Starlink ဂြိုလ်တု ထိန်းချုပ်ခွင့်ကို အမေရိကန်စစ်တပ်ထံ ကမ္ဘာကျော်ဘီလျံနာ အီလွန်မတ်လွှဲပြောင်းပေး

 4516

Pika (NP News) - စက်တင်ဘာ ၁၄

ကမ္ဘာကျော်ဘီလျံနာတစ်ဦးဖြစ်သော အီလွန်မတ်သည် အမေရိကန်စစ်တပ်အား Starlink ၏ စက်ပစ္စည်းအချို့ကို အပြည့်အဝ ထိန်းချုပ်ခွင့်ပေးခဲ့ကြောင်း ၎င်း၏ အတ္ထုပတ္တိကို ရေးသားသူ Walter Isaacson က ထုတ်ဖော်ပြောခဲ့ သည်။

အဆိုပါအချက်ကြောင့် ယူကရိန်းစစ်ပွဲနှင့်ပတ်သက်ပြီး အကူအညီပေးရန်အတွက် Starlink ဂြိုလ်တုစနစ်အား မည်သို့ အသုံးပြုနေသည်ဆိုသည့်အချက်များအပေါ် အီလွန်မတ်က ထိန်းချုပ်မှုရှိတော့မည် မဟုတ်ကြောင်း ၎င်းက ထပ်မံပြောခဲ့သည်။

အီလွန်မတ်သည် နျူကလီးယားစစ်ပွဲ ဖြစ်ပွားလာစေနိုင်သည့် ပဋိပက္ခတွင် ၎င်း၏ ပါဝင်ပတ်သက်မှုကို အဆုံးသတ် လိုနေကြောင်း Walter Isaacson က ပြောဆိုခဲ့သည်။ ယူကရိန်းစစ်တပ်မှ အသုံးပြုခဲ့သော Starlink ဂြိုဟ်တုများ နှင့်ပတ်သက်ပြီး အီလွန်မတ်၏ ဆုံးဖြတ်ချက်ကို မေးမြန်းခံရချိန်တွင် Walter Isaacson က ယခုကဲ့သို့ ပြန်လည် တုံ့ပြန်ပြောခဲ့ခြင်းဖြစ်သည်။

အီလွန်မတ်သည် အစောပိုင်းကာလများတွင် ယူကရိန်းစစ်တပ်အား Starlink ဂြိုလ်တုစနစ်ကို အသုံးပြုခွင့်ပေးခဲ့ သော်လည်း နောက်ပိုင်းတွင် အသုံးပြုခွင့်ပေးမှုများကို ပြန်လည်ကန့်သတ်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ Walter Isaacson က "ကျွန်တော် အီလွန်မတ်နဲ့ အချိန်အတော်ကြာ စကားပြောခဲ့ပါတယ်။ တစ်ညမှာတော့ ဒီစစ်ပွဲမှာ သူဘာလို့ပါဝင်နေရတာလဲလို့ ပြောဆိုခဲ့ပါတယ်။ လူတွေ ဂိမ်း အေးဆေးကစားနိုင်အောင်၊ Netflix က ရုပ်ရှင်တွေကို အေးဆေးကြည့်နိုင်အောင် ဒီ Starlink ဂြိုလ်တုတွေကို ဖန်တီးခဲ့တာလို့ သူက ကျွန်တော့်ကို ပြောပါတယ်။ သူက နျူကလီးယားစစ်ပွဲဖြစ်ပွားလာစေမယ့်အရာတစ်ခုကို ဖန်တီးချင်တာမဟုတ်ဖူးလို့လည်း ကျွန်တော့်ကို ပြောခဲ့ပါတယ်။ အီလွန်မတ်ဟာ Starlink ရဲ့ပစ္စည်းအချို့ကို အမေရိကန်စစ်တပ်ကို ရောင်းချပြီး အပြည့်အဝ ထိန်းချုပ်ခွင့်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါကြောင့် နောက်ပိုင်းမှာ Starlink ဂြိုလ်တုစနစ် အသုံးပြုပုံနဲ့ ပတ်သက်ပြီး အီလွန်မတ်နဲ့သက်ဆိုင်မှာ မဟုတ်တော့ပါဘူး။ Starlink ဂြိုလ်တုအတွက် အသုံးပြုမှုစည်းကမ်းတွေ ကိုလည်း အီလွန်မတ်က ထိန်းချုပ်နေတာမျိုး ရှိတော့မှာ မဟုတ်ပါဘူး" ဟု ပြောခဲ့သည်။

