ယူကရိန်းစစ်ပွဲနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံ၏ ရပ်တည်ချက်ကို ရုရှားနိုင်ငံခြားရေးဝန်ကြီး ချီးကျူးပြောဆို

1614

ဂျန်ဇက် (NP News) - စက်တင်ဘာ ၁၅
ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာရောဗ့်သည် ယူကရိန်းစစ်ပွဲနှင့်ဆက်နွယ်ပြီး မြန်မာနိုင်ငံ၏ မိတ်ဆွေပီသ သော ရပ်တည်ချက်၊ ဟန်ချက်ညီအောင် ထိန်းနိုင်မှုများကို ချီးကျူးပြောဆိုခဲ့ကြောင်း ရုရှားမီဒီယာတွေက ဖော်ပြ ထားသည်။
ယူကရိန်းနိုင်ငံအနေဖြင့် ရုရှားနိုင်ငံ၏ တရားဝင်အကျိုးစီးပွားများကို လက်ခံမည်ဆိုလျှင် ယူကရိန်းစစ်ပွဲဖြေရှင်းနိုင် ရန် ကမ်းလှမ်းအဆိုပြုချက်များကို ရုရှားဘက်က လက်ခံစဉ်းစားသွားဖွယ်ရှိနေကြောင်း ရုရှား နိုင်ငံခြားရေးဝန်ကြီး က ထပ်မံပြောခဲ့သည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးသည် စက်တင်ဘာ ၁၄ ရက်က ရုရှားနိုင်ငံတွင် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် တွေ့ဆုံဆွေးနွေးချိန်အတွင်း ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာရောဗ့် နှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့သည် စက်တင်ဘာ ၁၄ ရက်က ရုရှားနိုင်ငံတွင် တွေ့ဆုံချိန်အတွင်းဗဟိုဘဏ်များ ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့ရေးအပြင် အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေးတိုးချဲ့နိုင်ရန် အဓိကထားဆွေးနွေးခဲ့ကြောင်း ရုရှားအခြေစိုက်မီဒီယာများက ဖော်ပြထားသည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးက "ကျွန်တော်တို့ဟာ စွမ်းအင်ကဏ္ဍ၊ ငြိမ်းချမ်းတဲ့နျူကလီးယား လုပ်ငန်းဖွံ့ဖြိုးတိုးတက် ရေး၊ အရပ်ဖက်လေကြောင်းလိုင်းကဏ္ဍ၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့ အာကာသလုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်ဖို့ အလားလာတွေကို ဆွေးနွေးခဲ့တယ်။ စိုက်ပျိုးရေး၊ အစားစာလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းကိစ္စတွေကိုလည်း ဆွေးနွေးခဲ့တယ်။ ဒါ့အပြင် ကျွန်တော်တို့ဟာ ဗဟိုဘဏ်များ ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်မယ့်ကိစ္စ အပါအဝင် ဘဏ်လုပ်ငန်းနဲ့ ဘဏ္ဍာရေးကိစ္စတွေ ပူးပေါင်းဆောင်ရွက်ဖို့ ကိစ္စတွေကို အဓိကထား အာရုံစိုက်ဆွေးနွေးခဲ့တယ်" ဟု သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောဆိုခဲ့သည်။
ထို့အပြင် ရုရှားနိုင်ငံခြားရေးဝန်ကြီးက "ကျွန်တော်တို့ဟာ ပြင်ပ အကြောင်းအရာများကြောင့် ကုန်သွယ်မှုပမာဏ ကျဆင်းစေရတဲ့စီးပွားရေးနဲ့ ကုန်သွယ်ရေးပြဿနာတွေကိုလည်း ဆွေးနွေးခဲ့ပြီး အပြန်အလှန်ကုန်သွယ်ရေး ပိုမို တိုးတက်လာစေဖို့ နဲ့ လမ်းကြောင်းအပြောင်းအလဲလုပ်ရမယ့်တာဝန်တွေကို စဉ်းစားတာမျိုးတွေ ရှိနေပါတယ်" ဟု ပြောသည်။

