အနောက်အုပ်စုအတွင်း ယခင်က ကွန်မြူနစ်ကြောက်ရောဂါ နှင့် ယခု တရုတ်ကြောက်ရောဂါဖြစ်ပေါ်နေ

2739

Htay Oung (NP News) - စက်တင်ဘာ ၁၄
ဗြိတိသျှပါလီမန်အမတ်ဖြစ်လာဖွယ်ရှိတဲ့ အမတ်လောင်းနှစ်ဦးတို့ဟာ တရုတ်နိုင်ငံအတွက် သူလျှိုလုပ်ပေးသူများ ဖြစ်နိုင်ဖွယ်ရှိတယ်လို့ MI 5 (ခေါ်) ယူကေပြည်တွင်း စစ်ထောက်လှမ်းရေး အမှတ်-၅ က အာဏာရ ကွန်ဆာဗေးတစ် ပါတီကို သတိပေးခဲ့ကြောင်း၊ MI 6 ပြည်ပထောက်လှမ်းရေးနဲ့ တွဲဖက်တာဝန်ထမ်းဆောင်နေတဲ့ အဲဒီအဖွဲ့ကြီးက သတိပေးတဲ့အတွက် ၎င်းတို့ကိုပါတီက တားဆီးပိတ်ဆို့ခဲ့ရကြောင်း Times သတင်းစာက စက်တင်ဘာလ ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့မှာ ဖော်ပြခဲ့တယ်လို့ Reuters က ယမန်နေ့ ရေးသားပါတယ်။
၂ဝ၂၁ ခုနှစ် နဲ့ ၂ဝ၂၂ ခုနှစ်တုန်းက ပါလီမန်အမတ်လောင်းနှစ်ဦးတို့ဟာ အထူးသဖြင့် တရုတ်နဲ့ ချိတ်ဆက်မှုများရှိ နေတယ်လို့ MI 5 က သတိပေးခဲ့ခြင်းဖြစ်ကြောင်း၊ အကြံပေးချက်အတိုင်း ကွန်ဆာဗေးတစ်ပါတီက အဲဒီကိုယ်စား လှယ်လောင်းတွေ ဝင်ရောက်နိုင်ခြင်းမရှိအောင် ဖယ်ရှားလိုက်ရတယ်လို့ TiMes သတင်းစာက ဆိုပါတယ်။
တရုတ်ရဲ့ဝင်ရောက်စွက်ဖက်မှုနဲ့ပတ်သက်ပြီး ဘယ်လိုထောက်လှမ်းရေးသတင်းများကိုမဆို အစိုးရအနေနဲ့ အလေး အနက်ထားရှိတယ်ကြောင်း ယူကေကျန်းမာရေးနဲ့ လူမှုရေးစောင့်ရှောက်မှုဝန်ကြီးက တိုင်းမ်သတင်းစာကို မှတ်ချက်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ကိုယ်စားလှယ်လောင်းစာရင်းမှာ ပါ၀င်နိုင်ခြင်းမရှိအောင် သူတို့ကိုအမြန်ဆုံးဖယ်ရှားပစ်ခဲ့ကြောင်း၊ သူတို့ဟာ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်လို့ ရတော့မှာ မဟုတ်ဘူးလို့ ဝန်ကြီးက ပြောပါတယ်။
Times သတင်းစာကိစ္စနဲ့ပတ်သက်ပြီး အလားအလာရှိတဲ့ကိုယ်စားလှယ်လောင်းများနဲ့ဆက်စပ်တဲ့ (အမျိုးသား) လုံခြုံရေးအပေါ်စိုးရိမ်ရကြောင်း ယုံကြည်ရလောက်တဲ့သတင်းအချက်အလတ်များကို လက်ခံရရှိတဲ့အခါ သက်ဆိုင် သူကို အရေးယူဆာင်ရွက်ပေးရလေ့ရှိတယ်လို့ ကွန်ဆာဗေးတစ်ပါတီမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြန်လည် ဖြေဆိုပါတယ်။
