မက္ကဆီကိုမှာ UFO တည်ရှိမှုနဲ့ပတ်သက်ပြီး အတည်ပြုဖို့ ဂြိုလ်သားအလောင်းတွေ စစ်ဆေးနေ

 1811

ရောင်နီ (NP News) - စက်တင်ဘာ ၁၅

မက္ကဆီကိုနိုင်ငံ၊ ဥပဒေပြုလွှတ်တော်အမတ်တွေက ဂြိုလ်သားတွေနဲ့ UFO ဆိုင်ရာတွေ့ရှိချက်နဲ့ပတ်သက်ပြီး ထူးထူးခြားခြားကြားနာမှုကို ကွန်ဂရက်လွှတ်တော်မှာ ပထမဆုံး ပြုလုပ်ခဲ့ပါတယ်။

အင်္ဂါနေ့ (စက်တင်ဘာ ၁၂ ရက်) က ကြားနာမှုမှာ ရုပ်အလောင်း ၂ ခုကို ပြသခဲ့ပါတယ်။ ပြသထားတဲ့ သေးငယ်တဲ့ အလောင်းနှစ်ခုဟာ လက်တစ်ဖက်စီမှာ လက်ချောင်းသုံးချောင်းရှိပြီး ရှည်လျားတဲ့ ဦးခေါင်းတွေ ရှိပါတယ်။ အဆိုပါ ရုပ်အလောင်းတွေဟာ ကမ္ဘာမြေပေါ်က အရာတွေမဖြစ်နိုင်ဘူးလို့ သံသယရှိပြီး စစ်ဆေးဖို့ တရားရုံးကို တောင်းဆိုခဲ့သူ ဂျိမ်း မာရူဆန်က ၎င်းတို့ကို ၂ဝ၁၇ ခုနှစ်က လေယာဉ်ပေါ်က ကြည့်မှသာ မြင်နိုင်တဲ့ ပီရူးနိုင်ငံရှိ ရှေးဟောင်းမြေပုံ Nazca Lines အနီးမှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ဒီရုပ်ကြွင်းတွေဟာ ကမ္ဘာပေါ်က သက်ရှိအရာတွေရဲ့ဖွဲ့စည်းပုံနဲ့ ဆက်နွယ်ခြင်း မရှိဘဲ၊ ဒါကိုသာ ဖော်ထုတ်နိုင်ရင် သိပ္ပံပညာအတွက် အဖိုးမဖြတ်နိုင်မယ့်အရာတွေဖြစ်မယ်လို့ ဆိုပါတယ်။ ၎င်းတို့ဟာ နှစ်ပေါင်း ၁ဝဝဝ ခန့် သက်တမ်းရှိပြီဖြစ်တယ်လို့ မက္ကဆီကို အမျိုးသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တက္ကသိုလ် (UNAM) ရဲ့ကာဗွန် ဆန်းစစ်ချက်အရ သိရပါတယ်။

မူဆန်ဟာ အဲဒီရုပ်ကြွင်းတွေကို စစ်ဆေးဖို့ ၂ဝ၁၇ ခုနှစ်ကတည်းက တရားရုံးကို တောင်းဆိုခဲ့တာဖြစ်ပြီး ကြာသပတေးနေ့ (စက်တင်ဘာ ၂၄ ရက်) မှာတော့ UNAM က ၎င်းရဲ့ National Laboratory of Mass Spectrometry with Accelerators (LEMA) မှ ရုပ်ကြွင်းတွေရဲ့သက်တမ်းနဲ့ ဂြိုဟ်သားရုပ်ကြွင်း ဖြစ်နိုင်ခြေကို စစ်ဆေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

Zawgyi Version;
မကၠဆီကိုမွာ UFO တည္ရွိမႈနဲ႔ပတ္သက္ၿပီး အတည္ျပဳဖို႔ ၿဂိဳလ္သားအေလာင္းေတြ စစ္ေဆးေန
ေရာင္နီ (NP News) - စက္တင္ဘာ ၁၅

မကၠဆီကိုႏိုင္ငံ၊ ဥပေဒျပဳလႊတ္ေတာ္အမတ္ေတြက ၿဂိဳလ္သားေတြနဲ႔ UFO ဆိုင္ရာေတြ႕ရွိခ်က္နဲ႔ပတ္သက္ၿပီး ထူးထူးျခားျခားၾကားနာမႈကို ကြန္ဂရက္လႊတ္ေတာ္မွာ ပထမဆုံး ျပဳလုပ္ခဲ့ပါတယ္။

အဂၤါေန႔ (စက္တင္ဘာ ၁၂ ရက္) က ၾကားနာမႈမွာ ႐ုပ္အေလာင္း ၂ ခုကို ျပသခဲ့ပါတယ္။ ျပသထားတဲ့ ေသးငယ္တဲ့ အေလာင္းႏွစ္ခုဟာ လက္တစ္ဖက္စီမွာ လက္ေခ်ာင္းသုံးေခ်ာင္းရွိၿပီး ရွည္လ်ားတဲ့ ဦးေခါင္းေတြ ရွိပါတယ္။ အဆိုပါ ႐ုပ္အေလာင္းေတြဟာ ကမာၻေျမေပၚက အရာေတြမျဖစ္ႏိုင္ဘူးလို႔ သံသယရွိၿပီး စစ္ေဆးဖို႔ တရား႐ုံးကို ေတာင္းဆိုခဲ့သူ ဂ်ိမ္း မာ႐ူဆန္က ၎တို႔ကို ၂ဝ၁၇ ခုႏွစ္က ေလယာဥ္ေပၚက ၾကည့္မွသာ ျမင္ႏိုင္တဲ့ ပီ႐ူးႏိုင္ငံရွိ ေရွးေဟာင္းေျမပုံ Nazca Lines အနီးမွာ ေတြ႕ရွိခဲ့တာျဖစ္ပါတယ္။

ဒီ႐ုပ္ႂကြင္းေတြဟာ ကမာၻေပၚက သက္ရွိအရာေတြရဲ႕ဖြဲ႕စည္းပုံနဲ႔ ဆက္ႏြယ္ျခင္း မရွိဘဲ၊ ဒါကိုသာ ေဖာ္ထုတ္ႏိုင္ရင္ သိပၸံပညာအတြက္ အဖိုးမျဖတ္ႏိုင္မယ့္အရာေတြျဖစ္မယ္လို႔ ဆိုပါတယ္။ ၎တို႔ဟာ ႏွစ္ေပါင္း ၁ဝဝဝ ခန႔္ သက္တမ္းရွိၿပီျဖစ္တယ္လို႔ မကၠဆီကို အမ်ိဳးသားကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ တကၠသိုလ္ (UNAM) ရဲ႕ကာဗြန္ ဆန္းစစ္ခ်က္အရ သိရပါတယ္။

မူဆန္ဟာ အဲဒီ႐ုပ္ႂကြင္းေတြကို စစ္ေဆးဖို႔ ၂ဝ၁၇ ခုႏွစ္ကတည္းက တရား႐ုံးကို ေတာင္းဆိုခဲ့တာျဖစ္ၿပီး ၾကာသပေတးေန႔ (စက္တင္ဘာ ၂၄ ရက္) မွာေတာ့ UNAM က ၎ရဲ႕ National Laboratory of Mass Spectrometry with Accelerators (LEMA) မွ ႐ုပ္ႂကြင္းေတြရဲ႕သက္တမ္းနဲ႔ ၿဂိဳဟ္သား႐ုပ္ႂကြင္း ျဖစ္ႏိုင္ေျခကို စစ္ေဆးဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။

Related news

© 2021. All rights reserved.