ရုရှားနိုင်ငံအနေဖြင့် အမေရိကန်ဒေါ်လာနှင့် ယူရိုငွေကြေးအသုံးပြုမှုတို့ကို အပြီးတိုင်စွန့်လွှတ်နိုင်မည်မဟုတ်ကြောင်း ရုရှားဘဏ်လုပ်ငန်းရှင်တစ်ဦးပြော

 3164

Pika (NP News) - စက်တင်ဘာ ၁၄

ရုရှားနိုင်ငံသည် အနောက်အုပ်စုနိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများကြောင့် နိုင်ငံခြားကုန်သွယ်မှုများတွင် နိုင်ငံသုံး ငွေကြေးကို အသုံးပြုရန် ဦးစားပေးလုပ်ဆောင်နေသော်လည်း အနောက်အုပ်စုနိုင်ငံသုံးငွေကြေးများ အသုံးပြုမှုကို အပြီးတိုင်စွန့်လွှတ်နိုင်မည်မဟုတ်ကြောင်း ရုရှားဒုတိယအကြီးဆုံးဘဏ် VTB ၏ စီအီးအိုအန်ဒရေးကိုစတင် က ပြောကြားခဲ့သည်။

၎င်းက "အမေရိကန်ဒေါ်လာနဲ့ ယူရိုငွေကြေးတွေ အသုံးပြုမှုကို အပြီးတိုင်စွန့်လွှတ်နိုင်မှာ မဟုတ်ဘူးလို့ ကျွန်တော် ထင်ပါတယ်။ အနောက်အုပ်စုနိုင်ငံတွေရဲ့ကုမ္ပဏီတွေနဲ့ ပို့ကုန်၊ သွင်းကုန်တွေမှာ ချိတ်ဆက်ဆောင်ရွက်မှုကို ကျွန်တော်တို့ဖက်က ဆန့်ကျင်တာမျိုးမရှိပါဘူး။ ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ဖို့ သူတို့က ဆုံးဖြတ်ခဲ့တာပါ။ ကျွန်တော်တို့ဖက်ကတော့ အဲဒီလိုဆုံးဖြတ်ချက်မျိုး မချမှတ်ခဲ့ပါဘူး။ အခက်အခဲတွေရှိနေတဲ့ကြားက ကျွန်တော်တို့ ဟာ သဘာဝဓါတ်ငွေ့တွေနဲ့ အခြားကုန်စည်တွေကို ဆက်လက်ထောက်ပံ့နေတုန်းပါပဲ" ဟု ပြောခဲ့သည်။

အနောက်အုပ်စုနိုင်ငံများ၏ ဘဏ္ဍာရေးကန့်သတ်ချက်များနှင့်အတူ အမေရိကန်ဒေါ်လာ နှင့် ယူရိုတို့ဖြင့် ကုန်သွယ် မှုတွင် ပြဿနာများ စတင်ရှိလာခဲ့ပြီးနောက် ရုရှားအစိုးရသည် ကုန်သွယ်မှုများတွင် တရုတ်နိုင်ငံသုံး ယွမ်ငွေကြေး နှင့် အခြားရွေးချယ်စရာငွေကြေးများကို အသုံးပြုရန် လုပ်ဆောင်လာခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ လာမည့်အနာဂတ်တွင် အမေရိကန်ဒေါ်လာကို အစားထိုးနိုင်မည့် အလားအလာများ နည်းပါးသော်လည်း ရုရှားအစိုးရသည် အခြားငွေကြေးတစ်ခုဖြင့် ကုန်သွယ်အခြေချနိုင်မည့် တရားဝင်နိုင်ငံတကာအစီအစဉ်တစ်ခုကို လုပ်ဆောင်မည်ဟု ကတိပြုထားကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။

အမေရိကန်နိုင်ငံသည် ၎င်း၏ နိုင်ငံသုံးငွေကြေးကို လက်နက်တစ်ခုသဖွယ်အသုံးပြုလာခဲ့ခြင်းကြောင့် အမေရိကန်ဒေါ်လာ နှင့် ဆက်စပ်မှုမရှိသော ငွေပေးချေမှုစနစ်များကို ကမ္ဘာ့အသိုင်းအဝိုင်းက ပိုမိုစိတ်ဝင်စားလာခဲ့ကြောင်း ၎င်းက ထပ်မံပြောခဲ့သည်။

Zawgyi Version;
႐ုရွားႏိုင္ငံအေနျဖင့္ အေမရိကန္ေဒၚလာႏွင့္ ယူ႐ိုေငြေၾကးအသုံးျပဳမႈတို႔ကို အၿပီးတိုင္စြန႔္လႊတ္ႏိုင္မည္မဟုတ္ေၾကာင္း ႐ုရွားဘဏ္လုပ္ငန္းရွင္တစ္ဦးေျပာ
Pika (NP News) - စက္တင္ဘာ ၁၄

