Apple ကုမ္ပဏီက ထုတ်လုပ်သည့် iPhone များတွင် လုံခြုံရေးဆိုင်ရာပြဿနာများရှိနေဟု တရုတ်အစိုးပြော

 2184

Pika (NP News) - စက်တင်ဘာ ၁၃

နာမည်ကြီးကုမ္ပဏီတစ်ခုဖြစ်သော Apple ၏ iPhone များတွင် လုံခြုံရေးဆိုင်ရာပြဿနာများကို တွေ့ရှိခဲ့ကြောင်း တရုတ်အစိုးရက စက်တင်ဘာလ(၁၃)ရက်တွင် ထုတ်ဖော်ပြောခဲ့သည်။

သို့သော်လည်း လုံခြုံရေးဆိုင်ရာပြဿနာများကို Apple ၏ မည်သည့် iPhone အမျိုးအစားတွင် တွေ့ရှိခဲ့သည်ဆို သည့်အချက်ကို တရုတ်ဖက်က ထုတ်ပြန်ပြောကြားခြင်းမျိုးမရှိ‌ကြောင်း သိရသည်။ တရုတ်နိုင်ငံ၏ အရေးကြီးသော အစိုးရဌာနများ နှင့် အစိုးရကျောထောက်နောက်ခံပြုအေဂျင်စီများတွင် iPhone အသုံးပြုမှုကို တားမြစ်ပိတ်ပင်ခဲ့ပြီး နောက် ယခုကဲ့သို့ပြောဆိုချက်များ ထပ်မံထွက်ပေါ်လာခြင်းဖြစ်သည်။

ပြီးခဲ့သည့်ရက်ပိုင်းတွင် တရုတ်အစိုးရသည် iPhone အသုံးပြုမှုကို ပိတ်ပင်လိုက်ပြီးနောက် Apple ကုမ္ပဏီ၏ ရှယ်ယာများ ဆက်တိုက်ကျဆင်းခဲ့ပြီး အမေရိကန်ဒေါ်လာ(၂ဝဝ) ဘီလျံနီးပါး ထိခိုက်ဆုံးရှုံးခဲ့ကြောင်း သိရသည်။ ထို့အပြင် ပြင်သစ်စောင့်ကြည့်လေလာရေးအဖွဲ့ကလည်း Apple ၏ iPhone12 အမျိုးအစားသည် လျှပ်စစ်သံလိုက် လှိုင်းဓါတ်ရောင်ခြည်ထုတ်လွှတ်မှုမြင့်မားနေသောကြောင့် ပြင်သစ်နိုင်ငံအတွင်းတွင် ရောင်းချခွင့်ကို ပိတ်ပင်ခဲ့ကြောင်း သိရသည်။

ပြင်သစ်နိုင်ငံတွင်းတွင် iPhone12 အမျိုးအစားကို ရောင်းချရန် ကမ်းလှမ်းခြင်းများ ရှိ/မရှိ သိရှိရန်အတွက် စက်တင်ဘာလ(၁၃)ရက်မှ စတင်ပြီး စစ်ဆေးမှုများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရေဒီယိုကြိမ်နှုန်းများကို စီမံခန့်ခွဲသည့် ပြင်သစ်အေဂျင်စီ ANFR က ထုတ်ပြန်ကြေညာခဲ့သည်။

ထို့အပြင် ပြင်သစ်ဈေးကွက်အတွင်းရှိသော iPhone12 အမျိုးအစားကို စက်တင်ဘာလ(၁၃)ရက်မှ စတင်ပြီး ဖယ်ရှားရန် Apple ကုမ္ပဏီကို အမိန့်ပေးခဲ့ကြောင်း ပြင်သစ်စောင့်ကြည့်လေ့လာရေးအဖွဲ့ က ပြောကြားခဲ့သည်။ ရှယ်ယာကျဆင်းမှုများရှိနေသော်လည်း Apple ကုမ္ပဏီသည် စက်တင်ဘာလ(၁၂)ရက် ညပိုင်းတွင် iPhone15 အမျိုးအစားကို စတင်ပြသခဲ့ပြီး feature အသစ်များ နှင့် အရောင်အသစ်များကို တရားဝင်မိတ်ဆက်ပေးခဲ့သည်။

Zawgyi Version;
Apple ကုမၸဏီက ထုတ္လုပ္သည့္ iPhone မ်ားတြင္ လုံၿခဳံေရးဆိုင္ရာျပႆနာမ်ားရွိေနဟု တ႐ုတ္အစိုးေျပာ
Pika (NP News) - စက္တင္ဘာ ၁၃

