ရုရှားနိုင်ငံသို့ ကင်ဂျုံအန်းရောက်ရှိနေချိန်တွင် မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်နှစ်စင်း စမ်းသပ် ပစ်လွှတ်

 2749

Pika (NP News) - စက်တင်ဘာ ၁၃

မြောက်ကိုရီးယားနိုင်ငံသည် စက်တင်ဘာလ(၁၃)ရက်တွင် တာတိုပစ်ပဲ့ထိန်းဒုံးကျည်နှစ်စင်းကို ၎င်း၏ နိုင်ငံအရှေ့ဖက် ပင်လယ်ထဲသို့ ပစ်လွှတ်ခဲ့ကြောင်း ဂျပန် နှင့် တောာင်ကိုရီးယားနိုင်ငံ က ပြောကြားခဲ့သည်။

မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းသည် ရုရှားသမ္မတပူတင်နှင့်တွေ့ဆုံရန်အတွက် ရုရှားနိုင်ငံသို့ သွားရောက်လည်ပတ်နေသည့်အချိန်တွင် အဆိုပါဒုံးကျည်စမ်းသပ်မှုထွက်ပေါ်လာခြင်းဖြစ်သည်။ ထို့အပြင် ပူတင် နှင့် ကင်ဂျုံအန်းတို့သည် တွေ့ဆုံစဉ်အချိန်အတွင်း ယူကရိန်းစစ်ပွဲနှင့်ပတ်သက်ပြီး ရုရှား၏ ကြိုးပမ်းအားထုတ်မှု များကို ပိုမိုအရှိန်မြှင့်တင်ပေးနိုင်မည့် လက်နက်သဘောတူညီချက်များ ဆွေးနွေးမည်ကို နိုင်ငံတကာက စိုးရိမ်နေ ကြောင်းလည်း သိရသည်။

အဆိုပါဒုံးကျည်စမ်းသပ်မှုသည် ကင်ဂျုံအန်း ပြည်ပတွင်ရှိနေစဉ်အချိန်အတွင်း မြောက်ကိုရီးယား၏ ပထမဆုံး အကြိမ်ပစ်လွှတ်မှုဖြစ်နိုင်ကြောင်း လေ့လာသုံးသပ်သူများက ပြောကြားခဲ့သည်။ ပြုံယမ်း၏ အပြည်ပြည်ဆိုင်ရာ လေဆိပ်နေရာမှ ပစ်လွှတ်လိုက်သောပဲ့ထိန်းဒုံးကျည်များကို ပစ်လွှတ်ပြီးနောက် (၁ဝ)မိနစ်အကြာတွင် တွေ့ရှိခဲ့ ခြင်းဖြစ်ကြောင်း တောင်ကိုရီးယားပူးတွဲစစ်ဦးစီးချုပ်များရုံးက ပြောကြားခဲ့သည်။

အဆိုပါပဲ့ထိန်းဒုံးကျည်များသည် မြောက်ကိုရီးယားနိုင်ငံ အရှေ့ဖက်ပင်လယ်ပြင်ဆီသို့ ဦးတည်ပျံသန်းသွားခဲ့ခြင်း ဖြစ်ကြောင်း တောင်ကိုရီးယားပူးတွဲစစ်ဦးစီးချုပ်များရုံးက ပြောကြားခဲ့သည်။ သို့သော်လည်း အဆိုပါပဲ့ထိန်းဒုံးကျည် များ ဘယ်လောက်အကွာအဝေးအထိ ပျံသန်းသွားသည်ဆိုသည့်အချက်ကို လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်း မသိရှိရသေးကြောင်း သိရသည်၊၊

မြောက်ကိုရီးယားက ပစ်လွှတ်လိုက်သော ပဲ့ထိန်းဒုံးကျည်များသည် ပင်လယ်ထဲသို့ ကျရောက်သွားခဲ့ပုံပေါ်ပြီး အဆိုပါအရာဝတ္ထုများကို သတိထားကြရန် နှင့် ထိတွေ့ခြင်းမျိုး မလုပ်ဆောင်ရန် ဂျပန်ကမ်းရိုးတန်းအနီးတစ်ဝိုက်ရှိ သင်္ဘောများကို တိုက်တွန်းထားကြောင်း ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့ က ပြောကြားခဲ့သည်။

