ရုရှားကို မြောက်ကိုရီးယားနိုင်ငံက ကျည်ဆံများ တစ်လခွဲကျော်ကြာ ကူညီထောက်ပံ့ပေးခဲ့ဟု ယူကရိန်းထောက်လှမ်းရေးအဖွဲ့ပြော

 1895

ဂျန်ဇက် (NP News) - စက်တင်ဘာ ၁၄

မြောက်ကိုရီးယားနိုင်ငံဟာ ရုရှားနိုင်ငံကို စစ်လက်နက်သုံးကျည်ဆံများ တစ်လကျော်ကြာ ကူညီထောက်ပံ့ပေးခဲ့ ကြောင်း ယူကရိန်းထောက်လှမ်းရေးအဖွဲ့အကြီးအကဲ Kyrylo Budanov က ထုတ်ဖော်ပြောလိုက်ပါတယ်။

၎င်းက "မြောက်ကိုရီးယားဟာ ရုရှားကို ၁၂၂ မီလီမီတာ၊ ၁၅၂ မီလီမီတာ သုံးအမြှောက်ကျည်ဆံတွေ၊ Grad ဘက်စုံသုံး ရော့ကဒ်လောင်ချာကျည်ဆံတွေကို တစ်လခွဲကြာ ကူညီထောက်ပံ့ပေးခဲ့တယ်။ မြောက်ကိုရီးယားရဲ့ ကျည်ဆံတွေဟာ ရုရှားနိုင်ငံကို စစ်ပွဲမှာအနိုင်ရဖို့ ရည်ရွယ်ခဲ့တာဖြစ်တယ်" လို့ ပြောပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအမ်ဟာ လက်ရှိအချိန်မှာ ရုရှားနိုင်ငံကို သွားရောက်နေပြီး သမ္မတပူတင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ အမေရိကန်အစိုးရဟာ ရုရှားနဲ့ မြောက်ကိုရီးယားကြား ဆက်ဆံရေး ပိုမို ကောင်းမွန်လာမှာကို စိုးရိမ်နေကြောင်း သိရပါတယ်။ မြောက်ကိုရီးယားနဲ့ ရုရှားနိုင်ငံကြား အပြန်အလှန် ဆက်ဆံရေးတိုးမြှင့်လာခြင်းက အမေရိကန် နဲ့ မဟာမိတ်နိုင်ငံတွေအပေါ် စိုးရိမ်မှုများရှိနေခဲ့ကြောင်း သိရပါတယ်။

အမေရိကန်အစိုးရက မြောက်ကိုရီးယားနိုင်ငံဟာ ရုရှားကို စစ်လက်နက်ပစ္စည်းများ ကူညီထောက်ပံ့ပေးနေကြောင်း ပြောဆိုထားပေမယ့် ဘယ်လိုပုံစံမျိုး လွှဲပြောင်းပေးနေခြင်းကို အတိအကျမသိဘဲဖြစ်နေကြောင်း သိရပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီးဟာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက မြောက်ကိုရီးယားနိုင်ငံကို သွားရောက်ခဲ့ရာ ကင်ဂျုံအမ်က ပိတ်ပင်ခံထားရတဲ့ဒုံးကျည်တွေကို ပြသခဲ့ကြောင်း သိရပါတယ်။ ယူကရိန်းနဲ့ ရုရှားတို့ စစ်ပွဲဖြစ်ပွား ခဲ့ပြီးနောက် အမေရိကန်ဟာ ရုရှားနိုင်ငံအပေါ် တစ်ဖက်သတ်ပိတ်ဆို့မှု အမျိုးမျိုးချမှတ်ခဲ့သလို ရုရှားကို စစ်လက်နက်ပစ္စည်းများ ကူညီပေးတဲ့နိုင်ငံတွေကိုလည်း ပိတ်ဆို့မှုထပ်မံချမှတ်မယ်လို့ ခြိမ်းခြောက်ထားကြောင်း သိရပါတယ်။

အမေရိကန်ဟာ ရုရှားကို ပိတ်ဆို့မှုချမှတ်ထားပြီး ယူကရိန်းကို အမေရိကန်ဒေါ်လာ ၁ဝဝ ဘီလျံကျော် တန်ဖိုးရှိ စစ်လက်နက်ပစ္စည်းအကူအညီများ၊ လူသားချင်းဆိုင်ရာစာနာမှုအကူအညီများ ပံ့ပိုးပေးလျက်ရှိနေကြောင်း သိရပါတယ်။

Zawgyi Version;
႐ုရွားကို ေျမာက္ကိုရီးယားႏိုင္ငံက က်ည္ဆံမ်ား တစ္လခြဲေက်ာ္ၾကာ ကူညီေထာက္ပံ့ေပးခဲ့ဟု ယူကရိန္းေထာက္လွမ္းေရးအဖြဲ႕ေျပာ
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၁၄

