စင်ကာပူမှာ ငှက်ကို လောက်လေးခွနဲ့ပစ်သတ်မှုကြောင့် လူတစ်ဦး တရားစွဲခံရ
                        
                            
                             
 6596
 
                             
                            
                            
                         
                        
ရောင်နီ (NP News) - စက်တင်ဘာ ၁၄ 
 
စင်ကာပူနိုင်ငံ၊ Jurong West Street 61 ၊ Housing Block တိုက်ခန်းရှိ အခန်းတစ်ခုရဲ့ မီးဖိုချောင် ပြတင်းပေါက်မှ ငှက်ကို လောက်လေးခွနဲ့ပစ်သတ်ခဲ့တဲ့အမျိုးသားတစ်ဦး ဗုဒ္ဓဟူးနေ့ (စက်တင်ဘာ ၁၃ ရက်) မှာ တရားစွဲဆိုခံခဲ့ရပါတယ်။ 
        
ယုရှဲရို အမည်ရှိ  အသက် ၃၆ နှစ်အရွယ်အမျိုးသားဟာ ငှက်ကို လောက်လေးခွနဲ့ ပစ်သတ်ခဲ့မှု အပါအဝင် စွဲချက် ၃ ခုနဲ့  ပြည်နယ်တရားရုံးမှာ တရားစွဲခံခဲ့ရပါတယ်။ 
၎င်းဟာ ၂ဝ၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက် နံနက် ၁၁ နာရီ ၃ဝ မိနစ်မှ မွန်းလွဲ ၁ နာရီအတွင်း လောက်လေးခွတစ်ချောင်းနဲ့ ငှက်တစ်ကောင်ကို ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက် စင်္ကာပူဒေါ်လာ ၂၅ဝ ခန့် (အမေရိကန်ဒေါ်လာ ၁၈၃) ခန့်ရှိ ဒုတိယထပ်ယူနစ်ရဲ့ ပြတင်းပေါက်တစ်ခုလည်း လောက်စလုံးထိမှန် ပျက်စီးသွားခဲ့ပါတယ်။ 
ရဲအရာရှိတွေက ယူကို ဧပြီလ ၂၄ ရက်မှာ ဖမ်းဆီးခဲ့ပြီး ရွံ့စေးနဲ့ သတ္တုလောက်စလုံးတွေကို သက်သေခံပစ္စည်းများအဖြစ် သိမ်းဆည်းခဲ့ပါတယ်။ လူမြင်ကွင်းနေရာတွေမှာ လက်နက်ကိုင်ဆောင်မှုနဲ့ ပြစ်မှုထင်ရှားခဲ့ရင် ယူဟာ ထောင်ဒဏ်သုံးနှစ်ထိ ကျခံရနိုင်ဖွယ်ရှိပြီး၊ အခြားအိမ်ကို ထိခိုက်စေခဲ့တဲ့အတွက် ထောင်ဒဏ် ခြောက်လအထိ (သို့မဟုတ်) ဒဏ်ငွေ စင်ကာပူဒေါ်လာ ၂,၅ဝဝ (သို့မဟုတ်) ဒဏ်နှစ်ရပ်လုံး ချမှတ်ခံရနိုင်ပါတယ်။ 
        
တိရစ္ဆာန်တွေအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေအတွက်ကတော့ ဒဏ်ငွေ စင်ကာပူဒေါ်လာ ၁၅ဝဝဝ (သို့မဟုတ်) ထောင်ဒဏ် ၁ နှစ်ခွဲ (သို့မဟုတ်) ဒဏ်နှစ်ရပ်လုံးအထိ ကျခံရနိုင်တယ်လို့ သိရပါတယ်။
                     
                        
                                                                    
Zawgyi Version; 
စင္ကာပူမွာ ငွက္ကို ေလာက္ေလးခြနဲ႔ပစ္သတ္မႈေၾကာင့္ လူတစ္ဦး တရားစြဲခံရ 
ေရာင္နီ (NP News) - စက္တင္ဘာ ၁၄ 
 