ရုရှား နှင့် ယူကရိန်းစစ်ပွဲဖြစ်ပွားပြီးနောက်ပိုင်း ကင်ဂျုံအန်းသည် မြောက်ကိုရီးယားနိုင်ငံ၏ လက်နက်များကို ဖွံ့ဖြိုး တိုးတက်အောင်လုပ်ဆောင်ရန် ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအဖြစ် ၂ဝ၂၂ ခုနှစ် အစပိုင်းကတည်းက ဒုံးကျည်အစင်း (၁ဝဝ)ကျော် စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း သိရသည်။

ကင်ဂျုံအန်းနှင့်တွေ့ဆုံစဉ်အချိန်အတွင်း ရုရှားသမ္မတပူတင်သည် ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်ရန်အတွက် လက်နက်သိုလှောင်မှုများကို ပြန်လည်ဖြည့်တင်းရန် မြောက်ကိုရီးယားထံမှ အမြောက်များ နှင့် ခဲယမ်းမီးကျည်များကို တောင်းဆိုနိုင်ဖွယ်ရှိကြောင်း အမေရိကန်တာဝန်ရှိသူများက ဝေဖန်ခဲ့သည်။ ထို့အပြင် ကင်ဂျုံအန်းသည် ၎င်း၏နျူကလီးယားလက်နက်နှင့် ဒုံးကျည်အစီအစဉ်များကို ပိုမို ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လိုအပ်သော စီးပွားရေးအကူအညီများ နှင့် ခေတ်မီသော လက်နက်နည်းပညာများကို ရုရှားထံမှ တောင်းဆိုနိုင်ကြောင်း လေ့လာသုံးသပ်သူများက ပြောကြားခဲ့သည်။

Zawgyi Version;
႐ုရွားႏိုင္ငံသို႔ ကင္ဂ်ဳံအန္းေရာက္ရွိေနခ်ိန္တြင္ ေျမာက္ကိုရီးယားက တာတိုပစ္ပဲ့ထိန္းဒုံးက်ည္ႏွစ္စင္း စမ္းသပ္ ပစ္လႊတ္
Pika (NP News) - စက္တင္ဘာ ၁၃

ေျမာက္ကိုရီးယားႏိုင္ငံသည္ စက္တင္ဘာလ(၁၃)ရက္တြင္ တာတိုပစ္ပဲ့ထိန္းဒုံးက်ည္ႏွစ္စင္းကို ၎၏ ႏိုင္ငံအေရွ႕ဖက္ ပင္လယ္ထဲသို႔ ပစ္လႊတ္ခဲ့ေၾကာင္း ဂ်ပန္ ႏွင့္ ေတာာင္ကိုရီးယားႏိုင္ငံ က ေျပာၾကားခဲ့သည္။

ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ဳံအန္းသည္ ႐ုရွားသမၼတပူတင္ႏွင့္ေတြ႕ဆုံရန္အတြက္ ႐ုရွားႏိုင္ငံသို႔ သြားေရာက္လည္ပတ္ေနသည့္အခ်ိန္တြင္ အဆိုပါဒုံးက်ည္စမ္းသပ္မႈထြက္ေပၚလာျခင္းျဖစ္သည္။ ထို႔အျပင္ ပူတင္ ႏွင့္ ကင္ဂ်ဳံအန္းတို႔သည္ ေတြ႕ဆုံစဥ္အခ်ိန္အတြင္း ယူကရိန္းစစ္ပြဲႏွင့္ပတ္သက္ၿပီး ႐ုရွား၏ ႀကိဳးပမ္းအားထုတ္မႈ မ်ားကို ပိုမိုအရွိန္ျမႇင့္တင္ေပးႏိုင္မည့္ လက္နက္သေဘာတူညီခ်က္မ်ား ေဆြးေႏြးမည္ကို ႏိုင္ငံတကာက စိုးရိမ္ေန ေၾကာင္းလည္း သိရသည္။

အဆိုပါဒုံးက်ည္စမ္းသပ္မႈသည္ ကင္ဂ်ဳံအန္း ျပည္ပတြင္ရွိေနစဥ္အခ်ိန္အတြင္း ေျမာက္ကိုရီးယား၏ ပထမဆုံး အႀကိမ္ပစ္လႊတ္မႈျဖစ္ႏိုင္ေၾကာင္း ေလ့လာသုံးသပ္သူမ်ားက ေျပာၾကားခဲ့သည္။ ၿပဳံယမ္း၏ အျပည္ျပည္ဆိုင္ရာ ေလဆိပ္ေနရာမွ ပစ္လႊတ္လိုက္ေသာပဲ့ထိန္းဒုံးက်ည္မ်ားကို ပစ္လႊတ္ၿပီးေနာက္ (၁ဝ)မိနစ္အၾကာတြင္ ေတြ႕ရွိခဲ့ ျခင္းျဖစ္ေၾကာင္း ေတာင္ကိုရီးယားပူးတြဲစစ္ဦးစီးခ်ဳပ္မ်ား႐ုံးက ေျပာၾကားခဲ့သည္။

