လက်ရှိအချိန်တွင် ခေတ်ဟောင်း၏ စည်းမျဉ်းစည်းကမ်းများ အဆုံးသတ်သွားပြီဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးပြော

 1247

Pika (NP News) - စက်တင်ဘာ ၁၄

ကမ္ဘာကြီးသည် အမေရိကန်ဦးဆောင်မည့် သံတမန်ရေးရာဆိုင်ရာအခြေအနေအသစ်များကို ပြောင်းလဲနေပြီဖြစ် ကြောင်း မဟာမိတ်နိုင်ငံများနှင့် လက်တွဲကာ ရုရှား နှင့် တရုတ်တို့၏ ကြီးထွားလာနေသော ခြိမ်းခြောက်မှုများကို ကျော်ဖြတ်နိုင်ရန် လုပ်ဆောင်နေကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ထုတ်ဖော် ပြောခဲ့သည်။

၎င်းက "ခေတ်တစ်ခေတ်ပြီးဆုံးသွားပြီဖြစ်ပြီး အခြားခေတ်သစ်တစ်ခုက စတင်နေပါပြီ။ ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်တွေဟာ နောက်လာမယ့် ဆယ်စုနှစ်တွေအတွက် အနာဂတ်ကို ပုံဖော်ပေးနိုင်ပါလိမ့်မယ်။ ဆယ်စုနှစ် များစွာကြာ ပထဝီဝင်နိုင်ငံရေးတည်ငြိမ်မှုတွေဟာ အာဏာရှင်နိုင်ငံတွေနဲ့ ပြိုင်ဆိုင်မှု ပိုမိုပြင်းထန်လာစေခဲ့ပြီး စစ်အေးခေတ်လွန်အမိန့်တွေက ပြီးဆုံးသွားပါပြီ" ဟု ပြောခဲ့သည်။

ထို့အပြင် ယူကရိန်းအပေါ် ရုရှား၏ ကျူးကျော်တိုက်ခိုက်မှုများသည် နိုင်ငံတကာစည်းမျဉ်းများအတွက် အပြင်းထန် ဆုံးခြိမ်းခြောက်မှုတစ်ခုဖြစ်ကြောင်း ၎င်းက ပြောခဲ့သည်။ တရုတ်နိုင်ငံသည် နိုင်ငံတကာစည်းမျဉ်းများကို ပြန်လည် ပုံဖော်ရန် နှင့် စီးပွားရေး၊ သံတမန်ရေး၊ စစ်ရေး နှင့် နည်းပညာပိုင်းတို့တွင် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းနေ သောကြောင့် ရေရှည်တွင် အကြီးမားဆုံးစိန်ခေါ်မှုတစ်ခုဖြစ်လာနိုင်ကြောင်း အန်တိုနီဘလင်ကန်က ပြောကြားခဲ့ သည်။

နိုင်ငံတကာစည်းမျဉ်းများကို ချိုးဖောက်ခြင်းသည် ပြည်သူများကို ထိခိုက်စေသည်ဆိုသည့်အချက်ကို ရုရှား-ယူကရိန်းပဋိပက္ခက သက်သေပြခဲ့ကြောင်း အန်တိုနီဘလင်ကန်က ထပ်မံပြောခဲ့သည်။ ထို့အပြင် ယူကရိန်းက ရုရှားကို အနိုင်ယူကာ သာယာဝပြောသော ဒီမိုကရေစီနိုင်ငံအဖြစ် ထွက်ပေါ်လာအောင် အမေရိကန်က လုပ်ဆောင်ပေးရန် ရည်ရွယ်ထားကြောင်း အန်တိုနီဘလင်ကန်က ပြောခဲ့သည်။

Zawgyi Version;
လက္ရွိအခ်ိန္တြင္ ေခတ္ေဟာင္း၏ စည္းမ်ဥ္းစည္းကမ္းမ်ား အဆုံးသတ္သြားၿပီျဖစ္ေၾကာင္း အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးေျပာ
Pika (NP News) - စက္တင္ဘာ ၁၄