စင္ကာပူႏိုင္ငံ၊ Jurong West Street 61 ၊ Housing Block တိုက္ခန္းရွိ အခန္းတစ္ခုရဲ႕ မီးဖိုေခ်ာင္ ျပတင္းေပါက္မွ ငွက္ကို ေလာက္ေလးခြနဲ႔ပစ္သတ္ခဲ့တဲ့အမ်ိဳးသားတစ္ဦး ဗုဒၶဟူးေန႔ (စက္တင္ဘာ ၁၃ ရက္) မွာ တရားစြဲဆိုခံခဲ့ရပါတယ္။ 
        
ယုရွဲ႐ို အမည္ရွိ  အသက္ ၃၆ ႏွစ္အ႐ြယ္အမ်ိဳးသားဟာ ငွက္ကို ေလာက္ေလးခြနဲ႔ ပစ္သတ္ခဲ့မႈ အပါအဝင္ စြဲခ်က္ ၃ ခုနဲ႔  ျပည္နယ္တရား႐ုံးမွာ တရားစြဲခံခဲ့ရပါတယ္။ 
၎ဟာ ၂ဝ၂၃ ခုႏွစ္ ေဖေဖာ္ဝါရီ ၁၁ ရက္ နံနက္ ၁၁ နာရီ ၃ဝ မိနစ္မွ မြန္းလြဲ ၁ နာရီအတြင္း ေလာက္ေလးခြတစ္ေခ်ာင္းနဲ႔ ငွက္တစ္ေကာင္ကို ပစ္သတ္ခဲ့တယ္လို႔ သိရပါတယ္။ အဲဒီေနာက္ စကၤာပူေဒၚလာ ၂၅ဝ ခန႔္ (အေမရိကန္ေဒၚလာ ၁၈၃) ခန႔္ရွိ ဒုတိယထပ္ယူနစ္ရဲ႕ ျပတင္းေပါက္တစ္ခုလည္း ေလာက္စလုံးထိမွန္ ပ်က္စီးသြားခဲ့ပါတယ္။ 
ရဲအရာရွိေတြက ယူကို ဧၿပီလ ၂၄ ရက္မွာ ဖမ္းဆီးခဲ့ၿပီး ႐ြံ႕ေစးနဲ႔ သတၱဳေလာက္စလုံးေတြကို သက္ေသခံပစၥည္းမ်ားအျဖစ္ သိမ္းဆည္းခဲ့ပါတယ္။ လူျမင္ကြင္းေနရာေတြမွာ လက္နက္ကိုင္ေဆာင္မႈနဲ႔ ျပစ္မႈထင္ရွားခဲ့ရင္ ယူဟာ ေထာင္ဒဏ္သုံးႏွစ္ထိ က်ခံရႏိုင္ဖြယ္ရွိၿပီး၊ အျခားအိမ္ကို ထိခိုက္ေစခဲ့တဲ့အတြက္ ေထာင္ဒဏ္ ေျခာက္လအထိ (သို႔မဟုတ္) ဒဏ္ေငြ စင္ကာပူေဒၚလာ ၂,၅ဝဝ (သို႔မဟုတ္) ဒဏ္ႏွစ္ရပ္လုံး ခ်မွတ္ခံရႏိုင္ပါတယ္။ 
        
တိရစာၦန္ေတြအေပၚ ရက္စက္ၾကမ္းၾကဳတ္မႈေတြအတြက္ကေတာ့ ဒဏ္ေငြ စင္ကာပူေဒၚလာ ၁၅ဝဝဝ (သို႔မဟုတ္) ေထာင္ဒဏ္ ၁ ႏွစ္ခြဲ (သို႔မဟုတ္) ဒဏ္ႏွစ္ရပ္လုံးအထိ က်ခံရႏိုင္တယ္လို႔ သိရပါတယ္။