ဂရင်းလန်း၊ အာတိတ်မှာ ခရီးသည် ၂ဝ၆ ဦး လိုက်ပါလာတဲ့ အပျော်စီးသင်္ဘော ပိတ်မိနေ
3421
ရောင်နီ (NP News) - စက်တင်ဘာ ၁၅
ဝေးလံခေါင်ဖျားတဲ့ အရပ်ဒေသတစ်ခုဖြစ်တဲ့ ဂရင်းလန်း၊ အာတိတ်မှာ လူ ၂ဝ၆ ဦး လိုက်ပါလာတဲ့ ဇိမ်ခံ အပျော်စီး သင်္ဘောတစ်စင်းဟာ သောင်တင် ပိတ်မိနေပါတယ်။
Ocean Explorer အမည်ရှိ အဆိုပါသင်္ဘောဟာ အရှေ့မြောက် ဂရင်းလန်း အမျိုးသားဥယျာဉ် Alpefjord ရှိ အာတိတ်စက်ဝိုင်းအထက်မှာ တနင်္လာနေ့ ( စက်တင်ဘာ ၁၁ ရက်) မှစ သောင်တင်နေခဲ့ပါတယ်။ ဥယျာဉ်ဟာ ပြင်သစ်နဲ့ စပိန်နယ်စပ်မှာရှိပြီး ၉၇၂ဝဝဝ စတုရန်းကီလိုမီတာ ကျယ်ဝန်းကာ ခန့်မှန်းခြေနေရာရဲ့ ၈ဝ ရာခိုင်နှုန်းဟာ ရေခဲလွှာတွေ အမြဲတမ်း ဖုံးအုပ်နေပါတယ်။ Ocean Explorer ရဲ့အမှုထမ်းတွေက သင်္ဘောကို ဒီရေတက်ချိန်မှာ ရေစီးကြောင်းအတိုင်း ပြန်မျောစေဖို့ နှစ်ကြိမ်တိုင်တိုင် ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဒိန်းမတ်စစ်တပ် Joint Arctic Command (JAC) က အဆိုပါ ဒီရေဟာ ၁၀၄ မီတာ (၃၄၁ ပေ) ရှိတဲ့ Ocean Explorer ကို ချောချောမွေ့မွေ့ပင်လယ်ထဲ မျောလွင့်စေဖို့ လုံလောက်တဲ့အရှိန်အဟုန်မရှိဘူးလို့ ပြောကြားခဲ့ပါ တယ်။ ဂရင်းလန်းမှာ တပ်စွဲထားတဲ့ တပ်ဖွဲ့ဝင်တွေက Ocean Explorer ကို စစ်ဆေးပြီး သင်္ဘောပေါ်ရှိ ခရီးသည် အားလုံး အခြေအနေကောင်းမွန်ကြောင်း ပြောကြားခဲ့ပါတယ်။
ဂရင်းလန်းဟာ ဖာရိုးကျွန်းတွေလိုပဲ ဒိန်းမတ်နိုင်ငံရဲ့တစ်စိတ်တစ်ပိုင်း လွတ်လပ်တဲ့နယ်မြေတစ်ခုဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့ (စက်တင်ဘာ ၁၃ ရက်) က ဒေသရဲ့ရာသီဥတုဟာ နေသာပြီး၊ ကောင်းကင်အခြေအနေ ကြည်လင်ကာ အပူချိန် ၅ ဒီဂရီစင်တီဂရိတ် (၄၁ ဒီဂရီဖာရင်ဟိုက်) ခန့်ရှိတယ်လို့ ဒိန်းမတ်မိုးလေဝသဌာနမှ ပြောကြားချက်အရ သိရပါတယ်။
Ocean Explorer သင်္ဘောကို ၂ဝ၂၁ ခုနှစ်က တည်ဆောက်ခဲ့ပြီး Denmark's SunStone Group ရဲ့ တစ်စိတ် တစ်ပိုင်းဖြစ်တဲ့ Copenhagen SunStone Ships မှ ပိုင်ဆိုင်ပါတယ်။ ၎င်းမှာ အခန်းငယ် ၇၇ ခန်း၊ ခရီးသည် ကုတင် ၁၅၁ လုံး၊ အမှုထမ်းတွေအတွက် ခုတင် ၉၉ လုံးနဲ့ စားသောက်ဆိုင် အများအပြား ပါရှိတယ်လို့ Sunstone Group ဝက်ဘ်ဆိုက်မှ ဖော်ပြချက်အရ သိရပါတယ်။