တရုတ်နိုင်ငံအတွက် သူလျှိုလုပ်ကြောင်း သံသယဖြင့် ဗြိတိသျှပါလီမန်ရေးရာ သုတေသီတစ်ဦးကို မတ်လတုန်း က ဖမ်းဆီးခဲ့ရကြောင်း တနင်္ဂနွေနေ့မှာ သတင်းများ ထွက်ပေါ်ခဲ့ပါတယ်။ တရုတ်နိုင်ငံနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများ တိုးမြင့်လာချိန်မှာ ယခုသတင်း ထပ်မံထွက်ပေါ်လာခြင်းဖြစ်ပါတယ်။
အဲဒီစွပ်စွဲချက်တွေဟာ တရုတ်ဆန့်ကျင်ရေး နိုင်ငံရေးအရောင်ဆိုးနေခြင်းမျှသာဖြစ်ပြီး နိုင်ငံရေးဟာသ ဇာတ်ကား ရိုက်ကူးနေတဲ့ကိစ္စများကို သက်ဆိုင်ရာပါတီတို့အနေနဲ့ရပ်တန့်ဖို့ ပြီးခဲ့တဲ့သီတင်းပတ်အစောပိုင်းမှာ တရုတ်အစိုးရ က တိုက်တွန်းလိုက်ပါတယ်။
ပါလီမန်အတွင်း ခြိမ်းခြောက်ခံရမှုနဲ့ပတ်သက်ပြီး ဗြိတိသျှထောက်လှမ်းရေးက နိုင်ငံရေးသမားများကို သတိပေးနေ ခဲ့တာကြာလှပါပြီ။ တရုတ်အာဏာပိုင်တွေဟာ အဆက်အသွယ်များ မွေးမြူတဲ့ဂိမ်းရှည်ကြီးကို ကစားနေကြောင်း လွန်ခဲ့တဲ့ခဲ့နှစ် MI5 ညွှန်ကြားရေးမှူးချုပ် ကင်_မက္ကောလေးက ပြောဖူးပါတယ်။
(ပုဂ္ဂလိက ပိုင်ဆိုင်မှုကို ဆန့်ကျင်ပြီး ဘုံဝါဒအပေါ်ယုံကြည်တဲ့ ကွန်မြူနစ်ဆန်ဆန် အုပ်စုဖွဲ့တွေးခေါ်မှုများကို ပုဂ္ဂလိကပိုင်ဆိုင်မှုနဲ့ အရင်းအနှီးစီးပွားရေးအသားပေး အနောက်နိုင်ငံများရဲ့အားထုတ်မှုဟာ နှစ်ပေါင်း တစ်ရာ ကျော် သက်တမ်းရှိခဲ့ပါပြီ၊ ၁၉၁၇ ခုနှစ် ရုရှားတော်လှန်ရေးအပြီး ဆိုဗီယက်အင်ပါယာ ပေါ်ထွန်းလာချိန်မှ စတင်ပြီး အမေရိကန်ဦးဆောင် အနောက်အုပ်စုနဲ့ ဆိုဗီယက်အုပ်စုတို့အကြား ပြိုင်ဆိုင်မှုဟာ ကမ္ဘာအဆင့်ထိ ပြင်းထန်လာ ခဲ့ပါတယ်။ တပြိုင်နက်တည်းမှာပဲ ဥရောပနဲ့ အမေရိကန်နိ်ုင်ငံတို့မှာ ကွန်မြူနစ်ဝါဒဆန့်ကျင်ရေးကို တင်းကြပ် စွာ ကိုင်တွယ်ခဲ့ပါတယ်။
၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ်မှာ နာဇီဂျာမနီခေါင်းဆောင် ဟစ်တလာရဲ့ကွပ်ကဲမှုဌာနချုပ်တည်ရှိရာ ဘာလင်မြို့ကို အနောက်မဟာမိတ်တို့ထက် စောပြီး ဆိုဗီယက်တပ်နီတော်က သိမ်းယူနိုင်ခြင်း၊ တရုတ်ပြည်မှာ မော်စီတုန်းရဲ့ ကွန်မြူနစ်တို့က ချန်ကေရှိတ်ရဲ့ ကူမင်တန်အစိုးရအပေါ် အနိုင်ရရှိလိုက်ခြင်းဟာ နိုင်ငံတကာ ခေတ်ပညာတတ် လူငယ်ထုအကြား ကွန်မြူနစ်ဝါဒအပေါ် အရူးအမူးဖြစ်စေခဲ့ပါတယ်။ ကမ္ဘာအရပ်ရပ် စာပေ-ဂီတ-ရုပ်ရှင်တို့မှာ လက်ဝဲနိုင်ငံရေးအယူအဆများ ရေပန်းစားလာခြင်းနဲ့အတူ အနောက်နိုင်ငံ အစိုးရတို့ရဲ့ကွန်မြူနစ်ဆန့်ကျင်ရေးဟာ ပိုမိုတင်းကြပ်ပြင်းထန်လာခဲ့ပါတယ်။
အရင်းရှင်စနစ်ကို ဝေဖန်ပြီး လက်ဝဲအယူအဆများကို စာနာဖြန့်ဝေသူ ကွန်မြူနစ်တစ်ဦးဖြစ်တယ်လို့ ဟာသ သရုပ်ဆောင် ချာလီချက်ပလင်အပေါ် အမေရိကန်ကွန်ဂရက်လွှတ်တော်က စွပ်စွဲခဲ့ပါတယ်။ ချာလီချက်ပလင်ဟာ လန်ဒန်မြို့မှာ မွေးဖွားပြီး ဆင်းရဲမွဲတေစွာ ကြီးပြင်းလာခဲ့သူဖြစ်ပါတယ်။ ကြိုးစားအားထုတ်မှုကြောင့် ကမ္ဘာကျော် ဖြစ်လာခဲ့သူချာလီဟာ ဥရောပမှာ ရောက်ရှိနေခိုက် ၁၉၄၇ ခုနှစ် အမေရိကန်ကွန်ဂရက်ရဲ့ဆင့်ခေါ်စာကို ငြင်းဆိုပြီး ကြားနေ ဆွစ်ဇာလန်နိုင်ငံမှာ နိုင်ငံသားအဖြစ် ပြောင်းလဲခံယူခဲ့ရပါတယ်။
အနောက်နိုင်ငံများအတွင်း ကွန်မြူနစ်ဝါဒဆန့်ကျင်ရေးနဲ့အတူ လူသိများထင်ရှားတဲ့ စာရေးဆရာ-အနုပညာရှင် များ-နိုင်ငံရေးသမားအတော်များများတို့ဟာ လူ့အသိုင်းအဝိုင်းက ရှုတ်ချစွန့်ပစ်ခြင်း လူမှုရေးပြစ်ဒဏ် အပေးခံခဲ့ရ တယ်။ အရှေ-အနောက် စစ်အေးတိုက်ပွဲကလည်း ပိုမိုပြင်းထန်လာခဲ့ပါတယ်။
နိုင်ငံတစ်နိုင်ငံဟာ ကွန်မြူနစ်ဖြစ်သွားရင် အနီးအနားနိုင်ငံများမှာလည်း အလိုအလျောက် ကွန်မြူနစ်ဖြစ်သွား လိမ့်မယ်လို့ ဒိုမီနီကန်သီအိုရီနဲ့ ကွန်မြူနစ်ဝါး ဖိနှိပ် တားဆီးချေမှုန်းရေး မက္ကာသီအယူအဆအရ ၁၉၅၄ ခုနှစ် အမေရိကန်ဟာ မြန်မာ့အိမ်နီးချင်း လောနိုင်ငံ အပါအဝင် ကမ္ဘောဒီးယားဗီယက်နမ်နိုင်ငံတို့ကို အတိအလင်း ဝင်ရောက် တိုက်ခိုက်ခဲ့ပါတယ်။ ဒါပေမယ့် ကြီးလေးတဲ့ စစ်စရိတ်နဲ့ အသေအပျောက်များပြားပြီး ၁၉၇၅ ခုနှစ်မှာ မရှုမလှ ဆုတ်ခွာပေးရခြင်းသာ အဖတ်တင်ခဲ့ပါတယ်။