အီလွန်မတ်သည် “Starshield ဟု အမည်ပေးထားသော Starlink ၏ စစ်တပ်ဗားရှင်းကို တီထွင်ခဲ့ပြီး အဆိုပါ စီမံကိန်းကို အမေရိကန်စစ်တပ်ထံ လွှဲပြောင်းပေးရန် မျှော်လင့်ထားကြောင်း Walter Isaacson က ပြောကြားခဲ့ သည်။ Walter Isaacson က "ဒါဟာ ဒီစစ်ပွဲမှာ ပါဝင်ပတ်သက်နေမှုကနေ နှုတ်ထွက်ဖို့ အကောင်းဆုံးနည်းလမ်း ပဲလို့ သူပြောခဲ့ပါတယ်။ ဒီလို လုပ်ဆောင်နိုင်စွမ်းတွေ သူ့မှာ ရှိသင့်တယ်လို့တောင် မထင်တော့ဘူးလို့ အီလွန်မတ်က ကျွန်တော့်ကို ပြောခဲ့ပါတယ်" ဟု ပြောခဲ့သည်။

Zawgyi Version;
Starlink ၿဂိဳလ္တု ထိန္းခ်ဳပ္ခြင့္ကို အေမရိကန္စစ္တပ္ထံ ကမာၻေက်ာ္ဘီလ်ံနာ အီလြန္မတ္လႊဲေျပာင္းေပး
Pika (NP News) - စက္တင္ဘာ ၁၄

ကမာၻေက်ာ္ဘီလ်ံနာတစ္ဦးျဖစ္ေသာ အီလြန္မတ္သည္ အေမရိကန္စစ္တပ္အား Starlink ၏ စက္ပစၥည္းအခ်ိဳ႕ကို အျပည့္အဝ ထိန္းခ်ဳပ္ခြင့္ေပးခဲ့ေၾကာင္း ၎၏ အတၳဳပတၱိကို ေရးသားသူ Walter Isaacson က ထုတ္ေဖာ္ေျပာခဲ့ သည္။

အဆိုပါအခ်က္ေၾကာင့္ ယူကရိန္းစစ္ပြဲႏွင့္ပတ္သက္ၿပီး အကူအညီေပးရန္အတြက္ Starlink ၿဂိဳလ္တုစနစ္အား မည္သို႔ အသုံးျပဳေနသည္ဆိုသည့္အခ်က္မ်ားအေပၚ အီလြန္မတ္က ထိန္းခ်ဳပ္မႈရွိေတာ့မည္ မဟုတ္ေၾကာင္း ၎က ထပ္မံေျပာခဲ့သည္။

အီလြန္မတ္သည္ န်ဴကလီးယားစစ္ပြဲ ျဖစ္ပြားလာေစႏိုင္သည့္ ပဋိပကၡတြင္ ၎၏ ပါဝင္ပတ္သက္မႈကို အဆုံးသတ္ လိုေနေၾကာင္း Walter Isaacson က ေျပာဆိုခဲ့သည္။ ယူကရိန္းစစ္တပ္မွ အသုံးျပဳခဲ့ေသာ Starlink ၿဂိဳဟ္တုမ်ား ႏွင့္ပတ္သက္ၿပီး အီလြန္မတ္၏ ဆုံးျဖတ္ခ်က္ကို ေမးျမန္းခံရခ်ိန္တြင္ Walter Isaacson က ယခုကဲ့သို႔ ျပန္လည္ တုံ႔ျပန္ေျပာခဲ့ျခင္းျဖစ္သည္။

