ဘာစီလိုနာအသင်းနှင့် စာချုပ်သက်တမ်းတိုးရန် သဘောတူညီမှုရခဲ့သည့် နည်းပြဇာဗီ

 275

Pika (NP News) - စက်တင်ဘာ ၁၆

ဘာစီလိုနာအသင်း တာဝန်ရှိသူများနှင့် နည်းပြဇာဗီတို့သည် ၎င်း၏စာချုပ်သက်တမ်းကို ထပ်မံတိုးရန်အတွက် သဘောတူညီမှုရရှိခဲ့ကြောင်းသိရသည်။

ဘာစီလိုနာအသင်းနည်းပြဇာဗီသည် ရီးရဲလ်ဘက်တစ်အသင်းနှင့်ကစားမည့် လာလီဂါပွဲစဉ်မတိုင်မီ ၎င်းနှင့် ဘာစီလိုနာအသင်းတို့၏စာချုပ်သက်တမ်းတိုးရန် သဘောတူညီမှုရရှိခဲ့ခြင်းကို အတည်ပြုပြောဆိုခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ဇာဗီက "ဘာစီလိုနာအသင်းမှာ နည်းပြအဖြစ် တာဝန်ယူရတာကို ပျော်ပါတယ်။ စာချုပ်သက်တမ်းတိုးဖို့အတွက် အသင်းတာဝန်ရှိသူတွေက ဆက်လက်လုပ်ဆောင်နေပါတယ်။ကျွန်တော့်ရဲ့စာချုပ်သက်တမ်းအသစ်ကို လာမယ့်ရက်ပိုင်းအတွင်းမှာ ထုတ်ပြန်ကြေညာသွားနိုင်ဖွယ်ရှိနေပါတယ်။ ဒီနှစ်မှာ ကျွန်တော့်ကို ပြစ်တင်ဝေဖန်ပြောဆိုမှုတွေ အများအပြားကို ခံခဲ့ရပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်က နည်းပြအဖြစ် ဆက်လက်တာဝန်ယူဖို့ ရွေးချယ်ခံနေရတုန်းပါပဲ"ဟု ပြောဆိုခဲ့သည်။

ဘာစီလိုနာအသင်းသည် စက်တင်ဘာလ(၁၆)ရက်ညတွင် ရီးရဲလ်ဘက်တစ်အသင်းနှင့် လာလီဂါပွဲစဉ်ကို အကြိတ်အနယ်ယှဉ်ပြိုင် ကစားရမည်ဖြစ်ကြောင်းလည်းသိရသည်။

zawgyi version
ဘာစီလိုနာအသင္းႏွင့္ စာခ်ဳပ္သက္တမ္းတိုးရန္ သေဘာတူညီမႈရခဲ့သည့္ နည္းျပဇာဗီ
Pika (NP News) - စက္တင္ဘာ ၁၆

ဘာစီလိုနာအသင္း တာဝန္ရွိသူမ်ားႏွင့္ နည္းျပဇာဗီတို႔သည္ ၎၏စာခ်ဳပ္သက္တမ္းကို ထပ္မံတိုးရန္အတြက္ သေဘာတူညီမႈရရွိခဲ့ေၾကာင္းသိရသည္။

ဘာစီလိုနာအသင္းနည္းျပဇာဗီသည္ ရီးရဲလ္ဘက္တစ္အသင္းႏွင့္ကစားမည့္ လာလီဂါပြဲစဥ္မတိုင္မီ ၎ႏွင့္ ဘာစီလိုနာအသင္းတို႔၏စာခ်ဳပ္သက္တမ္းတိုးရန္ သေဘာတူညီမႈရရွိခဲ့ျခင္းကို အတည္ျပဳေျပာဆိုခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။

ဇာဗီက "ဘာစီလိုနာအသင္းမွာ နည္းျပအျဖစ္ တာဝန္ယူရတာကို ေပ်ာ္ပါတယ္။ စာခ်ဳပ္သက္တမ္းတိုးဖို႔အတြက္ အသင္းတာဝန္ရွိသူေတြက ဆက္လက္လုပ္ေဆာင္ေနပါတယ္။ကြၽန္ေတာ့္ရဲ႕စာခ်ဳပ္သက္တမ္းအသစ္ကို လာမယ့္ရက္ပိုင္းအတြင္းမွာ ထုတ္ျပန္ေၾကညာသြားႏိုင္ဖြယ္ရွိေနပါတယ္။ ဒီႏွစ္မွာ ကြၽန္ေတာ့္ကို ျပစ္တင္ေဝဖန္ေျပာဆိုမႈေတြ အမ်ားအျပားကို ခံခဲ့ရပါတယ္။ ဒါေပမယ့္လည္း ကြၽန္ေတာ္က နည္းျပအျဖစ္ ဆက္လက္တာဝန္ယူဖို႔ ေ႐ြးခ်ယ္ခံေနရတုန္းပါပဲ"ဟု ေျပာဆိုခဲ့သည္။

ဘာစီလိုနာအသင္းသည္ စက္တင္ဘာလ(၁၆)ရက္ညတြင္ ရီးရဲလ္ဘက္တစ္အသင္းႏွင့္ လာလီဂါပြဲစဥ္ကို အႀကိတ္အနယ္ယွဥ္ၿပိဳင္ ကစားရမည္ျဖစ္ေၾကာင္းလည္းသိရသည္။

Related news

© 2021. All rights reserved.