မြောက်ကိုရီးယားနဲ့တင်းမာမှုရှိနေချိန်မှာပဲ တောင်ကိုရီးယားကို ဒေါ်လာ ၅ ဘီလျံတန်ဖိုးရှိ အက်ဖ် ၃၅ တိုက်လေယာဉ်များ ရောင်းချပေးဖို့ အမေရိကန်အစိုးရခွင့်ပြု

 4020

ဂျန်ဇက် (NP News) - စက်တင်ဘာ ၁၄

မြောက်ကိုရီးယားနိုင်ငံနဲ့ တင်းမာမှုအရှိန်မြင့်တက်နေချိန်မှာပဲ အမေရိကန်အစိုးရဟာ တောင်ကိုရီးယားနိုင်ငံကို အမေရိကန်ဒေါ်လာ ၅ ဘီလျံတန်ဖိုးရှိ အက်ဖ် ၃၅ တိုက်လေယာဉ်များ ရောင်းချပေးသွားဖို့ ခွင့်ပြုလိုက်ကြောင်း သိရပါတယ်။

အမေရိကန်အစိုးရဟာ တောင်ကိုရီးယားနိုင်ငံကို ကိုယ်ပျောက်စွမ်းရည်ရှိတဲ့ အက်ဖ် ၃၅ တိုက်လေယာဉ်များ ရောင်းချပေးဖို့ အမေရိကန်စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီ Lockheed Martin ကို ခွင့်ပြုပေးခဲ့ကြောင်း၊ တောင်ကိုရီးယားအက်ဖ် ၃၅ တိုက်လေယာဉ် ၂၅ စင်း ရောင်းချပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။

အမေရိကန်အစိုးရက "ဒီရောင်းချမှုဟာ တောင်ကိုရီးယားတွေ့ကြုံနေရတဲ့ ကာကွယ်ရေးစွမ်းရည်ပိုင်းဆိုင်ရာခြိမ်းခြောက်မှုတွေ၊ အခက်အခဲပြဿနာတွေကို ပိုမိုကာင်းမွန်လာမှာဖြစ်တယ်။ ဒေသအတွင်း ရန်လိုမှုတွေကို တားဆီးနိုင်ဖို့ နဲ့ အမေရိကန်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းမှု ပိုမိုကောင်းမွန်လာမှာဖြစ်တယ်" လို့ ပြောပါတယ်။

အမေရိကန်စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးကုမ္မဏီဟာ တောင်ကိုရီးယားနိုင်ငံကို တိုက်လေယာဉ်များအပြင် ဆက်စပ်ပစ္စည်းများ၊ အင်ဂျင်များကိုလည်း ကူညီထောက်ပံ့ပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။

တောင်ကိုရီးယားနိုင်ငံဟာ ၂ဝ၁၈ ခုနှစ်ကတည်းက အက်ဖ် ၃၅ တိုက်လေယာဉ်များကို အသုံးပြုခဲ့ကြောင်း သိရပါတယ်။ အမေရိကန်အစိုးရဟာ အဆိုပါအက်ဖ် ၃၅ တိုက်လေယာဉ်များကို မဟာမိတ်နိုင်ငံများကိုသာ အဓိက ရောင်းချပေးလျက်ရှိနေကြောင်း သိရပါတယ်။ ကိုရီးယားကျွန်းဆွယ်မှာ မြောက်ကိုရီးယား နဲ့ တောင်ကိုရီးယား နိုင်ငံကြားတင်းမာမှုတွေ ရှိနေချိန်မှာ အမေရိကန်က တောင်ကိုရီးယားကို တိုက်လေယာဉ်တွေ ရောင်းချခဲ့တာဖြစ် ပါတယ်။

မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင် ကင်ဂျုံအမ်ဟာ လက်ရှိအချိန်မှာ သမ္မတပူတင်နဲ့တွေ့ဆုံဆွေးနွေးဖို့ ရုရှားနိုင်ငံကို ရောက်ရှိနေကြောင်း သိရပါတယ်။ အမေရိကန်ဟာ လက်ရှိအချိန်မှာ တောင်ကိုရီးယား၊ ဂျပန်တို့နဲ့ပူးပေါင်းပြီး သုံးနိုင်ငံမဟာမိတ်အဖွဲ့ တည်ထောင်ထားကာ အဲဒီနှစ်နိုင်ငံမှာ အမေရိကန်တပ်ဖွဲ့ဝင်တွေ ဖြန့်ကြတ်ချထားကြောင်း သိရပါတယ်။

Zawgyi Version;
ေျမာက္ကိုရီးယားနဲ႔တင္းမာမႈရွိေနခ်ိန္မွာပဲ ေတာင္ကိုရီးယားကို ေဒၚလာ ၅ ဘီလ်ံတန္ဖိုးရွိ အက္ဖ္ ၃၅ တိုက္ေလယာဥ္မ်ား ေရာင္းခ်ေပးဖို႔ အေမရိကန္အစိုးရခြင့္ျပဳ
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၁၄

ေျမာက္ကိုရီးယားႏိုင္ငံနဲ႔ တင္းမာမႈအရွိန္ျမင့္တက္ေနခ်ိန္မွာပဲ အေမရိကန္အစိုးရဟာ ေတာင္ကိုရီးယားႏိုင္ငံကို အေမရိကန္ေဒၚလာ ၅ ဘီလ်ံတန္ဖိုးရွိ အက္ဖ္ ၃၅ တိုက္ေလယာဥ္မ်ား ေရာင္းခ်ေပးသြားဖို႔ ခြင့္ျပဳလိုက္ေၾကာင္း သိရပါတယ္။

