တရုတ်နိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူသေဆုံးမှုနှင့်အတူ မွေးမြူရေးခြံထဲမှ မိကျောင်းအကောင် (၇ဝ)ကျော် လွတ်မြောက်

 1778

Pika (NP News) - စက်တင်ဘာ ၁၃

တရုတ်နိုင်ငံ တောင်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ရေကြီးမှုများဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ(၇)ဦး သေဆုံးကာ မွေးမြူရေးခြံအတွင်းမှ မိကျောင်းအကောင်(၇ဝ)ကျော် လွတ်သွားခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း Guangdong ပြည်နယ် Maoming မြို့တွင် မိကျောင်းအကောင်(၇ဝ)ကျော် လွတ်သွားခဲ့ပြီးနောက် အာဏာပိုင်များသည် အဆိုပါနေရာအနီးတွင် နေထိုင်သူများကို နေအိမ်ထဲတွင်သာ နေထိုင် ကြရန် တိုက်တွန်းထားကြောင်း တရုတ်မီဒီယာများက ဖော်ပြခဲ့သည်။

အရွယ်ရောက်ပြီးသော မိကျောင်း(၆၉)ကောင် နှင့် အကောင်ပေါက်(၆)ကောင် လွတ်သွားခဲ့ခြင်းဖြစ်ကြောင်း အရေးပေါ်ဌာနအရာရှိတစ်ဦး က ပြောကြားခဲ့သည်။ မိကျောင်းအချို့ကို ပြန်လည်ဖမ်းမိထားသော်လည်း ၎င်းတို့ ရှိနေသည့်ရေကန်၏အနက်ကြောင့် နောက်ထပ်ဖမ်းဆီးမှုများ လုပ်ဆောင်ရန် ခက်ခဲနေကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

သို့သော်လည်း မိကျောင်းများ လွတ်သွားခြင်းနှင့်ပတ်သက်ပြီး ထိခိုက်ဒဏ်ရာရရှိသူများ မရှိသေးကြောင်း အာဏာပိုင်များ က ပြောကြားခဲ့သည်။ Guangxi ဒေသ Yulin မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် မြေပြို မှုများဖြစ်ပွားခဲ့ပြီး လူ(၇)ဦးသေဆုံးကာ အခြားလူ(၃)ဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း အာဏာပိုင်များက ပြောကြား ခဲ့သည်။

Zawgyi Version;
တ႐ုတ္ႏိုင္ငံတြင္ မိုးသည္းထန္စြာ႐ြာသြန္းမႈေၾကာင့္ လူေသဆုံးမႈႏွင့္အတူ ေမြးျမဴေရးၿခံထဲမွ မိေက်ာင္းအေကာင္ (၇ဝ)ေက်ာ္ လြတ္ေျမာက္
Pika (NP News) - စက္တင္ဘာ ၁၃

တ႐ုတ္ႏိုင္ငံ ေတာင္ပိုင္းတြင္ မိုးသည္းထန္စြာ႐ြာသြန္းမႈမ်ားေၾကာင့္ ေရႀကီးမႈမ်ားျဖစ္ပြားခဲ့ၿပီး အနည္းဆုံးလူ(၇)ဦး ေသဆုံးကာ ေမြးျမဴေရးၿခံအတြင္းမွ မိေက်ာင္းအေကာင္(၇ဝ)ေက်ာ္ လြတ္သြားခဲ့ေၾကာင္း အာဏာပိုင္မ်ားက ေျပာၾကားခဲ့သည္။

တ႐ုတ္ႏိုင္ငံ အေနာက္ေျမာက္ပိုင္း Guangdong ျပည္နယ္ Maoming ၿမိဳ႕တြင္ မိေက်ာင္းအေကာင္(၇ဝ)ေက်ာ္ လြတ္သြားခဲ့ၿပီးေနာက္ အာဏာပိုင္မ်ားသည္ အဆိုပါေနရာအနီးတြင္ ေနထိုင္သူမ်ားကို ေနအိမ္ထဲတြင္သာ ေနထိုင္ ၾကရန္ တိုက္တြန္းထားေၾကာင္း တ႐ုတ္မီဒီယာမ်ားက ေဖာ္ျပခဲ့သည္။

အ႐ြယ္ေရာက္ၿပီးေသာ မိေက်ာင္း(၆၉)ေကာင္ ႏွင့္ အေကာင္ေပါက္(၆)ေကာင္ လြတ္သြားခဲ့ျခင္းျဖစ္ေၾကာင္း အေရးေပၚဌာနအရာရွိတစ္ဦး က ေျပာၾကားခဲ့သည္။ မိေက်ာင္းအခ်ိဳ႕ကို ျပန္လည္ဖမ္းမိထားေသာ္လည္း ၎တို႔ ရွိေနသည့္ေရကန္၏အနက္ေၾကာင့္ ေနာက္ထပ္ဖမ္းဆီးမႈမ်ား လုပ္ေဆာင္ရန္ ခက္ခဲေနေၾကာင္း အာဏာပိုင္မ်ားက ေျပာၾကားခဲ့သည္။

သို႔ေသာ္လည္း မိေက်ာင္းမ်ား လြတ္သြားျခင္းႏွင့္ပတ္သက္ၿပီး ထိခိုက္ဒဏ္ရာရရွိသူမ်ား မရွိေသးေၾကာင္း အာဏာပိုင္မ်ား က ေျပာၾကားခဲ့သည္။ Guangxi ေဒသ Yulin ၿမိဳ႕တြင္ မိုးသည္းထန္စြာ႐ြာသြန္းမႈမ်ားေၾကာင့္ ေျမၿပိဳ မႈမ်ားျဖစ္ပြားခဲ့ၿပီး လူ(၇)ဦးေသဆုံးကာ အျခားလူ(၃)ဦးေပ်ာက္ဆုံးေနဆဲျဖစ္ေၾကာင္း အာဏာပိုင္မ်ားက ေျပာၾကား ခဲ့သည္။

Related news

© 2021. All rights reserved.