သမီးဖြစ်သူကို ပြည့်တန်ဆာလုပ်ရန် ခိုင်းစေခဲ့သော မြန်မာအမျိုးသမီးကို ဖမ်းဆီးပြီးနောက် လိင်ဆက်ဆံခဲ့သူများကို ဝရမ်းထုတ်ဖမ်းဆီးမည်ဟုဆို

23506

Pika (NP News) - စက်တင်ဘာ ၁၄
ထိုင်းနိုင်ငံ အလယ်ပိုင်းတွင် ပြည့်တန်ဆာအဖြစ် လုပ်ကိုင်ရန် မိခင်ဖြစ်သူ၏ ဖိအားပေးစေခိုင်းခံရသော အသက် (၁၅) နှစ်အရွယ် မိန်းကလေးနှင့် လိင်ဆက်ဆံခဲ့သည်ဟု ယူဆရသော လူ(၅)ဦးကို ဖမ်းဝရမ်းထုတ်နိုင်ရန်အတွက် ထိုင်းရဲတပ်ဖွဲ့က ကြိုးပမ်းနေကြောင်း သိရသည်။
အဆိုပါမှုခင်းဖြစ်ရပ်သည် Saraburi ပြည်နယ်ရှိ အပန်းဖြေစခန်းတစ်ခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါအမှုနှင့်ပတ်သက်သည့် သံသယရှိသူ(၅)ဦးအနက် နှစ်ဦးကို စစ်ဆေးမေးမြန်းကာ ယာယီပြန်လွှတ်ပေးခဲ့ ကြောင်း Saraburi ရဲစခန်းမှ စစ်ဆေးရေးမှူး Somkid Sawisai က စက်တင်ဘာလ(၁၃)ရက်တွင် ထုတ်ဖော် ပြောခဲ့သည်။
တစ်ဦးမှာ Saraburi ပြည်နယ်ရှိ ဆေးရုံဝန်ထမ်းတစ်ဦးဖြစ်ပြီး အခြားတစ်ဦးမှာ Lopburi ပြည်နယ်မှ ဆောက်လုပ် ရေး ကန်ထရိုက်တာတစ်ဦးဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ထို့အပြင် ထွက်ပြေးတိမ်းရှောင်နေသော အခြား သံသယရှိသူ သုံးဦးမှာ အစိုးရညွန့်ပေါင်းအဖွဲ့မှ နိုင်ငံရေးသမားတစ်ဦး၊ Saraburi ပြည်နယ် ဗုဒ္ဓဘာသာရုံး၏ ဒါရိုက်တာဟောင်းနှင့် ပုဂ္ဂလိက ကုမ္ပဏီတစ်ခုမှ အရောင်းအရာရှိတစ်ဦးတို့ဖြစ်ကြောင်း Somkid Sawisai က ထပ်မံ ပြောကြားခဲ့သည်။
စုံစမ်းစစ်ဆေးရေးအဖွဲ့များသည် သက်သေအထောက်အထားများကို စုဆောင်းကာ ခြောက်ယောက်မြောက် သံသယရှိသူကို ဖော်ထုတ်နိုင်ရန် ကြိုးပမ်းနေကြောင်း ၎င်းက ပြောကြားခဲ့သည်။ ထိုင်းရဲတပ်ဖွဲ့သည် Mamaew ဟု အမည်ရသည့် အဆိုပါမိန်းကလေးငယ်၏ မိခင်ဖြစ်သူ အသက်(၃၇)နှစ်အရွယ် မြန်မာအမျိုးသမီးကို ဖမ်းဆီးခဲ့ ကြောင်းလည်း သိရသည်။
ရဲတပ်ဖွဲ့သည် Mamaew ကို ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်မှု၊ လူတစ်ဦးအား ပြည့်တန်ဆာအဖြစ် လုပ်ကိုင်ရန် ဆွဲဆောင်ခြင်း နှင့် ပြည့်တန်ဆာ ရှာပေးခြင်းတို့ဖြင့် စွဲချက်တင်ထားကြောင်း သိရသည်။