ဒီနေ့ခေတ် ရုရှားဟာ ကွန်မြူနစ်မဟုတ်တော့ဘဲ့ တရုတ်နိုင်ငံမှာလည်း ကွန်မြူနစ်အစိုးရက အုပ်ချုပ်နေလင့်ကစား ပုဂ္ဂလိက ပိုင်ဆိုင်မှုဆန့်ကျင်ရေး လက်ဝဲအယူအဆတွေကို ဆုပ်ကိုင်ထားမြဲဖြစ်ကြောင်း အထောက်အထား မရှိ တော့ပါ။ အမေရိကန် အပါအ၀င် အနောက်နိုင်ငံများပင် လာရောက်ရင်းနှီးမြှုပ်နှံနေကြပြီဖြစ်ပါတယ်။
မျက်မှောက်ခေတ် စစ်အေးတိုက်ပွဲဟာ ရုရှား-တရုတ် စစ်ရေးစီးပွားရေး အင်အားကြီးထွားလာခြင်း၊ အထူးသဖြင့် တရုတ်နိုင်ငံရဲ့ နိုင်ငံရေးသြဇာနဲ့ စီးပွားရေးဟာ ကမ္ဘာနံပါတ်-၁ အဖြစ် အမေရိကန်ကို ကျော်တက်ခြင်းမှ တားဆီး ရေးဖြစ်နေပါတယ်။ ။သတင်းဘာသာပြန်သူ))
#ဗြိတိန်ကွန်ဆာဗေးတစ်ပါတီ #MI5 #ယူကေပြည်တွင်းထောက်လှမ်းရေး #အနီ_ကွန်မြူနစ်ကြောက်ရောဂါ #တရုတ်ကြောက်ရောဂါ #ချာလီချက်ပလင် #အင်ဒိုချိုင်းနားစစ်ပွဲ #အမေရိကန် #တရုတ်သူလျှို
(Reuters., 13 September 2023,” UK's MI5 warned Conservatives over possible Chinese spy candidates, the Times reports” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

Zawgyi Version;
အေနာက္အုပ္စုအတြင္း ယခင္က ကြန္ျမဴနစ္ေၾကာက္ေရာဂါ ႏွင့္ ယခု တ႐ုတ္ေၾကာက္ေရာဂါျဖစ္ေပၚေန
Htay Oung (NP News) - စက္တင္ဘာ ၁၄
ၿဗိတိသွ်ပါလီမန္အမတ္ျဖစ္လာဖြယ္ရွိတဲ့ အမတ္ေလာင္းႏွစ္ဦးတို႔ဟာ တ႐ုတ္ႏိုင္ငံအတြက္ သူလွ်ိဳလုပ္ေပးသူမ်ား ျဖစ္ႏိုင္ဖြယ္ရွိတယ္လို႔ MI 5 (ေခၚ) ယူေကျပည္တြင္း စစ္ေထာက္လွမ္းေရး အမွတ္-၅ က အာဏာရ ကြန္ဆာေဗးတစ္ ပါတီကို သတိေပးခဲ့ေၾကာင္း၊ MI 6 ျပည္ပေထာက္လွမ္းေရးနဲ႔ တြဲဖက္တာဝန္ထမ္းေဆာင္ေနတဲ့ အဲဒီအဖြဲ႕ႀကီးက သတိေပးတဲ့အတြက္ ၎တို႔ကိုပါတီက တားဆီးပိတ္ဆို႔ခဲ့ရေၾကာင္း Times သတင္းစာက စက္တင္ဘာလ ၁၄ ရက္၊ ဗုဒၶဟူးေန႔မွာ ေဖာ္ျပခဲ့တယ္လို႔ Reuters က ယမန္ေန႔ ေရးသားပါတယ္။
