အာရှဖလား ယူ-၂၃ ပြိုင်ပွဲတွင် ခြေစစ်ပွဲမအောင်မြင်ခဲ့သည့် မြန်မာ့လက်ရွေးစင်ယူ-၂၃ အသင်း

 925

သန့်ဇင် (NP News) - စက်တင်ဘာ ၁၃

မြန်မာအသင်းက တောင်ကိုရီးယားအသင်းကို ၃ ဂိုး၊ ဂိုးမရှိ နှင့် ရှုံးနိမ့်ကာ အာရှဖလားခြေစစ်ပွဲ မအောင်မြင်ခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သိရသည်။

အဆိုပါပြိုင်ပွဲကို ယမန်နေ့ စက်တင်ဘာ ၁၂ ရက်၊ ညနေ ၅ နာရီ ၃ဝ မိနစ်အချိန်တွင် တောင်ကိုရီးယားနိုင်ငံ Changwon Football Canter Stadium တွင် အိမ်ရှင်တောင်ကိုရီးယားအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်သည်။

အဆိုပါ အာရှဖလားယူ-၂၃ ခြေစစ်ပွဲ အုပ်စု(ခ)၏ နောက်ဆုံးပွဲစဉ်တွင် မြန်မာယူ-၂၃ အသင်းက အိမ်ရှင်တောင်ကိုရီးယား ယူ-၂၃ အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ တောင်ကိုရီးယား အသင်းမှ ပွဲကစားချိန် ၅ မိနစ်၊ ၈၅ မိနစ် နှင့် ၉၁ မိနစ်တို့တွင် အနိုင်ဂိုးများသွင်းယူခဲ့ပြီး ၃ ဂိုး၊ ဂိုးမရှိ ဆိုသော ရလဒ်ဖြင့် မြန်မာအသင်းက ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

မြန်မာယူ-၂၃ အသင်းအနေဖြင့် အုပ်စု(ခ)တွင် တောင်ကိုရီးယား၊ ကာတာ၊ ကာဂျစ္စတန်အသင်းတို့နှင့်အတူ တစ်အုပ်စုတည်းကျရောက်ခဲ့ပြီး ၂ ပွဲကစား တစ်ပွဲသရေ၊ တစ်ပွဲရှုံးဆိုသောရလဒ်ဖြင့် အမှတ်တစ်မှတ်သာရရှိခဲ့ပြီး ခြေစစ်ပွဲ မအောင်မြင်ခဲ့ခြင်းဖြစ်သည်။

အာရှယူ-၂၃ ပြိုင်ပွဲကို ၂ဝ၁၄ ခုနှစ်က စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ၂ဝ၁၄ ခုနှစ် တစ်ကြိမ်သာခြေစစ်ပွဲအောင်မြင်ထားပြီး ကျန်(၅)နှစ်ဆက် ခြေစစ်ပွဲအောင်မြင်မှုပျောက်ဆုံးနေခဲ့ခြင်းဖြစ်သည်။

Zawgyi Version;
အာရွဖလား ယူ-၂၃ ၿပိဳင္ပြဲတြင္ ေျခစစ္ပြဲမေအာင္ျမင္ခဲ့သည့္ ျမန္မာ့လက္ေ႐ြးစင္ယူ-၂၃ အသင္း
သန႔္ဇင္ (NP News) - စက္တင္ဘာ ၁၃

ျမန္မာအသင္းက ေတာင္ကိုရီးယားအသင္းကို ၃ ဂိုး၊ ဂိုးမရွိ ႏွင့္ ရႈံးနိမ့္ကာ အာရွဖလားေျခစစ္ပြဲ မေအာင္ျမင္ခဲ့ေၾကာင္း ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္မွ သိရသည္။

အဆိုပါၿပိဳင္ပြဲကို ယမန္ေန႔ စက္တင္ဘာ ၁၂ ရက္၊ ညေန ၅ နာရီ ၃ဝ မိနစ္အခ်ိန္တြင္ ေတာင္ကိုရီးယားႏိုင္ငံ Changwon Football Canter Stadium တြင္ အိမ္ရွင္ေတာင္ကိုရီးယားအသင္းႏွင့္ ယွဥ္ၿပိဳင္ကစားခဲ့ျခင္းျဖစ္သည္။

အဆိုပါ အာရွဖလားယူ-၂၃ ေျခစစ္ပြဲ အုပ္စု(ခ)၏ ေနာက္ဆုံးပြဲစဥ္တြင္ ျမန္မာယူ-၂၃ အသင္းက အိမ္ရွင္ေတာင္ကိုရီးယား ယူ-၂၃ အသင္းတို႔ ယွဥ္ၿပိဳင္ကစားခဲ့ရာ ေတာင္ကိုရီးယား အသင္းမွ ပြဲကစားခ်ိန္ ၅ မိနစ္၊ ၈၅ မိနစ္ ႏွင့္ ၉၁ မိနစ္တို႔တြင္ အႏိုင္ဂိုးမ်ားသြင္းယူခဲ့ၿပီး ၃ ဂိုး၊ ဂိုးမရွိ ဆိုေသာ ရလဒ္ျဖင့္ ျမန္မာအသင္းက ရႈံးနိမ့္ခဲ့ျခင္းျဖစ္သည္။

ျမန္မာယူ-၂၃ အသင္းအေနျဖင့္ အုပ္စု(ခ)တြင္ ေတာင္ကိုရီးယား၊ ကာတာ၊ ကာဂ်စၥတန္အသင္းတို႔ႏွင့္အတူ တစ္အုပ္စုတည္းက်ေရာက္ခဲ့ၿပီး ၂ ပြဲကစား တစ္ပြဲသေရ၊ တစ္ပြဲရႈံးဆိုေသာရလဒ္ျဖင့္ အမွတ္တစ္မွတ္သာရရွိခဲ့ၿပီး ေျခစစ္ပြဲ မေအာင္ျမင္ခဲ့ျခင္းျဖစ္သည္။

အာရွယူ-၂၃ ၿပိဳင္ပြဲကို ၂ဝ၁၄ ခုႏွစ္က စတင္က်င္းပခဲ့ျခင္းျဖစ္ၿပီး ၂ဝ၁၄ ခုႏွစ္ တစ္ႀကိမ္သာေျခစစ္ပြဲေအာင္ျမင္ထားၿပီး က်န္(၅)ႏွစ္ဆက္ ေျခစစ္ပြဲေအာင္ျမင္မႈေပ်ာက္ဆုံးေနခဲ့ျခင္းျဖစ္သည္။

Related news

© 2021. All rights reserved.