Zawgyi Version;
သမီးျဖစ္သူကို ျပည့္တန္ဆာလုပ္ရန္ ခိုင္းေစခဲ့ေသာ ျမန္မာအမ်ိဳးသမီးကို ဖမ္းဆီးၿပီးေနာက္ လိင္ဆက္ဆံခဲ့သူမ်ားကို ဝရမ္းထုတ္ဖမ္းဆီးမည္ဟုဆို
Pika (NP News) - စက္တင္ဘာ ၁၄
ထိုင္းႏိုင္ငံ အလယ္ပိုင္းတြင္ ျပည့္တန္ဆာအျဖစ္ လုပ္ကိုင္ရန္ မိခင္ျဖစ္သူ၏ ဖိအားေပးေစခိုင္းခံရေသာ အသက္ (၁၅) ႏွစ္အ႐ြယ္ မိန္းကေလးႏွင့္ လိင္ဆက္ဆံခဲ့သည္ဟု ယူဆရေသာ လူ(၅)ဦးကို ဖမ္းဝရမ္းထုတ္ႏိုင္ရန္အတြက္ ထိုင္းရဲတပ္ဖြဲ႕က ႀကိဳးပမ္းေနေၾကာင္း သိရသည္။
အဆိုပါမႈခင္းျဖစ္ရပ္သည္ Saraburi ျပည္နယ္ရွိ အပန္းေျဖစခန္းတစ္ခုတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ အဆိုပါအမႈႏွင့္ပတ္သက္သည့္ သံသယရွိသူ(၅)ဦးအနက္ ႏွစ္ဦးကို စစ္ေဆးေမးျမန္းကာ ယာယီျပန္လႊတ္ေပးခဲ့ ေၾကာင္း Saraburi ရဲစခန္းမွ စစ္ေဆးေရးမႉး Somkid Sawisai က စက္တင္ဘာလ(၁၃)ရက္တြင္ ထုတ္ေဖာ္ ေျပာခဲ့သည္။
တစ္ဦးမွာ Saraburi ျပည္နယ္ရွိ ေဆး႐ုံဝန္ထမ္းတစ္ဦးျဖစ္ၿပီး အျခားတစ္ဦးမွာ Lopburi ျပည္နယ္မွ ေဆာက္လုပ္ ေရး ကန္ထ႐ိုက္တာတစ္ဦးျဖစ္ေၾကာင္း ၎က ေျပာၾကားခဲ့သည္။ ထို႔အျပင္ ထြက္ေျပးတိမ္းေရွာင္ေနေသာ အျခား သံသယရွိသူ သုံးဦးမွာ အစိုးရၫြန႔္ေပါင္းအဖြဲ႕မွ ႏိုင္ငံေရးသမားတစ္ဦး၊ Saraburi ျပည္နယ္ ဗုဒၶဘာသာ႐ုံး၏ ဒါ႐ိုက္တာေဟာင္းႏွင့္ ပုဂၢလိက ကုမၸဏီတစ္ခုမွ အေရာင္းအရာရွိတစ္ဦးတို႔ျဖစ္ေၾကာင္း Somkid Sawisai က ထပ္မံ ေျပာၾကားခဲ့သည္။
စုံစမ္းစစ္ေဆးေရးအဖြဲ႕မ်ားသည္ သက္ေသအေထာက္အထားမ်ားကို စုေဆာင္းကာ ေျခာက္ေယာက္ေျမာက္ သံသယရွိသူကို ေဖာ္ထုတ္ႏိုင္ရန္ ႀကိဳးပမ္းေနေၾကာင္း ၎က ေျပာၾကားခဲ့သည္။ ထိုင္းရဲတပ္ဖြဲ႕သည္ Mamaew ဟု အမည္ရသည့္ အဆိုပါမိန္းကေလးငယ္၏ မိခင္ျဖစ္သူ အသက္(၃၇)ႏွစ္အ႐ြယ္ ျမန္မာအမ်ိဳးသမီးကို ဖမ္းဆီးခဲ့ ေၾကာင္းလည္း သိရသည္။
ရဲတပ္ဖြဲ႕သည္ Mamaew ကို ထိုင္းႏိုင္ငံအတြင္းသို႔ တရားမဝင္ ဝင္ေရာက္မႈ၊ လူတစ္ဦးအား ျပည့္တန္ဆာအျဖစ္ လုပ္ကိုင္ရန္ ဆြဲေဆာင္ျခင္း ႏွင့္ ျပည့္တန္ဆာ ရွာေပးျခင္းတို႔ျဖင့္ စြဲခ်က္တင္ထားေၾကာင္း သိရသည္။