ကမာၻႀကီးသည္ အေမရိကန္ဦးေဆာင္မည့္ သံတမန္ေရးရာဆိုင္ရာအေျခအေနအသစ္မ်ားကို ေျပာင္းလဲေနၿပီျဖစ္ ေၾကာင္း မဟာမိတ္ႏိုင္ငံမ်ားႏွင့္ လက္တြဲကာ ႐ုရွား ႏွင့္ တ႐ုတ္တို႔၏ ႀကီးထြားလာေနေသာ ၿခိမ္းေျခာက္မႈမ်ားကို ေက်ာ္ျဖတ္ႏိုင္ရန္ လုပ္ေဆာင္ေနေၾကာင္း အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး အန္တိုနီဘလင္ကန္က ထုတ္ေဖာ္ ေျပာခဲ့သည္။

၎က "ေခတ္တစ္ေခတ္ၿပီးဆုံးသြားၿပီျဖစ္ၿပီး အျခားေခတ္သစ္တစ္ခုက စတင္ေနပါၿပီ။ ကြၽန္ေတာ္တို႔ရဲ႕ ဆုံးျဖတ္ခ်က္ေတြဟာ ေနာက္လာမယ့္ ဆယ္စုႏွစ္ေတြအတြက္ အနာဂတ္ကို ပုံေဖာ္ေပးႏိုင္ပါလိမ့္မယ္။ ဆယ္စုႏွစ္ မ်ားစြာၾကာ ပထဝီဝင္ႏိုင္ငံေရးတည္ၿငိမ္မႈေတြဟာ အာဏာရွင္ႏိုင္ငံေတြနဲ႔ ၿပိဳင္ဆိုင္မႈ ပိုမိုျပင္းထန္လာေစခဲ့ၿပီး စစ္ေအးေခတ္လြန္အမိန႔္ေတြက ၿပီးဆုံးသြားပါၿပီ" ဟု ေျပာခဲ့သည္။

ထို႔အျပင္ ယူကရိန္းအေပၚ ႐ုရွား၏ က်ဴးေက်ာ္တိုက္ခိုက္မႈမ်ားသည္ ႏိုင္ငံတကာစည္းမ်ဥ္းမ်ားအတြက္ အျပင္းထန္ ဆုံးၿခိမ္းေျခာက္မႈတစ္ခုျဖစ္ေၾကာင္း ၎က ေျပာခဲ့သည္။ တ႐ုတ္ႏိုင္ငံသည္ ႏိုင္ငံတကာစည္းမ်ဥ္းမ်ားကို ျပန္လည္ ပုံေဖာ္ရန္ ႏွင့္ စီးပြားေရး၊ သံတမန္ေရး၊ စစ္ေရး ႏွင့္ နည္းပညာပိုင္းတို႔တြင္ ပိုမိုဖြံ႕ၿဖိဳးတိုးတက္ေအာင္ ႀကိဳးပမ္းေန ေသာေၾကာင့္ ေရရွည္တြင္ အႀကီးမားဆုံးစိန္ေခၚမႈတစ္ခုျဖစ္လာႏိုင္ေၾကာင္း အန္တိုနီဘလင္ကန္က ေျပာၾကားခဲ့ သည္။

ႏိုင္ငံတကာစည္းမ်ဥ္းမ်ားကို ခ်ိဳးေဖာက္ျခင္းသည္ ျပည္သူမ်ားကို ထိခိုက္ေစသည္ဆိုသည့္အခ်က္ကို ႐ုရွား-ယူကရိန္းပဋိပကၡက သက္ေသျပခဲ့ေၾကာင္း အန္တိုနီဘလင္ကန္က ထပ္မံေျပာခဲ့သည္။ ထို႔အျပင္ ယူကရိန္းက ႐ုရွားကို အႏိုင္ယူကာ သာယာဝေျပာေသာ ဒီမိုကေရစီႏိုင္ငံအျဖစ္ ထြက္ေပၚလာေအာင္ အေမရိကန္က လုပ္ေဆာင္ေပးရန္ ရည္႐ြယ္ထားေၾကာင္း အန္တိုနီဘလင္ကန္က ေျပာခဲ့သည္။

Picture

L Mone

15/09/2023 10:04

ဖာသည်နဲ့ဖာခေါင်းများ...ကနေရာရလာကြသည်...သို့သော် အမြင့်စားဖာခေါင်းများမို သာမာန်ဖာခေါင်းအဆင့်ကတော့ မကပ်ရဲဘူးရယ်...

Related news

© 2021. All rights reserved.