Zawgyi Version;
ယူကရိန္းစစ္ပြဲႏွင့္ပတ္သက္ၿပီး ျမန္မာႏိုင္ငံ၏ ရပ္တည္ခ်က္ကို ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီး ခ်ီးက်ဴးေျပာဆို
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၁၅
႐ုရွားႏိုင္ငံျခားေရးဝန္ႀကီး ဆာေဂးလာေရာဗ့္သည္ ယူကရိန္းစစ္ပြဲႏွင့္ဆက္ႏြယ္ၿပီး ျမန္မာႏိုင္ငံ၏ မိတ္ေဆြပီသ ေသာ ရပ္တည္ခ်က္၊ ဟန္ခ်က္ညီေအာင္ ထိန္းႏိုင္မႈမ်ားကို ခ်ီးက်ဴးေျပာဆိုခဲ့ေၾကာင္း ႐ုရွားမီဒီယာေတြက ေဖာ္ျပ ထားသည္။
ယူကရိန္းႏိုင္ငံအေနျဖင့္ ႐ုရွားႏိုင္ငံ၏ တရားဝင္အက်ိဳးစီးပြားမ်ားကို လက္ခံမည္ဆိုလွ်င္ ယူကရိန္းစစ္ပြဲေျဖရွင္းႏိုင္ ရန္ ကမ္းလွမ္းအဆိုျပဳခ်က္မ်ားကို ႐ုရွားဘက္က လက္ခံစဥ္းစားသြားဖြယ္ရွိေနေၾကာင္း ႐ုရွား ႏိုင္ငံျခားေရးဝန္ႀကီး က ထပ္မံေျပာခဲ့သည္။
႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးသည္ စက္တင္ဘာ ၁၄ ရက္က ႐ုရွားႏိုင္ငံတြင္ ျမန္မာႏိုင္ငံျခားေရးဝန္ႀကီး ဦးသန္းေဆြႏွင့္ ေတြ႕ဆုံေဆြးေႏြးခ်ိန္အတြင္း ထည့္သြင္းေျပာဆိုခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
႐ုရွားႏိုင္ငံျခားေရးဝန္ႀကီး ဆာေဂးလာေရာဗ့္ ႏွင့္ ျမန္မာႏိုင္ငံျခားေရးဝန္ႀကီး ဦးသန္းေဆြတို႔သည္ စက္တင္ဘာ ၁၄ ရက္က ႐ုရွားႏိုင္ငံတြင္ ေတြ႕ဆုံခ်ိန္အတြင္းဗဟိုဘဏ္မ်ား ပူးေပါင္းေဆာင္႐ြက္မႈမ်ား တိုးခ်ဲ႕ေရးအျပင္ အျပန္အလွန္ ပူးေပါင္းေဆာင္႐ြက္ေရးတိုးခ်ဲ႕ႏိုင္ရန္ အဓိကထားေဆြးေႏြးခဲ့ေၾကာင္း ႐ုရွားအေျခစိုက္မီဒီယာမ်ားက ေဖာ္ျပထားသည္။
႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးက "ကြၽန္ေတာ္တို႔ဟာ စြမ္းအင္က႑၊ ၿငိမ္းခ်မ္းတဲ့န်ဴကလီးယား လုပ္ငန္းဖြံ႕ၿဖိဳးတိုးတက္ ေရး၊ အရပ္ဖက္ေလေၾကာင္းလိုင္းက႑၊ ဆက္သြယ္ေရး၊ သတင္းအခ်က္အလက္နဲ႔ အာကာသလုပ္ငန္းေတြ ပူးေပါင္းေဆာင္႐ြက္ဖို႔ အလားလာေတြကို ေဆြးေႏြးခဲ့တယ္။ စိုက္ပ်ိဳးေရး၊ အစားစာလုပ္ငန္း၊ သယ္ယူပို႔ေဆာင္ေရး လုပ္ငန္းကိစၥေတြကိုလည္း ေဆြးေႏြးခဲ့တယ္။ ဒါ့အျပင္ ကြၽန္ေတာ္တို႔ဟာ ဗဟိုဘဏ္မ်ား ပူးေပါင္းေဆာင္႐ြက္ေရး တိုးျမႇင့္မယ့္ကိစၥ အပါအဝင္ ဘဏ္လုပ္ငန္းနဲ႔ ဘ႑ာေရးကိစၥေတြ ပူးေပါင္းေဆာင္႐ြက္ဖို႔ ကိစၥေတြကို အဓိကထား အာ႐ုံစိုက္ေဆြးေႏြးခဲ့တယ္" ဟု သတင္းစာရွင္းလင္းပြဲတြင္ ထည့္သြင္းေျပာဆိုခဲ့သည္။
ထို႔အျပင္ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးက "ကြၽန္ေတာ္တို႔ဟာ ျပင္ပ အေၾကာင္းအရာမ်ားေၾကာင့္ ကုန္သြယ္မႈပမာဏ က်ဆင္းေစရတဲ့စီးပြားေရးနဲ႔ ကုန္သြယ္ေရးျပႆနာေတြကိုလည္း ေဆြးေႏြးခဲ့ၿပီး အျပန္အလွန္ကုန္သြယ္ေရး ပိုမို တိုးတက္လာေစဖို႔ နဲ႔ လမ္းေၾကာင္းအေျပာင္းအလဲလုပ္ရမယ့္တာဝန္ေတြကို စဥ္းစားတာမ်ိဳးေတြ ရွိေနပါတယ္" ဟု ေျပာသည္။