နာမည္ႀကီးကုမၸဏီတစ္ခုျဖစ္ေသာ Apple ၏ iPhone မ်ားတြင္ လုံၿခဳံေရးဆိုင္ရာျပႆနာမ်ားကို ေတြ႕ရွိခဲ့ေၾကာင္း တ႐ုတ္အစိုးရက စက္တင္ဘာလ(၁၃)ရက္တြင္ ထုတ္ေဖာ္ေျပာခဲ့သည္။

သို႔ေသာ္လည္း လုံၿခဳံေရးဆိုင္ရာျပႆနာမ်ားကို Apple ၏ မည္သည့္ iPhone အမ်ိဳးအစားတြင္ ေတြ႕ရွိခဲ့သည္ဆို သည့္အခ်က္ကို တ႐ုတ္ဖက္က ထုတ္ျပန္ေျပာၾကားျခင္းမ်ိဳးမရွိ‌ေၾကာင္း သိရသည္။ တ႐ုတ္ႏိုင္ငံ၏ အေရးႀကီးေသာ အစိုးရဌာနမ်ား ႏွင့္ အစိုးရေက်ာေထာက္ေနာက္ခံျပဳေအဂ်င္စီမ်ားတြင္ iPhone အသုံးျပဳမႈကို တားျမစ္ပိတ္ပင္ခဲ့ၿပီး ေနာက္ ယခုကဲ့သို႔ေျပာဆိုခ်က္မ်ား ထပ္မံထြက္ေပၚလာျခင္းျဖစ္သည္။

ၿပီးခဲ့သည့္ရက္ပိုင္းတြင္ တ႐ုတ္အစိုးရသည္ iPhone အသုံးျပဳမႈကို ပိတ္ပင္လိုက္ၿပီးေနာက္ Apple ကုမၸဏီ၏ ရွယ္ယာမ်ား ဆက္တိုက္က်ဆင္းခဲ့ၿပီး အေမရိကန္ေဒၚလာ(၂ဝဝ) ဘီလ်ံနီးပါး ထိခိုက္ဆုံးရႈံးခဲ့ေၾကာင္း သိရသည္။ ထို႔အျပင္ ျပင္သစ္ေစာင့္ၾကည့္ေလလာေရးအဖြဲ႕ကလည္း Apple ၏ iPhone12 အမ်ိဳးအစားသည္ လွ်ပ္စစ္သံလိုက္ လႈိင္းဓါတ္ေရာင္ျခည္ထုတ္လႊတ္မႈျမင့္မားေနေသာေၾကာင့္ ျပင္သစ္ႏိုင္ငံအတြင္းတြင္ ေရာင္းခ်ခြင့္ကို ပိတ္ပင္ခဲ့ေၾကာင္း သိရသည္။

ျပင္သစ္ႏိုင္ငံတြင္းတြင္ iPhone12 အမ်ိဳးအစားကို ေရာင္းခ်ရန္ ကမ္းလွမ္းျခင္းမ်ား ရွိ/မရွိ သိရွိရန္အတြက္ စက္တင္ဘာလ(၁၃)ရက္မွ စတင္ၿပီး စစ္ေဆးမႈမ်ားကို လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း ေရဒီယိုႀကိမ္ႏႈန္းမ်ားကို စီမံခန႔္ခြဲသည့္ ျပင္သစ္ေအဂ်င္စီ ANFR က ထုတ္ျပန္ေၾကညာခဲ့သည္။

ထို႔အျပင္ ျပင္သစ္ေဈးကြက္အတြင္းရွိေသာ iPhone12 အမ်ိဳးအစားကို စက္တင္ဘာလ(၁၃)ရက္မွ စတင္ၿပီး ဖယ္ရွားရန္ Apple ကုမၸဏီကို အမိန႔္ေပးခဲ့ေၾကာင္း ျပင္သစ္ေစာင့္ၾကည့္ေလ့လာေရးအဖြဲ႕ က ေျပာၾကားခဲ့သည္။ ရွယ္ယာက်ဆင္းမႈမ်ားရွိေနေသာ္လည္း Apple ကုမၸဏီသည္ စက္တင္ဘာလ(၁၂)ရက္ ညပိုင္းတြင္ iPhone15 အမ်ိဳးအစားကို စတင္ျပသခဲ့ၿပီး feature အသစ္မ်ား ႏွင့္ အေရာင္အသစ္မ်ားကို တရားဝင္မိတ္ဆက္ေပးခဲ့သည္။

Related news

© 2021. All rights reserved.