ေျမာက္ကိုရီးယားႏိုင္ငံဟာ ႐ုရွားႏိုင္ငံကို စစ္လက္နက္သုံးက်ည္ဆံမ်ား တစ္လေက်ာ္ၾကာ ကူညီေထာက္ပံ့ေပးခဲ့ ေၾကာင္း ယူကရိန္းေထာက္လွမ္းေရးအဖြဲ႕အႀကီးအကဲ Kyrylo Budanov က ထုတ္ေဖာ္ေျပာလိုက္ပါတယ္။

၎က "ေျမာက္ကိုရီးယားဟာ ႐ုရွားကို ၁၂၂ မီလီမီတာ၊ ၁၅၂ မီလီမီတာ သုံးအေျမႇာက္က်ည္ဆံေတြ၊ Grad ဘက္စုံသုံး ေရာ့ကဒ္ေလာင္ခ်ာက်ည္ဆံေတြကို တစ္လခြဲၾကာ ကူညီေထာက္ပံ့ေပးခဲ့တယ္။ ေျမာက္ကိုရီးယားရဲ႕ က်ည္ဆံေတြဟာ ႐ုရွားႏိုင္ငံကို စစ္ပြဲမွာအႏိုင္ရဖို႔ ရည္႐ြယ္ခဲ့တာျဖစ္တယ္" လို႔ ေျပာပါတယ္။

ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ဳံအမ္ဟာ လက္ရွိအခ်ိန္မွာ ႐ုရွားႏိုင္ငံကို သြားေရာက္ေနၿပီး သမၼတပူတင္နဲ႔ ေတြ႕ဆုံေဆြးေႏြးခဲ့ေၾကာင္း သိရပါတယ္။ အေမရိကန္အစိုးရဟာ ႐ုရွားနဲ႔ ေျမာက္ကိုရီးယားၾကား ဆက္ဆံေရး ပိုမို ေကာင္းမြန္လာမွာကို စိုးရိမ္ေနေၾကာင္း သိရပါတယ္။ ေျမာက္ကိုရီးယားနဲ႔ ႐ုရွားႏိုင္ငံၾကား အျပန္အလွန္ ဆက္ဆံေရးတိုးျမႇင့္လာျခင္းက အေမရိကန္ နဲ႔ မဟာမိတ္ႏိုင္ငံေတြအေပၚ စိုးရိမ္မႈမ်ားရွိေနခဲ့ေၾကာင္း သိရပါတယ္။

အေမရိကန္အစိုးရက ေျမာက္ကိုရီးယားႏိုင္ငံဟာ ႐ုရွားကို စစ္လက္နက္ပစၥည္းမ်ား ကူညီေထာက္ပံ့ေပးေနေၾကာင္း ေျပာဆိုထားေပမယ့္ ဘယ္လိုပုံစံမ်ိဳး လႊဲေျပာင္းေပးေနျခင္းကို အတိအက်မသိဘဲျဖစ္ေနေၾကာင္း သိရပါတယ္။
႐ုရွားကာကြယ္ေရးဝန္ႀကီးဟာ ၿပီးခဲ့တဲ့ ဇူလိုင္လအတြင္းက ေျမာက္ကိုရီးယားႏိုင္ငံကို သြားေရာက္ခဲ့ရာ ကင္ဂ်ဳံအမ္က ပိတ္ပင္ခံထားရတဲ့ဒုံးက်ည္ေတြကို ျပသခဲ့ေၾကာင္း သိရပါတယ္။ ယူကရိန္းနဲ႔ ႐ုရွားတို႔ စစ္ပြဲျဖစ္ပြား ခဲ့ၿပီးေနာက္ အေမရိကန္ဟာ ႐ုရွားႏိုင္ငံအေပၚ တစ္ဖက္သတ္ပိတ္ဆို႔မႈ အမ်ိဳးမ်ိဳးခ်မွတ္ခဲ့သလို ႐ုရွားကို စစ္လက္နက္ပစၥည္းမ်ား ကူညီေပးတဲ့ႏိုင္ငံေတြကိုလည္း ပိတ္ဆို႔မႈထပ္မံခ်မွတ္မယ္လို႔ ၿခိမ္းေျခာက္ထားေၾကာင္း သိရပါတယ္။

အေမရိကန္ဟာ ႐ုရွားကို ပိတ္ဆို႔မႈခ်မွတ္ထားၿပီး ယူကရိန္းကို အေမရိကန္ေဒၚလာ ၁ဝဝ ဘီလ်ံေက်ာ္ တန္ဖိုးရွိ စစ္လက္နက္ပစၥည္းအကူအညီမ်ား၊ လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီမ်ား ပံ့ပိုးေပးလ်က္ရွိေနေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.