔၏ သက္တမ္းသည္(၃)ႏွစ္ျဖစ္သည္ဟု ျပ႒ာန္းထားၿပီး အပိုဒ္(၃၆)တြင္လည္း အသင္းဥကၠ႒၏ သက္တမ္းသည္ တစ္ဆက္တည္း(၂)ႀကိမ္ (စုစုေပါင္း ၆ ႏွစ္)အထိသာ ေ႐ြး ေကာက္တင္ေျမႇာက္ပိုင္ခြင့္ရွိေၾကာင္း အသင္း၏သင္းဖြဲ႕စည္းမ်ဥ္းတြင္ ေဖာ္ျပထားသည္။

အိမ္ၿခံေျမဝန္ေဆာင္မႈအသင္း(ဗဟို)၏ ၂၀၂၃- ၂၀၂၆ အတြက္ ဥကၠ႒အပါအဝင္ အလုပ္အမႈေဆာင္ကိုယ္စားလွယ္သစ္မ်ားေ႐ြးေကာက္ပြဲကို ၿပီးခဲ့သည့္ ၾသဂုတ္လအတြင္း က်င္းပခဲ့ေၾကာင္း သိရသည္။

အဆိုပါ ေ႐ြးေကာက္ပြဲရလဒ္မ်ားအရ လက္ရွိတြင္ ျမန္မာႏိုင္ငံအိမ္ၿခံေျမဝန္ေဆာင္မႈအသင္း(ဗဟို)၏ ဥကၠ႒ တာဝန္ကို ေဒၚမို႔မို႔ေအာင္မွတာဝန္ယူထားၿပီး ၎အေနျဖင့္ ဥကၠ႒သက္တမ္းကို သုံးႏွစ္ ႏွစ္ႀကိမ္ျဖင့္ စုစုေပါင္း(၆)ႏွစ္ ထမ္းေဆာင္ၿပီးပါက နာယကေနရာကို ေျပာင္းလဲရယူသြားမည္ျဖစ္ေၾကာင္း သိရသည္။

"သင္းဖြဲ႕စည္းမ်ဥ္းတိုင္းမွာပါတာက ဥကၠ႒သည္ (၃)ႏွစ္ ႏွစ္ႀကိမ္လုပ္ၿပီးသြားရင္ တစ္ႀကိမ္နားရမယ္။ အခုကဘာျဖစ္လဲဆိုေတာ့ ဒီကိစၥေတြက ျပႆနာမ်ားစြာျဖစ္လာတယ္။ အဲဒီလိုေတြျဖစ္လာေတာ့ ေရွ႕ကလုပ္တဲ့သူေတြကလည္း မဖယ္ခ်င္တာေတြရွိလာေတာ့ တစ္ႏိုင္ငံလုံးအတြက္လည္း အဆင္မေျပဘူး။ အဲဒီေတာ့ အခုလက္ထက္မွာ (၃)ႏွစ္ ႏွစ္ႀကိမ္လုပ္ၿပီးရင္ တစ္ခါထဲ နာယကေနရာကို သြားေတာ့မယ္ဆိုတဲ့ သင္းဖြဲ႕စည္းမ်ဥ္းကို အဓိကထားၿပီးျပင္လိုက္တာေပါ့။ က်န္တာကေတာ့ ေခတ္နဲ႔ေလ်ာ္ညီစြာ လိုအပ္ခ်က္ေတြကို ျပင္ဆင္မွာျဖစ္ပါတယ္"ဟု ဥကၠ႒ ေဒၚမို႔မို႔ေအာင္က ေျပာသည္။

ယေန႔ က်င္းပခဲ့သည့္ အစည္းအေဝး၌ ျပည္နယ္ႏွင့္ တိုင္းအသီးသီးမွ အသင္းဥကၠ႒မ်ား အပါအဝင္ အသင္းသားအဖြဲ႕ဝင္မ်ား စုစုေပါင္း (၁၀၀၀)ေက်ာ္ တက္ေရာက္ခဲ့ေၾကာင္း သိရသည္။

လက္ရွိတြင္ ျမန္မာႏိုင္ငံအိမ္ၿခံေျမဝန္ေဆာင္မႈအသင္းႏွင့္ပတ္သက္၍ ဥကၠ႒ေဒၚမို႔မို႔ေအာင္ ဦးေဆာင္ေသာ အသင္းႏွင့္ ဥကၠ႒ ဦးခင္ေမာင္သန္းဦးေဆာင္ေသာ အသင္းဟူ၍ ႏွစ္ဖြဲ႕ကြဲလ်က္ရွိေၾကာင္း ေတြ႕ရွိရသည္။

ဥကၠ႒ ဦးခင္ေမာင္သန္းဦးေဆာင္သည့္ ျမန္မာႏိုင္ငံအိမ္ၿခံေျမဝန္ေဆာင္မႈအသင္းသည္ ၿပီးခဲ့‌သည့္ ဇူလိုင္လ(၉)ရက္၌ ရန္ကုန္ၿမိဳ႕ရွိ Sky Star Hotel တြင္ ႏွစ္ပတ္လည္အစည္းအေဝးတစ္ရပ္ က်င္းပခဲ့သည္။

ဥကၠ႒ ဦးခင္ေမာင္သန္းသည္ ျမန္မာႏိုင္ငံအိမ္ၿခံေျမဝန္ေဆာင္မႈအသင္း၌ (၁၁)ႏွစ္ၾကာ ဥကၠ႒အျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံအိမ္ၿခံေျမ ဝန္ေဆာင္မႈအသင္းအား ၂ဝ၁၂ ခုႏွစ္၊ ဇြန္လ(၂၈)ရက္တြင္ အသင္းလုပ္ငန္းလုပ္ကိုင္ခြင့္ရွိသည့္ လိုင္စင္ႏွင့္အတူ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ကုမၸဏီမ်ားၫႊန္ၾကားမႈဦးစီးဌာနတြင္ ဖြဲ႕စည္းမွတ္ပုံတင္ခဲ့ျခင္းျဖစ္သည္။

Related news

© 2021. All rights reserved.