တရုတ်နိုင်ငံမှာ တရားမဝင် ကျူရှင်ဆရာတွေကို ဒဏ်ငွေ ချမှတ်မည်

 1070

ရောင်နီ (NP News) - စက်တင်ဘာ ၁၄

တရုတ်နိုင်ငံမှာ ကျောင်းသင်ခန်းစာ သင်ယူမှု ပတ်ဝန်းကျင်ကောင်းမြှင့်တင်ဖို့ ကြိုးပမ်းမှုအနေနဲ့ တရားမဝင် လိုင်စင်မဲ့ကျူရှင်ဆရာတွေကို ဒဏ်ငွေ ယွမ် ၁ဝဝဝဝဝ (အမေရိကန်ဒေါ်လာ ၁၃,၇၁၅.၅၄) အထိ ချမှတ်ကောက်ခံသွားမယ်လို့ သိရပါတယ်။

ပညာရေးဝန်ကြီးဌာနမှ အင်္ဂါနေ့ (စက်တင်ဘာ ၁၂ ရက်) က အစိုးရပိုင် CCTV မှ ထုတ်ပြန်တဲ့ အဆိုပါ ကြေညာချက်ဟာ တရုတ်နိုင်ငံရဲ့ ပညာရေးကဏ္ဍကို ပြုပြင်ပြောင်းလဲဖို့နဲ့ ကျောင်းသားတွေအပေါ် ပညာရေးဆိုင်ရာ ဖိအားတွေလျှာ့ချဖို့ အာဏာပိုင်တွေရဲ့လတ်တလော ဆောင်ရွက်မှုတစ်ရပ်ဖြစ်ပါတယ်။

တရုတ်ဟာ ကလေးတွေအပေါ် ဖိအားတွေ ဖြေလျှော့စေဖို့နဲ့ မိသားစုစရိတ်တွေ လျှော့ချနိုင်ဖို့ ရည်ရွယ်ပြီး ၂ဝ၂၁ ခုနှစ်က ကြီးထွားလာခဲ့တဲ့ အမေရိကန်ဒေါ်လာ ဘီလျံ ၁၂ဝ တန် ပုဂ္ဂလိကကျူရှင်လုပ်ငန်းတွေကိုထိန်းချုပ်ဖို့ တင်းကျပ်တဲ့စည်းမျဉ်းတွေ ချမှတ်လာခဲ့ပါတယ်။

ဒါပေမယ့်လည်း လိုင်စင်မဲ့ ကျူရှင်သင်ကြားခြင်းလို ပြဿနာတွေ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်တယ်လို့ ဝန်ကြီးဌာနက ဆိုပါတယ်။

တရုတ်နိုင်ငံမှာ စီးပွားရေးနှေးကွေးနေခြင်း၊ စီးပွားရေးအတွက် ရုန်းကန်နေရခြင်းဟာ ငယ်ရွယ်တဲ့ စုံတွဲတွေ လက်ထပ်ဖို့ (သို့မဟုတ်) ကလေးယူဖို့အစီအစဉ်တွေကို ထိခိုက်စေပြီး ပညာရေးစရိတ် ကြီးမြင့်မှုဟာ တရုတ်လူငယ်စုံတွဲတွေ ကလေးမယူချင်ရတဲ့အကြောင်အရင်းတစ်ရပ်ဖြစ်လာခဲ့ပါတယ်။

Zawgyi Version;
တ႐ုတ္ႏိုင္ငံမွာ တရားမဝင္ က်ဴရွင္ဆရာေတြကို ဒဏ္ေငြ ခ်မွတ္မည္
ေရာင္နီ (NP News) - စက္တင္ဘာ ၁၄

တ႐ုတ္ႏိုင္ငံမွာ ေက်ာင္းသင္ခန္းစာ သင္ယူမႈ ပတ္ဝန္းက်င္ေကာင္းျမႇင့္တင္ဖို႔ ႀကိဳးပမ္းမႈအေနနဲ႔ တရားမဝင္ လိုင္စင္မဲ့က်ဴရွင္ဆရာေတြကို ဒဏ္ေငြ ယြမ္ ၁ဝဝဝဝဝ (အေမရိကန္ေဒၚလာ ၁၃,၇၁၅.၅၄) အထိ ခ်မွတ္ေကာက္ခံသြားမယ္လို႔ သိရပါတယ္။

ပညာေရးဝန္ႀကီးဌာနမွ အဂၤါေန႔ (စက္တင္ဘာ ၁၂ ရက္) က အစိုးရပိုင္ CCTV မွ ထုတ္ျပန္တဲ့ အဆိုပါ ေၾကညာခ်က္ဟာ တ႐ုတ္ႏိုင္ငံရဲ႕ ပညာေရးက႑ကို ျပဳျပင္ေျပာင္းလဲဖို႔နဲ႔ ေက်ာင္းသားေတြအေပၚ ပညာေရးဆိုင္ရာ ဖိအားေတြလွ်ာ့ခ်ဖို႔ အာဏာပိုင္ေတြရဲ႕လတ္တေလာ ေဆာင္႐ြက္မႈတစ္ရပ္ျဖစ္ပါတယ္။

တ႐ုတ္ဟာ ကေလးေတြအေပၚ ဖိအားေတြ ေျဖေလွ်ာ့ေစဖို႔နဲ႔ မိသားစုစရိတ္ေတြ ေလွ်ာ့ခ်ႏိုင္ဖို႔ ရည္႐ြယ္ၿပီး ၂ဝ၂၁ ခုႏွစ္က ႀကီးထြားလာခဲ့တဲ့ အေမရိကန္ေဒၚလာ ဘီလ်ံ ၁၂ဝ တန္ ပုဂၢလိကက်ဴရွင္လုပ္ငန္းေတြကိုထိန္းခ်ဳပ္ဖို႔ တင္းက်ပ္တဲ့စည္းမ်ဥ္းေတြ ခ်မွတ္လာခဲ့ပါတယ္။

ဒါေပမယ့္လည္း လိုင္စင္မဲ့ က်ဴရွင္သင္ၾကားျခင္းလို ျပႆနာေတြ ဆက္လက္ျဖစ္ပြားေနဆဲျဖစ္တယ္လို႔ ဝန္ႀကီးဌာနက ဆိုပါတယ္။

တ႐ုတ္ႏိုင္ငံမွာ စီးပြားေရးေႏွးေကြးေနျခင္း၊ စီးပြားေရးအတြက္ ႐ုန္းကန္ေနရျခင္းဟာ ငယ္႐ြယ္တဲ့ စုံတြဲေတြ လက္ထပ္ဖို႔ (သို႔မဟုတ္) ကေလးယူဖို႔အစီအစဥ္ေတြကို ထိခိုက္ေစၿပီး ပညာေရးစရိတ္ ႀကီးျမင့္မႈဟာ တ႐ုတ္လူငယ္စုံတြဲေတြ ကေလးမယူခ်င္ရတဲ့အေၾကာင္အရင္းတစ္ရပ္ျဖစ္လာခဲ့ပါတယ္။

Related news

© 2021. All rights reserved.