Zawgyi Version;
ဂရင္းလန္း၊ အာတိတ္မွာ ခရီးသည္ ၂ဝ၆ ဦး လိုက္ပါလာတဲ့ အေပ်ာ္စီးသေဘၤာ ပိတ္မိေန
ေရာင္နီ (NP News) - စက္တင္ဘာ ၁၅
ေဝးလံေခါင္ဖ်ားတဲ့ အရပ္ေဒသတစ္ခုျဖစ္တဲ့ ဂရင္းလန္း၊ အာတိတ္မွာ လူ ၂ဝ၆ ဦး လိုက္ပါလာတဲ့ ဇိမ္ခံ အေပ်ာ္စီး သေဘၤာတစ္စင္းဟာ ေသာင္တင္ ပိတ္မိေနပါတယ္။
Ocean Explorer အမည္ရွိ အဆိုပါသေဘၤာဟာ အေရွ႕ေျမာက္ ဂရင္းလန္း အမ်ိဳးသားဥယ်ာဥ္ Alpefjord ရွိ အာတိတ္စက္ဝိုင္းအထက္မွာ တနလၤာေန႔ ( စက္တင္ဘာ ၁၁ ရက္) မွစ ေသာင္တင္ေနခဲ့ပါတယ္။ ဥယ်ာဥ္ဟာ ျပင္သစ္နဲ႔ စပိန္နယ္စပ္မွာရွိၿပီး ၉၇၂ဝဝဝ စတုရန္းကီလိုမီတာ က်ယ္ဝန္းကာ ခန႔္မွန္းေျခေနရာရဲ႕ ၈ဝ ရာခိုင္ႏႈန္းဟာ ေရခဲလႊာေတြ အၿမဲတမ္း ဖုံးအုပ္ေနပါတယ္။ Ocean Explorer ရဲ႕အမႈထမ္းေတြက သေဘၤာကို ဒီေရတက္ခ်ိန္မွာ ေရစီးေၾကာင္းအတိုင္း ျပန္ေမ်ာေစဖို႔ ႏွစ္ႀကိမ္တိုင္တိုင္ ႀကိဳးပမ္းခဲ့ေပမယ့္ မေအာင္ျမင္ခဲ့ပါဘူး။ ဒိန္းမတ္စစ္တပ္ Joint Arctic Command (JAC) က အဆိုပါ ဒီေရဟာ ၁၀၄ မီတာ (၃၄၁ ေပ) ရွိတဲ့ Ocean Explorer ကို ေခ်ာေခ်ာေမြ႕ေမြ႕ပင္လယ္ထဲ ေမ်ာလြင့္ေစဖို႔ လုံေလာက္တဲ့အရွိန္အဟုန္မရွိဘူးလို႔ ေျပာၾကားခဲ့ပါ တယ္။ ဂရင္းလန္းမွာ တပ္စြဲထားတဲ့ တပ္ဖြဲ႕ဝင္ေတြက Ocean Explorer ကို စစ္ေဆးၿပီး သေဘၤာေပၚရွိ ခရီးသည္ အားလုံး အေျခအေနေကာင္းမြန္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။
ဂရင္းလန္းဟာ ဖာ႐ိုးကြၽန္းေတြလိုပဲ ဒိန္းမတ္ႏိုင္ငံရဲ႕တစ္စိတ္တစ္ပိုင္း လြတ္လပ္တဲ့နယ္ေျမတစ္ခုျဖစ္ပါတယ္။ ဗုဒၶဟူးေန႔ (စက္တင္ဘာ ၁၃ ရက္) က ေဒသရဲ႕ရာသီဥတုဟာ ေနသာၿပီး၊ ေကာင္းကင္အေျခအေန ၾကည္လင္ကာ အပူခ်ိန္ ၅ ဒီဂရီစင္တီဂရိတ္ (၄၁ ဒီဂရီဖာရင္ဟိုက္) ခန႔္ရွိတယ္လို႔ ဒိန္းမတ္မိုးေလဝသဌာနမွ ေျပာၾကားခ်က္အရ သိရပါတယ္။
Ocean Explorer သေဘၤာကို ၂ဝ၂၁ ခုႏွစ္က တည္ေဆာက္ခဲ့ၿပီး Denmark's SunStone Group ရဲ႕ တစ္စိတ္ တစ္ပိုင္းျဖစ္တဲ့ Copenhagen SunStone Ships မွ ပိုင္ဆိုင္ပါတယ္။ ၎မွာ အခန္းငယ္ ၇၇ ခန္း၊ ခရီးသည္ ကုတင္ ၁၅၁ လုံး၊ အမႈထမ္းေတြအတြက္ ခုတင္ ၉၉ လုံးနဲ႔ စားေသာက္ဆိုင္ အမ်ားအျပား ပါရွိတယ္လို႔ Sunstone Group ဝက္ဘ္ဆိုက္မွ ေဖာ္ျပခ်က္အရ သိရပါတယ္။