ခရိုင်းမီးယားဒေသကို ပစ်မှတ်ထားတိုက်ခိုက်လာတဲ့ ယူကရိန်းဒရုန်း (၁၁)စင်းနဲ့ အမြန်သွားလှေတွေကို ဖျက်ဆီးနိုင်ခဲ့ဟု ရုရှားစစ်ဘက်ပြော

 795

ဂျန်ဇက် (NP News) - ‌စက်တင်ဘာ ၁၄

ရုရှားစစ်ဘက်ဟာ ခရိုင်းမီးယားဒေသကို တိုက်ခိုက်ဖို့ ဦးတည်လာနေတဲ့ ယူကရိန်းရဲ့ဒရုန်း အနည်းဆုံး (၁၁)စင်းကိုပစ်ချနိုင်ခဲ့သလို ပင်လယ်နက်ထဲမှာလည်း ယူကရိန်းရဲ့မောင်းသူမဲ့ အမြန်သွားလှေတွေကို ယနေ့ (စက်တင်ဘာလ ၁၄ ရက်)က ဖျက်ဆီးနိုင်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနက "စက်တင်ဘာလ ၁၄ ရက်၊ နံနက် ၅ နာရီခွဲလောက်မှာ ယူကရိန်းဟာမောင်းသူမဲ့ ဒရုန်းတွေနဲ့ အကြမ်းဖက်တိုက်ခိုက်ဖို့ လုပ်နေခဲ့တယ်။ ရုရှားလေကြောင်းရန် ကာကွယ်ရေးစနစ်တွေက ယူကရိန်းရဲ့မောင်းသူမဲ့ ဒရုန်း ၁၁ စင်းကို ပစ်ချနိုင်ခဲ့တယ်"လို့ပြောပါတယ်။

ပင်လယ်နက်အတွင်းရှိ ရုရှားစစ်သင်္ဘော Sergey Kotov ကိုလည်း ယူကရိန်းရေတပ်ဟာ မောင်းသူမဲ့အမြန်လှေတွေနဲ့ တိုက်ခိုက်ဖို့ ချဉ်းကပ်ခဲ့ကြောင်း၊ အဲဒီမောင်းသူမဲ့အမြန်လှေပေါ်မှာပေါက်ကွဲစေတဲ့ ပစ္စည်းများတင်ဆောင်ထားကြောင်း၊ ဒါပေမယ့် ယူကရိန်းရဲ့မောင်းသူမဲ့ အမြန်လှေငါးစင်းစလုံးကိုဖျက်ဆီးနိုင်ခဲ့ကြောင်း ရုရှားစစ်ဘက်ကပြောပါတယ်။ ယူကရိန်းဟာ ပြီးခဲ့တဲ့သီတင်းပတ်တွေမှာ ရုရှားပိုင်နက်တွေကို ဒရုန်းနဲ့တိုက်ခိုက်ဖို့ ကြိုးပမ်းခဲ့ပြီး အထူးသဖြင့် ခရိုင်းမီးယားဒေသကို ပစ်မှတ်ထားကာ တိုက်ခိုက်ဖို့ အရှိန်မြင့်လုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်။

ယူကရိန်းဟာ ရုရှားသင်္ဘောကျင်းကိုလည်း ပြီးခဲ့တဲ့ရက်ပိုင်းက ခရုဇ်ဒုံးကျည်များနဲ့တိုက်ခိုက်ခဲ့ရာ အနည်းဆုံးလူပေါင်း (၂၄)ဦး ဒဏ်ရာရခဲ့ကြောင်းသိရပါတယ်။ ယူကရိန်းနဲ့ ရုရှားတို့ဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကတည်းက စစ်ပွဲစတင်ခဲ့ပြီး လက်ရှိအချိန်အထိ တိုက်ခိုက်နေဆဲဖြစ်ရာ နှစ်နိုင်ငံကြား စစ်ပွဲအဆုံးသတ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးဖို့အလှမ်း ဝေးနေဆဲဖြစ်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ပြောပါတယ်။ ယူကရိန်းဟာ သိမ်းပိုက်ခံထားရတဲ့ ဒေသ လေးခုကို ပြန်လည်ရယူနိုင်ဖို့ ပြီးခဲ့တဲ့ဇွန်လအစောပိုင်းတည်းက ရုရှားတပ်ဖွဲ့တွေအပေါ် တန်ပြန်ထိုးစစ်ဆင်ခဲ့ပေမယ့် မျှော်လင့်သလောက်ရလဒ်မကောင်းဘဲ ရှေ့တန်းစစ်မျက်နှာပြင်တွေကို ထိုးဖောက်နိုင်ခြင်းမရှိသေးကြောင်း အနောက် အုပ်စုမီဒီယာတွေကဖော်ပြထားပါတယ်။

zawgyi version
ခ႐ိုင္းမီးယားေဒသကို ပစ္မွတ္ထားတိုက္ခိုက္လာတဲ့ ယူကရိန္းဒ႐ုန္း (၁၁)စင္းနဲ႔ အျမန္သြားေလွေတြကို ဖ်က္ဆီးႏိုင္ခဲ့ဟု ႐ုရွားစစ္ဘက္ေျပာ
ဂ်န္ဇက္ (NP News) - ‌စက္တင္ဘာ ၁၄