၂ဝ၂၁ ခုႏွစ္ နဲ႔ ၂ဝ၂၂ ခုႏွစ္တုန္းက ပါလီမန္အမတ္ေလာင္းႏွစ္ဦးတို႔ဟာ အထူးသျဖင့္ တ႐ုတ္နဲ႔ ခ်ိတ္ဆက္မႈမ်ားရွိ ေနတယ္လို႔ MI 5 က သတိေပးခဲ့ျခင္းျဖစ္ေၾကာင္း၊ အႀကံေပးခ်က္အတိုင္း ကြန္ဆာေဗးတစ္ပါတီက အဲဒီကိုယ္စား လွယ္ေလာင္းေတြ ဝင္ေရာက္ႏိုင္ျခင္းမရွိေအာင္ ဖယ္ရွားလိုက္ရတယ္လို႔ TiMes သတင္းစာက ဆိုပါတယ္။
တ႐ုတ္ရဲ႕ဝင္ေရာက္စြက္ဖက္မႈနဲ႔ပတ္သက္ၿပီး ဘယ္လိုေထာက္လွမ္းေရးသတင္းမ်ားကိုမဆို အစိုးရအေနနဲ႔ အေလး အနက္ထားရွိတယ္ေၾကာင္း ယူေကက်န္းမာေရးနဲ႔ လူမႈေရးေစာင့္ေရွာက္မႈဝန္ႀကီးက တိုင္းမ္သတင္းစာကို မွတ္ခ်က္ေပးခဲ့တယ္လို႔ ဆိုပါတယ္။
ကိုယ္စားလွယ္ေလာင္းစာရင္းမွာ ပါ၀င္ႏိုင္ျခင္းမရွိေအာင္ သူတို႔ကိုအျမန္ဆုံးဖယ္ရွားပစ္ခဲ့ေၾကာင္း၊ သူတို႔ဟာ ေ႐ြးေကာက္ပြဲမွာ ၀င္ေရာက္ယွဥ္ၿပိဳင္လို႔ ရေတာ့မွာ မဟုတ္ဘူးလို႔ ဝန္ႀကီးက ေျပာပါတယ္။
Times သတင္းစာကိစၥနဲ႔ပတ္သက္ၿပီး အလားအလာရွိတဲ့ကိုယ္စားလွယ္ေလာင္းမ်ားနဲ႔ဆက္စပ္တဲ့ (အမ်ိဳးသား) လုံၿခဳံေရးအေပၚစိုးရိမ္ရေၾကာင္း ယုံၾကည္ရေလာက္တဲ့သတင္းအခ်က္အလတ္မ်ားကို လက္ခံရရွိတဲ့အခါ သက္ဆိုင္ သူကို အေရးယူဆာင္႐ြက္ေပးရေလ့ရွိတယ္လို႔ ကြန္ဆာေဗးတစ္ပါတီမွ ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက ျပန္လည္ ေျဖဆိုပါတယ္။
တ႐ုတ္ႏိုင္ငံအတြက္ သူလွ်ိဳလုပ္ေၾကာင္း သံသယျဖင့္ ၿဗိတိသွ်ပါလီမန္ေရးရာ သုေတသီတစ္ဦးကို မတ္လတုန္း က ဖမ္းဆီးခဲ့ရေၾကာင္း တနဂၤေႏြေန႔မွာ သတင္းမ်ား ထြက္ေပၚခဲ့ပါတယ္။ တ႐ုတ္ႏိုင္ငံနဲ႔ပတ္သက္ၿပီး စိုးရိမ္ပူပန္မႈမ်ား တိုးျမင့္လာခ်ိန္မွာ ယခုသတင္း ထပ္မံထြက္ေပၚလာျခင္းျဖစ္ပါတယ္။
အဲဒီစြပ္စြဲခ်က္ေတြဟာ တ႐ုတ္ဆန႔္က်င္ေရး ႏိုင္ငံေရးအေရာင္ဆိုးေနျခင္းမွ်သာျဖစ္ၿပီး ႏိုင္ငံေရးဟာသ ဇာတ္ကား ႐ိုက္ကူးေနတဲ့ကိစၥမ်ားကို သက္ဆိုင္ရာပါတီတို႔အေနနဲ႔ရပ္တန္႔ဖို႔ ၿပီးခဲ့တဲ့သီတင္းပတ္အေစာပိုင္းမွာ တ႐ုတ္အစိုးရ က တိုက္တြန္းလိုက္ပါတယ္။
ပါလီမန္အတြင္း ၿခိမ္းေျခာက္ခံရမႈနဲ႔ပတ္သက္ၿပီး ၿဗိတိသွ်ေထာက္လွမ္းေရးက ႏိုင္ငံေရးသမားမ်ားကို သတိေပးေန ခဲ့တာၾကာလွပါၿပီ။ တ႐ုတ္အာဏာပိုင္ေတြဟာ အဆက္အသြယ္မ်ား ေမြးျမဴတဲ့ဂိမ္းရွည္ႀကီးကို ကစားေနေၾကာင္း လြန္ခဲ့တဲ့ခဲ့ႏွစ္ MI5 ၫႊန္ၾကားေရးမႉးခ်ဳပ္ ကင္_မေကၠာေလးက ေျပာဖူးပါတယ္။