႐ုရွားႏိုင္ငံသည္ အေနာက္အုပ္စုႏိုင္ငံမ်ား၏ ပိတ္ဆို႔အေရးယူမႈမ်ားေၾကာင့္ ႏိုင္ငံျခားကုန္သြယ္မႈမ်ားတြင္ ႏိုင္ငံသုံး ေငြေၾကးကို အသုံးျပဳရန္ ဦးစားေပးလုပ္ေဆာင္ေနေသာ္လည္း အေနာက္အုပ္စုႏိုင္ငံသုံးေငြေၾကးမ်ား အသုံးျပဳမႈကို အၿပီးတိုင္စြန႔္လႊတ္ႏိုင္မည္မဟုတ္ေၾကာင္း ႐ုရွားဒုတိယအႀကီးဆုံးဘဏ္ VTB ၏ စီအီးအိုအန္ဒေရးကိုစတင္ က ေျပာၾကားခဲ့သည္။

၎က "အေမရိကန္ေဒၚလာနဲ႔ ယူ႐ိုေငြေၾကးေတြ အသုံးျပဳမႈကို အၿပီးတိုင္စြန႔္လႊတ္ႏိုင္မွာ မဟုတ္ဘူးလို႔ ကြၽန္ေတာ္ ထင္ပါတယ္။ အေနာက္အုပ္စုႏိုင္ငံေတြရဲ႕ကုမၸဏီေတြနဲ႔ ပို႔ကုန္၊ သြင္းကုန္ေတြမွာ ခ်ိတ္ဆက္ေဆာင္႐ြက္မႈကို ကြၽန္ေတာ္တို႔ဖက္က ဆန႔္က်င္တာမ်ိဳးမရွိပါဘူး။ ပိတ္ဆို႔အေရးယူမႈေတြ ခ်မွတ္ဖို႔ သူတို႔က ဆုံးျဖတ္ခဲ့တာပါ။ ကြၽန္ေတာ္တို႔ဖက္ကေတာ့ အဲဒီလိုဆုံးျဖတ္ခ်က္မ်ိဳး မခ်မွတ္ခဲ့ပါဘူး။ အခက္အခဲေတြရွိေနတဲ့ၾကားက ကြၽန္ေတာ္တို႔ ဟာ သဘာဝဓါတ္ေငြ႕ေတြနဲ႔ အျခားကုန္စည္ေတြကို ဆက္လက္ေထာက္ပံ့ေနတုန္းပါပဲ" ဟု ေျပာခဲ့သည္။

အေနာက္အုပ္စုႏိုင္ငံမ်ား၏ ဘ႑ာေရးကန႔္သတ္ခ်က္မ်ားႏွင့္အတူ အေမရိကန္ေဒၚလာ ႏွင့္ ယူ႐ိုတို႔ျဖင့္ ကုန္သြယ္ မႈတြင္ ျပႆနာမ်ား စတင္ရွိလာခဲ့ၿပီးေနာက္ ႐ုရွားအစိုးရသည္ ကုန္သြယ္မႈမ်ားတြင္ တ႐ုတ္ႏိုင္ငံသုံး ယြမ္ေငြေၾကး ႏွင့္ အျခားေ႐ြးခ်ယ္စရာေငြေၾကးမ်ားကို အသုံးျပဳရန္ လုပ္ေဆာင္လာခဲ့ျခင္းျဖစ္ေၾကာင္း ၎က ေျပာၾကားခဲ့သည္။ လာမည့္အနာဂတ္တြင္ အေမရိကန္ေဒၚလာကို အစားထိုးႏိုင္မည့္ အလားအလာမ်ား နည္းပါးေသာ္လည္း ႐ုရွားအစိုးရသည္ အျခားေငြေၾကးတစ္ခုျဖင့္ ကုန္သြယ္အေျခခ်ႏိုင္မည့္ တရားဝင္ႏိုင္ငံတကာအစီအစဥ္တစ္ခုကို လုပ္ေဆာင္မည္ဟု ကတိျပဳထားေၾကာင္း ၎က မွတ္ခ်က္ျပဳခဲ့သည္။

အေမရိကန္ႏိုင္ငံသည္ ၎၏ ႏိုင္ငံသုံးေငြေၾကးကို လက္နက္တစ္ခုသဖြယ္အသုံးျပဳလာခဲ့ျခင္းေၾကာင့္ အေမရိကန္ေဒၚလာ ႏွင့္ ဆက္စပ္မႈမရွိေသာ ေငြေပးေခ်မႈစနစ္မ်ားကို ကမာၻ႔အသိုင္းအဝိုင္းက ပိုမိုစိတ္ဝင္စားလာခဲ့ေၾကာင္း ၎က ထပ္မံေျပာခဲ့သည္။

Related news

© 2021. All rights reserved.