႐ုရွားစစ္ဘက္ဟာ ခ႐ိုင္းမီးယားေဒသကို တိုက္ခိုက္ဖို႔ ဦးတည္လာေနတဲ့ ယူကရိန္းရဲ႕ဒ႐ုန္း အနည္းဆုံး (၁၁)စင္းကိုပစ္ခ်ႏိုင္ခဲ့သလို ပင္လယ္နက္ထဲမွာလည္း ယူကရိန္းရဲ႕ေမာင္းသူမဲ့ အျမန္သြားေလွေတြကို ယေန႔ (စက္တင္ဘာလ ၁၄ ရက္)က ဖ်က္ဆီးႏိုင္ခဲ့တယ္လို႔ ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက ဆိုပါတယ္။

႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက "စက္တင္ဘာလ ၁၄ ရက္၊ နံနက္ ၅ နာရီခြဲေလာက္မွာ ယူကရိန္းဟာေမာင္းသူမဲ့ ဒ႐ုန္းေတြနဲ႔ အၾကမ္းဖက္တိုက္ခိုက္ဖို႔ လုပ္ေနခဲ့တယ္။ ႐ုရွားေလေၾကာင္းရန္ ကာကြယ္ေရးစနစ္ေတြက ယူကရိန္းရဲ႕ေမာင္းသူမဲ့ ဒ႐ုန္း ၁၁ စင္းကို ပစ္ခ်ႏိုင္ခဲ့တယ္"လို႔ေျပာပါတယ္။

ပင္လယ္နက္အတြင္းရွိ ႐ုရွားစစ္သေဘၤာ Sergey Kotov ကိုလည္း ယူကရိန္းေရတပ္ဟာ ေမာင္းသူမဲ့အျမန္ေလွေတြနဲ႔ တိုက္ခိုက္ဖို႔ ခ်ဥ္းကပ္ခဲ့ေၾကာင္း၊ အဲဒီေမာင္းသူမဲ့အျမန္ေလွေပၚမွာေပါက္ကြဲေစတဲ့ ပစၥည္းမ်ားတင္ေဆာင္ထားေၾကာင္း၊ ဒါေပမယ့္ ယူကရိန္းရဲ႕ေမာင္းသူမဲ့ အျမန္ေလွငါးစင္းစလုံးကိုဖ်က္ဆီးႏိုင္ခဲ့ေၾကာင္း ႐ုရွားစစ္ဘက္ကေျပာပါတယ္။ ယူကရိန္းဟာ ၿပီးခဲ့တဲ့သီတင္းပတ္ေတြမွာ ႐ုရွားပိုင္နက္ေတြကို ဒ႐ုန္းနဲ႔တိုက္ခိုက္ဖို႔ ႀကိဳးပမ္းခဲ့ၿပီး အထူးသျဖင့္ ခ႐ိုင္းမီးယားေဒသကို ပစ္မွတ္ထားကာ တိုက္ခိုက္ဖို႔ အရွိန္ျမင့္လုပ္ေဆာင္ခဲ့ေၾကာင္းသိရပါတယ္။

ယူကရိန္းဟာ ႐ုရွားသေဘၤာက်င္းကိုလည္း ၿပီးခဲ့တဲ့ရက္ပိုင္းက ခ႐ုဇ္ဒုံးက်ည္မ်ားနဲ႔တိုက္ခိုက္ခဲ့ရာ အနည္းဆုံးလူေပါင္း (၂၄)ဦး ဒဏ္ရာရခဲ့ေၾကာင္းသိရပါတယ္။ ယူကရိန္းနဲ႔ ႐ုရွားတို႔ဟာ ၂၀၂၂ ခုႏွစ္ ေဖေဖာ္ဝါရီလကတည္းက စစ္ပြဲစတင္ခဲ့ၿပီး လက္ရွိအခ်ိန္အထိ တိုက္ခိုက္ေနဆဲျဖစ္ရာ ႏွစ္ႏိုင္ငံၾကား စစ္ပြဲအဆုံးသတ္ၿပီး ၿငိမ္းခ်မ္းေရးေဆြးေႏြးဖို႔အလွမ္း ေဝးေနဆဲျဖစ္ေၾကာင္း ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္က ေျပာပါတယ္။ ယူကရိန္းဟာ သိမ္းပိုက္ခံထားရတဲ့ ေဒသ ေလးခုကို ျပန္လည္ရယူႏိုင္ဖို႔ ၿပီးခဲ့တဲ့ဇြန္လအေစာပိုင္းတည္းက ႐ုရွားတပ္ဖြဲ႕ေတြအေပၚ တန္ျပန္ထိုးစစ္ဆင္ခဲ့ေပမယ့္ ေမွ်ာ္လင့္သေလာက္ရလဒ္မေကာင္းဘဲ ေရွ႕တန္းစစ္မ်က္ႏွာျပင္ေတြကို ထိုးေဖာက္ႏိုင္ျခင္းမရွိေသးေၾကာင္း အေနာက္ အုပ္စုမီဒီယာေတြကေဖာ္ျပထားပါတယ္။

Related news

© 2021. All rights reserved.