(ပုဂၢလိက ပိုင္ဆိုင္မႈကို ဆန္႔က်င္ၿပီး ဘုံဝါဒအေပၚယုံၾကည္တဲ့ ကြန္ျမဴနစ္ဆန္ဆန္ အုပ္စုဖြဲ႕ေတြးေခၚမႈမ်ားကို ပုဂၢလိကပိုင္ဆိုင္မႈနဲ႔ အရင္းအႏွီးစီးပြားေရးအသားေပး အေနာက္ႏိုင္ငံမ်ားရဲ႕အားထုတ္မႈဟာ ႏွစ္ေပါင္း တစ္ရာ ေက်ာ္ သက္တမ္းရွိခဲ့ပါၿပီ၊ ၁၉၁၇ ခုႏွစ္ ႐ုရွားေတာ္လွန္ေရးအၿပီး ဆိုဗီယက္အင္ပါယာ ေပၚထြန္းလာခ်ိန္မွ စတင္ၿပီး အေမရိကန္ဦးေဆာင္ အေနာက္အုပ္စုနဲ႔ ဆိုဗီယက္အုပ္စုတို႔အၾကား ၿပိဳင္ဆိုင္မႈဟာ ကမာၻအဆင့္ထိ ျပင္းထန္လာ ခဲ့ပါတယ္။ တၿပိဳင္နက္တည္းမွာပဲ ဥေရာပနဲ႔ အေမရိကန္နိ္ုင္ငံတို႔မွာ ကြန္ျမဴနစ္ဝါဒဆန္႔က်င္ေရးကို တင္းၾကပ္ စြာ ကိုင္တြယ္ခဲ့ပါတယ္။
၁၉၄၅ ခုႏွစ္ ဒုတိယကမာၻစစ္မွာ နာဇီဂ်ာမနီေခါင္းေဆာင္ ဟစ္တလာရဲ႕ကြပ္ကဲမႈဌာနခ်ဳပ္တည္ရွိရာ ဘာလင္ၿမိဳ႕ကို အေနာက္မဟာမိတ္တို႔ထက္ ေစာၿပီး ဆိုဗီယက္တပ္နီေတာ္က သိမ္းယူႏိုင္ျခင္း၊ တ႐ုတ္ျပည္မွာ ေမာ္စီတုန္းရဲ႕ ကြန္ျမဴနစ္တို႔က ခ်န္ေကရွိတ္ရဲ႕ ကူမင္တန္အစိုးရအေပၚ အႏိုင္ရရွိလိုက္ျခင္းဟာ ႏိုင္ငံတကာ ေခတ္ပညာတတ္ လူငယ္ထုအၾကား ကြန္ျမဴနစ္ဝါဒအေပၚ အ႐ူးအမူးျဖစ္ေစခဲ့ပါတယ္။ ကမာၻအရပ္ရပ္ စာေပ-ဂီတ-႐ုပ္ရွင္တို႔မွာ လက္ဝဲႏိုင္ငံေရးအယူအဆမ်ား ေရပန္းစားလာျခင္းနဲ႔အတူ အေနာက္ႏိုင္ငံ အစိုးရတို႔ရဲ႕ကြန္ျမဴနစ္ဆန္႔က်င္ေရးဟာ ပိုမိုတင္းၾကပ္ျပင္းထန္လာခဲ့ပါတယ္။
အရင္းရွင္စနစ္ကို ေဝဖန္ၿပီး လက္ဝဲအယူအဆမ်ားကို စာနာျဖန္႔ေဝသူ ကြန္ျမဴနစ္တစ္ဦးျဖစ္တယ္လို႔ ဟာသ သ႐ုပ္ေဆာင္ ခ်ာလီခ်က္ပလင္အေပၚ အေမရိကန္ကြန္ဂရက္လႊတ္ေတာ္က စြပ္စြဲခဲ့ပါတယ္။ ခ်ာလီခ်က္ပလင္ဟာ လန္ဒန္ၿမိဳ႕မွာ ေမြးဖြားၿပီး ဆင္းရဲမြဲေတစြာ ႀကီးျပင္းလာခဲ့သူျဖစ္ပါတယ္။ ႀကိဳးစားအားထုတ္မႈေၾကာင့္ ကမာၻေက်ာ္ ျဖစ္လာခဲ့သူခ်ာလီဟာ ဥေရာပမွာ ေရာက္ရွိေနခိုက္ ၁၉၄၇ ခုႏွစ္ အေမရိကန္ကြန္ဂရက္ရဲ႕ဆင့္ေခၚစာကို ျငင္းဆိုၿပီး ၾကားေန ဆြစ္ဇာလန္ႏိုင္ငံမွာ ႏိုင္ငံသားအျဖစ္ ေျပာင္းလဲခံယူခဲ့ရပါတယ္။