အေမရိကန္အစိုးရဟာ ေတာင္ကိုရီးယားႏိုင္ငံကို ကိုယ္ေပ်ာက္စြမ္းရည္ရွိတဲ့ အက္ဖ္ ၃၅ တိုက္ေလယာဥ္မ်ား ေရာင္းခ်ေပးဖို႔ အေမရိကန္စစ္လက္နက္ပစၥည္းထုတ္လုပ္ေရးကုမၸဏီ Lockheed Martin ကို ခြင့္ျပဳေပးခဲ့ေၾကာင္း၊ ေတာင္ကိုရီးယားအက္ဖ္ ၃၅ တိုက္ေလယာဥ္ ၂၅ စင္း ေရာင္းခ်ေပးသြားမွာျဖစ္ေၾကာင္း သိရပါတယ္။

အေမရိကန္အစိုးရက "ဒီေရာင္းခ်မႈဟာ ေတာင္ကိုရီးယားေတြ႕ႀကဳံေနရတဲ့ ကာကြယ္ေရးစြမ္းရည္ပိုင္းဆိုင္ရာၿခိမ္းေျခာက္မႈေတြ၊ အခက္အခဲျပႆနာေတြကို ပိုမိုကာင္းမြန္လာမွာျဖစ္တယ္။ ေဒသအတြင္း ရန္လိုမႈေတြကို တားဆီးႏိုင္ဖို႔ နဲ႔ အေမရိကန္တပ္ဖြဲ႕ေတြနဲ႔ ပူးေပါင္းမႈ ပိုမိုေကာင္းမြန္လာမွာျဖစ္တယ္" လို႔ ေျပာပါတယ္။

အေမရိကန္စစ္လက္နက္ပစၥည္းထုတ္လုပ္ေရးကုမၼဏီဟာ ေတာင္ကိုရီးယားႏိုင္ငံကို တိုက္ေလယာဥ္မ်ားအျပင္ ဆက္စပ္ပစၥည္းမ်ား၊ အင္ဂ်င္မ်ားကိုလည္း ကူညီေထာက္ပံ့ေပးသြားမွာျဖစ္ေၾကာင္း သိရပါတယ္။

ေတာင္ကိုရီးယားႏိုင္ငံဟာ ၂ဝ၁၈ ခုႏွစ္ကတည္းက အက္ဖ္ ၃၅ တိုက္ေလယာဥ္မ်ားကို အသုံးျပဳခဲ့ေၾကာင္း သိရပါတယ္။ အေမရိကန္အစိုးရဟာ အဆိုပါအက္ဖ္ ၃၅ တိုက္ေလယာဥ္မ်ားကို မဟာမိတ္ႏိုင္ငံမ်ားကိုသာ အဓိက ေရာင္းခ်ေပးလ်က္ရွိေနေၾကာင္း သိရပါတယ္။ ကိုရီးယားကြၽန္းဆြယ္မွာ ေျမာက္ကိုရီးယား နဲ႔ ေတာင္ကိုရီးယား ႏိုင္ငံၾကားတင္းမာမႈေတြ ရွိေနခ်ိန္မွာ အေမရိကန္က ေတာင္ကိုရီးယားကို တိုက္ေလယာဥ္ေတြ ေရာင္းခ်ခဲ့တာျဖစ္ ပါတယ္။

ေျမာက္ကိုရီးယားႏိုင္ငံေခါင္းေဆာင္ ကင္ဂ်ဳံအမ္ဟာ လက္ရွိအခ်ိန္မွာ သမၼတပူတင္နဲ႔ေတြ႕ဆုံေဆြးေႏြးဖို႔ ႐ုရွားႏိုင္ငံကို ေရာက္ရွိေနေၾကာင္း သိရပါတယ္။ အေမရိကန္ဟာ လက္ရွိအခ်ိန္မွာ ေတာင္ကိုရီးယား၊ ဂ်ပန္တို႔နဲ႔ပူးေပါင္းၿပီး သုံးႏိုင္ငံမဟာမိတ္အဖြဲ႕ တည္ေထာင္ထားကာ အဲဒီႏွစ္ႏိုင္ငံမွာ အေမရိကန္တပ္ဖြဲ႕ဝင္ေတြ ျဖန႔္ၾကတ္ခ်ထားေၾကာင္း သိရပါတယ္။

Picture

L Mone

17/09/2023 03:19

လိုးတဲ့မှပဲ.....အကွက်ကတော့...လုပ်ချလိုက်ပြန်ပြီ...၅..ဘီလျံတဲ့ အဲဒါကိုပြောတာ...ဘယ်လောက်တောင်...အမေရိကန်က..ဝမ်းနည်းနေမလဲ..မသိဘူးနော်

Picture

L Mone

17/09/2023 04:58

စီးပွားရေးအလုပ်ဖြစ်ဖို့များ..သူများရန်တိုက် ပြီးကူပေးသယောင်ယောင်နဲ့....၅ ဘီလျံမထည့်လိုက်ပြီ...

Related news

© 2021. All rights reserved.