အဆိုပါပဲ့ထိန္းဒုံးက်ည္မ်ားသည္ ေျမာက္ကိုရီးယားႏိုင္ငံ အေရွ႕ဖက္ပင္လယ္ျပင္ဆီသို႔ ဦးတည္ပ်ံသန္းသြားခဲ့ျခင္း ျဖစ္ေၾကာင္း ေတာင္ကိုရီးယားပူးတြဲစစ္ဦးစီးခ်ဳပ္မ်ား႐ုံးက ေျပာၾကားခဲ့သည္။ သို႔ေသာ္လည္း အဆိုပါပဲ့ထိန္းဒုံးက်ည္ မ်ား ဘယ္ေလာက္အကြာအေဝးအထိ ပ်ံသန္းသြားသည္ဆိုသည့္အခ်က္ကို လက္ရွိအခ်ိန္အထိ ရွင္းရွင္းလင္းလင္း မသိရွိရေသးေၾကာင္း သိရသည္၊၊

ေျမာက္ကိုရီးယားက ပစ္လႊတ္လိုက္ေသာ ပဲ့ထိန္းဒုံးက်ည္မ်ားသည္ ပင္လယ္ထဲသို႔ က်ေရာက္သြားခဲ့ပုံေပၚၿပီး အဆိုပါအရာဝတၳဳမ်ားကို သတိထားၾကရန္ ႏွင့္ ထိေတြ႕ျခင္းမ်ိဳး မလုပ္ေဆာင္ရန္ ဂ်ပန္ကမ္း႐ိုးတန္းအနီးတစ္ဝိုက္ရွိ သေဘၤာမ်ားကို တိုက္တြန္းထားေၾကာင္း ဂ်ပန္ကမ္းေျခေစာင့္တပ္ဖြဲ႕ က ေျပာၾကားခဲ့သည္။

႐ုရွား ႏွင့္ ယူကရိန္းစစ္ပြဲျဖစ္ပြားၿပီးေနာက္ပိုင္း ကင္ဂ်ဳံအန္းသည္ ေျမာက္ကိုရီးယားႏိုင္ငံ၏ လက္နက္မ်ားကို ဖြံ႕ၿဖိဳး တိုးတက္ေအာင္လုပ္ေဆာင္ရန္ ႀကိဳးပမ္းမႈတစ္စိတ္တစ္ပိုင္းအျဖစ္ ၂ဝ၂၂ ခုႏွစ္ အစပိုင္းကတည္းက ဒုံးက်ည္အစင္း (၁ဝဝ)ေက်ာ္ စမ္းသပ္ပစ္လႊတ္ခဲ့ေၾကာင္း သိရသည္။

ကင္ဂ်ဳံအန္းႏွင့္ေတြ႕ဆုံစဥ္အခ်ိန္အတြင္း ႐ုရွားသမၼတပူတင္သည္ ယူကရိန္းကို က်ဴးေက်ာ္တိုက္ခိုက္မႈမ်ား ဆက္လက္လုပ္ေဆာင္ရန္အတြက္ လက္နက္သိုေလွာင္မႈမ်ားကို ျပန္လည္ျဖည့္တင္းရန္ ေျမာက္ကိုရီးယားထံမွ အေျမာက္မ်ား ႏွင့္ ခဲယမ္းမီးက်ည္မ်ားကို ေတာင္းဆိုႏိုင္ဖြယ္ရွိေၾကာင္း အေမရိကန္တာဝန္ရွိသူမ်ားက ေဝဖန္ခဲ့သည္။ ထို႔အျပင္ ကင္ဂ်ဳံအန္းသည္ ၎၏န်ဴကလီးယားလက္နက္ႏွင့္ ဒုံးက်ည္အစီအစဥ္မ်ားကို ပိုမို ဖြံ႕ၿဖိဳးတိုးတက္ေစရန္အတြက္ လိုအပ္ေသာ စီးပြားေရးအကူအညီမ်ား ႏွင့္ ေခတ္မီေသာ လက္နက္နည္းပညာမ်ားကို ႐ုရွားထံမွ ေတာင္းဆိုႏိုင္ေၾကာင္း ေလ့လာသုံးသပ္သူမ်ားက ေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.