အေနာက္ႏိုင္ငံမ်ားအတြင္း ကြန္ျမဴနစ္ဝါဒဆန္႔က်င္ေရးနဲ႔အတူ လူသိမ်ားထင္ရွားတဲ့ စာေရးဆရာ-အႏုပညာရွင္ မ်ား-ႏိုင္ငံေရးသမားအေတာ္မ်ားမ်ားတို႔ဟာ လူ႔အသိုင္းအဝိုင္းက ရႈတ္ခ်စြန္႔ပစ္ျခင္း လူမႈေရးျပစ္ဒဏ္ အေပးခံခဲ့ရ တယ္။ အေရွ-အေနာက္ စစ္ေအးတိုက္ပြဲကလည္း ပိုမိုျပင္းထန္လာခဲ့ပါတယ္။
ႏိုင္ငံတစ္ႏိုင္ငံဟာ ကြန္ျမဴနစ္ျဖစ္သြားရင္ အနီးအနားႏိုင္ငံမ်ားမွာလည္း အလိုအေလ်ာက္ ကြန္ျမဴနစ္ျဖစ္သြား လိမ့္မယ္လို႔ ဒိုမီနီကန္သီအိုရီနဲ႔ ကြန္ျမဴနစ္ဝါး ဖိႏွိပ္ တားဆီးေခ်မႈန္းေရး မကၠာသီအယူအဆအရ ၁၉၅၄ ခုႏွစ္ အေမရိကန္ဟာ ျမန္မာ့အိမ္နီးခ်င္း ေလာႏိုင္ငံ အပါအဝင္ ကေမာၻဒီးယားဗီယက္နမ္ႏိုင္ငံတို႔ကို အတိအလင္း ဝင္ေရာက္ တိုက္ခိုက္ခဲ့ပါတယ္။ ဒါေပမယ့္ ႀကီးေလးတဲ့ စစ္စရိတ္နဲ႔ အေသအေပ်ာက္မ်ားျပားၿပီး ၁၉၇၅ ခုႏွစ္မွာ မရႈမလွ ဆုတ္ခြာေပးရျခင္းသာ အဖတ္တင္ခဲ့ပါတယ္။
ဒီေန႔ေခတ္ ႐ုရွားဟာ ကြန္ျမဴနစ္မဟုတ္ေတာ့ဘဲ့ တ႐ုတ္ႏိုင္ငံမွာလည္း ကြန္ျမဴနစ္အစိုးရက အုပ္ခ်ဳပ္ေနလင့္ကစား ပုဂၢလိက ပိုင္ဆိုင္မႈဆန္႔က်င္ေရး လက္ဝဲအယူအဆေတြကို ဆုပ္ကိုင္ထားၿမဲျဖစ္ေၾကာင္း အေထာက္အထား မရွိ ေတာ့ပါ။ အေမရိကန္ အပါအ၀င္ အေနာက္ႏိုင္ငံမ်ားပင္ လာေရာက္ရင္းႏွီးျမႇဳပ္ႏွံေနၾကၿပီျဖစ္ပါတယ္။
မ်က္ေမွာက္ေခတ္ စစ္ေအးတိုက္ပြဲဟာ ႐ုရွား-တ႐ုတ္ စစ္ေရးစီးပြားေရး အင္အားႀကီးထြားလာျခင္း၊ အထူးသျဖင့္ တ႐ုတ္ႏိုင္ငံရဲ႕ ႏိုင္ငံေရးၾသဇာနဲ႔ စီးပြားေရးဟာ ကမာၻနံပါတ္-၁ အျဖစ္ အေမရိကန္ကို ေက်ာ္တက္ျခင္းမွ တားဆီး ေရးျဖစ္ေနပါတယ္။ ။သတင္းဘာသာျပန္သူ))
#ၿဗိတိန္ကြန္ဆာေဗးတစ္ပါတီ #MI5 #ယူေကျပည္တြင္းေထာက္လွမ္းေရး #အနီ_ကြန္ျမဴနစ္ေၾကာက္ေရာဂါ #တ႐ုတ္ေၾကာက္ေရာဂါ #ခ်ာလီခ်က္ပလင္ #အင္ဒိုခ်ိဳင္းနားစစ္ပြဲ #အေမရိကန္ #တ႐ုတ္သူလွ်ိဳ
(Reuters., 13 September 2023,” UK's MI5 warned Conservatives over possible Chinese spy candidates, the Times reports” ကို #HtayOung, #OungMarine ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)