အီလြန္မတ္သည္ အေစာပိုင္းကာလမ်ားတြင္ ယူကရိန္းစစ္တပ္အား Starlink ၿဂိဳလ္တုစနစ္ကို အသုံးျပဳခြင့္ေပးခဲ့ ေသာ္လည္း ေနာက္ပိုင္းတြင္ အသုံးျပဳခြင့္ေပးမႈမ်ားကို ျပန္လည္ကန႔္သတ္လာခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ Walter Isaacson က "ကြၽန္ေတာ္ အီလြန္မတ္နဲ႔ အခ်ိန္အေတာ္ၾကာ စကားေျပာခဲ့ပါတယ္။ တစ္ညမွာေတာ့ ဒီစစ္ပြဲမွာ သူဘာလို႔ပါဝင္ေနရတာလဲလို႔ ေျပာဆိုခဲ့ပါတယ္။ လူေတြ ဂိမ္း ေအးေဆးကစားႏိုင္ေအာင္၊ Netflix က ႐ုပ္ရွင္ေတြကို ေအးေဆးၾကည့္ႏိုင္ေအာင္ ဒီ Starlink ၿဂိဳလ္တုေတြကို ဖန္တီးခဲ့တာလို႔ သူက ကြၽန္ေတာ့္ကို ေျပာပါတယ္။ သူက န်ဴကလီးယားစစ္ပြဲျဖစ္ပြားလာေစမယ့္အရာတစ္ခုကို ဖန္တီးခ်င္တာမဟုတ္ဖူးလို႔လည္း ကြၽန္ေတာ့္ကို ေျပာခဲ့ပါတယ္။ အီလြန္မတ္ဟာ Starlink ရဲ႕ပစၥည္းအခ်ိဳ႕ကို အေမရိကန္စစ္တပ္ကို ေရာင္းခ်ၿပီး အျပည့္အဝ ထိန္းခ်ဳပ္ခြင့္ေပးဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။ ဒါေၾကာင့္ ေနာက္ပိုင္းမွာ Starlink ၿဂိဳလ္တုစနစ္ အသုံးျပဳပုံနဲ႔ ပတ္သက္ၿပီး အီလြန္မတ္နဲ႔သက္ဆိုင္မွာ မဟုတ္ေတာ့ပါဘူး။ Starlink ၿဂိဳလ္တုအတြက္ အသုံးျပဳမႈစည္းကမ္းေတြ ကိုလည္း အီလြန္မတ္က ထိန္းခ်ဳပ္ေနတာမ်ိဳး ရွိေတာ့မွာ မဟုတ္ပါဘူး" ဟု ေျပာခဲ့သည္။

အီလြန္မတ္သည္ “Starshield ဟု အမည္ေပးထားေသာ Starlink ၏ စစ္တပ္ဗားရွင္းကို တီထြင္ခဲ့ၿပီး အဆိုပါ စီမံကိန္းကို အေမရိကန္စစ္တပ္ထံ လႊဲေျပာင္းေပးရန္ ေမွ်ာ္လင့္ထားေၾကာင္း Walter Isaacson က ေျပာၾကားခဲ့ သည္။ Walter Isaacson က "ဒါဟာ ဒီစစ္ပြဲမွာ ပါဝင္ပတ္သက္ေနမႈကေန ႏႈတ္ထြက္ဖို႔ အေကာင္းဆုံးနည္းလမ္း ပဲလို႔ သူေျပာခဲ့ပါတယ္။ ဒီလို လုပ္ေဆာင္ႏိုင္စြမ္းေတြ သူ႔မွာ ရွိသင့္တယ္လို႔ေတာင္ မထင္ေတာ့ဘူးလို႔ အီလြန္မတ္က ကြၽန္ေတာ့္ကို ေျပာခဲ့ပါတယ္" ဟု ေျပာခဲ့သည္။

Picture

L Mone

15/09/2023 09:29

လူလိမ်...လူတော်များကို...မကြောက်လို့မရဘူးလို့....ပြောသားပဲ....😂😂😂ဘာသာတရားအရလည်း...လူတော်တွေကို လူကောင်းတွေလောက် အမှတ်ပေးမထားပါဘူး

Related news

© 2021. All rights reserved.