တရုတ်နိုင်ငံတွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း ကရိန်းလဲကျခဲ့ခြင်းကြောင့် အနည်းဆုံးလူ(၆)ဦး သေဆုံး

 1922

Pika (NP News) - စက်တင်ဘာ ၁၄

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ တံတားတည်ဆောက်ရေးလုပ်ငန်းခွင်တစ်ခုအတွင်း တာဝါတိုင်ကရိန်းတစ်ခု လဲကျခဲ့ပြီးနောက် အနည်းဆုံးလူ(၆)ဦး သေဆုံးကာ အခြားလူ(၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များ က ထုတ်ပြန်ပြောကြားခဲ့သည်။

အဆိုပါ မတော်တဆမှုသည် Jianyang မြို့ရှိ Tuo မြစ်ကိုဖြတ်သော တံတားကို တည်ဆောက်နေချိန်အတွင်း စက်တင်ဘာလ(၁၃)ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း Jianyang မြို့ သယ်ယူပို့ဆောင်ရေးဗျူရိုက သတင်း ထုတ်ပြန်ပြောကြားခဲ့သည်။

Jianyang မြို့သည် စီချွမ်ပြည်နယ်မြို့တော် Chengdu မြို့အနီးတွင်ရှိသော မြို့တစ်မြို့ဖြစ်ကြောင်းလည်း သိရသည်။ အဆိုပါ တာဝါတိုင်ကရိန်းလဲကျမှုဖြစ်ပွားရသည့်အကြောင်းအရင်းကို ဆက်လက်စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ကြောင်း အာဏာပိုင်များကပြောကြားခဲ့သည်။ အစောပိုင်း စုံစမ်းစစ်ဆေးမှုများအရ မတော်တဆမှုဖြစ်ပွားသည့် နေရာမှာ အများပိုင်အိမ်ယာစီမံကိန်းအတွက် ထောက်ပံ့ပေးထားသော ကြီးမားသည့် ဆောက်လုပ်ရေးလုပ်ငန်းခွင် တစ်ခုထဲတွင် ဖြစ်ကြောင်းလည်း သိရသည်။

Zawgyi Version;
တ႐ုတ္ႏိုင္ငံတြင္ ေဆာက္လုပ္ေရးလုပ္ငန္းခြင္အတြင္း ကရိန္းလဲက်ခဲ့ျခင္းေၾကာင့္ အနည္းဆုံးလူ(၆)ဦး ေသဆုံး
Pika (NP News) - စက္တင္ဘာ ၁၄

တ႐ုတ္ႏိုင္ငံ အေနာက္ေတာင္ပိုင္းရွိ တံတားတည္ေဆာက္ေရးလုပ္ငန္းခြင္တစ္ခုအတြင္း တာဝါတိုင္ကရိန္းတစ္ခု လဲက်ခဲ့ၿပီးေနာက္ အနည္းဆုံးလူ(၆)ဦး ေသဆုံးကာ အျခားလူ(၅)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း အာဏာပိုင္မ်ား က ထုတ္ျပန္ေျပာၾကားခဲ့သည္။

အဆိုပါ မေတာ္တဆမႈသည္ Jianyang ၿမိဳ႕ရွိ Tuo ျမစ္ကိုျဖတ္ေသာ တံတားကို တည္ေဆာက္ေနခ်ိန္အတြင္း စက္တင္ဘာလ(၁၃)ရက္က ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း Jianyang ၿမိဳ႕ သယ္ယူပို႔ေဆာင္ေရးဗ်ဴ႐ိုက သတင္း ထုတ္ျပန္ေျပာၾကားခဲ့သည္။

Jianyang ၿမိဳ႕သည္ စီခြၽမ္ျပည္နယ္ၿမိဳ႕ေတာ္ Chengdu ၿမိဳ႕အနီးတြင္ရွိေသာ ၿမိဳ႕တစ္ၿမိဳ႕ျဖစ္ေၾကာင္းလည္း သိရသည္။ အဆိုပါ တာဝါတိုင္ကရိန္းလဲက်မႈျဖစ္ပြားရသည့္အေၾကာင္းအရင္းကို ဆက္လက္စုံစမ္းစစ္ေဆးေနဆဲ ျဖစ္ေၾကာင္း အာဏာပိုင္မ်ားကေျပာၾကားခဲ့သည္။ အေစာပိုင္း စုံစမ္းစစ္ေဆးမႈမ်ားအရ မေတာ္တဆမႈျဖစ္ပြားသည့္ ေနရာမွာ အမ်ားပိုင္အိမ္ယာစီမံကိန္းအတြက္ ေထာက္ပံ့ေပးထားေသာ ႀကီးမားသည့္ ေဆာက္လုပ္ေရးလုပ္ငန္းခြင္ တစ္ခုထဲတြင္ ျဖစ္ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.