စာသင်ကျောင်းပေါင်း(၁၅၀၀)ကျော်ရှိသည့် ချင်းပြည်နယ်တွင် ယခုပညာသင်နှစ်၌ ကျောင်းပေါင်း(၅၈၀)ကျော်သာ ဖွင့်လှစ်နိုင်ခဲ့ဟုဆို
2189
ယွန်း (NP News) - စက်တင်ဘာ ၁၆
အခြေခံပညာကျောင်းပေါင်း (၁၅၀၀)ကျော်ရှိသည့် ချင်းပြည်နယ်တွင် (၂၀၂၃- ၂၀၂၄) ပညာ သင်နှစ်၌ ကျောင်းပေါင်း(၅၈၃)ကျောင်းသာ ဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။
နစကအဖွဲ့ဝင် ဒေါက်တာမှုထန်က စက်တင်ဘာလ(၁၅)ရက်တွင် ဟားခါးမြို့ရှိ ချင်းပြည် နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည့် တွေ့ဆုံပွဲတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် နိုင်ငံတော်အစိုးရအနေဖြင့် အခြေခံပညာရေးကဏ္ဍတွင် နိုင်ငံသားတိုင်း KG+9 အနည်းဆုံး ပြီးမြောက်ရန် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ချင်းပြည်နယ်တွင် အထူးသဖြင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရန် ပညာရေးကို အထူးဦးစားပေးဆောင်ရွက်ရန် ဒေါက်တာမှုထန်က အသိပေးပြောကြားထားသည်။
ချင်းပြည်နယ်၌ အခြေခံပညာကျောင်းပေါင်း(၁၅၅၁)ကျောင်းရှိသည့်အနက် ယခု(၂၀၂၃- ၂၀၂၄) ပညာသင်နှစ်တွင် (၅၈၃)ကျောင်းသာ ဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ကျောင်းတက်ရန် ခက်ခဲသည့် ကျောင်းသား၊ ကျောင်းသူများအားထောက်ပံ့ကြေး များပေးနိုင်ရန် ဆောင်ရွက်နေကြောင်း ဒေါက်တာမှုထန်က ဆက်လက်ပြောသည်။
ချင်းပြည်နယ်ရှိ ထန်တလန်မြို့နယ် အပါအဝင် အခြားသောနေရာများ၌ တပ်မတော်လုံခြုံ ရေးအဖွဲ့နှင့် ချင်းလက်နက်ကိုင်အဖွဲ့ CNF ပူးပေါင်းအဖွဲ့များကြားတွင် ၂၀၂၁ ခုနှစ် နောက် ပိုင်းမှစ၍ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်ကို တွေ့ရှိရသည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ်တွင် တိုင်းနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်း၊ ကိုယ်ပိုင်ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၌ ကျောင်းအပ်နှံသူ(၆)သန်းခွဲနီးပါးရှိခဲ့ကြောင်း သိရသည်။
zawgyi version
စာသင္ေက်ာင္းေပါင္း(၁၅၀၀)ေက်ာ္ရွိသည့္ ခ်င္းျပည္နယ္တြင္ ယခုပညာသင္ႏွစ္၌ ေက်ာင္းေပါင္း(၅၈၀)ေက်ာ္သာ ဖြင့္လွစ္ႏိုင္ခဲ့ဟုဆို
ယြန္း (NP News) - စက္တင္ဘာ ၁၆
အေျခခံပညာေက်ာင္းေပါင္း (၁၅၀၀)ေက်ာ္ရွိသည့္ ခ်င္းျပည္နယ္တြင္ (၂၀၂၃- ၂၀၂၄) ပညာ သင္ႏွစ္၌ ေက်ာင္းေပါင္း(၅၈၃)ေက်ာင္းသာ ဖြင့္လွစ္ႏိုင္ခဲ့ေၾကာင္း သိရသည္။
နစကအဖြဲ႕ဝင္ ေဒါက္တာမႈထန္က စက္တင္ဘာလ(၁၅)ရက္တြင္ ဟားခါးၿမိဳ႕ရွိ ခ်င္းျပည္ နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန အစည္းအေဝးခန္းမ၌ က်င္းပခဲ့သည့္ ေတြ႕ဆုံပြဲတြင္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္း ျဖစ္သည္။
လက္ရွိတြင္ ႏိုင္ငံေတာ္အစိုးရအေနျဖင့္ အေျခခံပညာေရးက႑တြင္ ႏိုင္ငံသားတိုင္း KG+9 အနည္းဆုံး ၿပီးေျမာက္ရန္ အေကာင္အထည္ေဖာ္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
ခ်င္းျပည္နယ္တြင္ အထူးသျဖင့္ လူ႔စြမ္းအားအရင္းအျမစ္ဖြံ႕ၿဖိဳးတိုးတက္ရန္ ပညာေရးကို အထူးဦးစားေပးေဆာင္႐ြက္ရန္ ေဒါက္တာမႈထန္က အသိေပးေျပာၾကားထားသည္။
ခ်င္းျပည္နယ္၌ အေျခခံပညာေက်ာင္းေပါင္း(၁၅၅၁)ေက်ာင္းရွိသည့္အနက္ ယခု(၂၀၂၃- ၂၀၂၄) ပညာသင္ႏွစ္တြင္ (၅၈၃)ေက်ာင္းသာ ဖြင့္လွစ္ႏိုင္ခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ေက်ာင္းတက္ရန္ ခက္ခဲသည့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအားေထာက္ပံ့ေၾကး မ်ားေပးႏိုင္ရန္ ေဆာင္႐ြက္ေနေၾကာင္း ေဒါက္တာမႈထန္က ဆက္လက္ေျပာသည္။
ခ်င္းျပည္နယ္ရွိ ထန္တလန္ၿမိဳ႕နယ္ အပါအဝင္ အျခားေသာေနရာမ်ား၌ တပ္မေတာ္လုံၿခဳံ ေရးအဖြဲ႕ႏွင့္ ခ်င္းလက္နက္ကိုင္အဖြဲ႕ CNF ပူးေပါင္းအဖြဲ႕မ်ားၾကားတြင္ ၂၀၂၁ ခုႏွစ္ ေနာက္ ပိုင္းမွစ၍ တိုက္ပြဲမ်ား ျဖစ္ပြားလ်က္ရွိသည္ကို ေတြ႕ရွိရသည္။
၂၀၂၃-၂၀၂၄ ပညာသင္ႏွစ္အတြက္ ေက်ာင္းအပ္ႏွံေရးသီတင္းပတ္တြင္ တိုင္းႏွင့္ ျပည္နယ္အသီးသီးရွိ အေျခခံပညာေက်ာင္း၊ ကိုယ္ပိုင္ေက်ာင္းႏွင့္ ဘုန္းေတာ္ႀကီးသင္ပညာေရးေက်ာင္းမ်ား၌ ေက်ာင္းအပ္ႏွံသူ(၆)သန္းခြဲနီးပါးရွိခဲ့ေၾကာင္း သိရသည္။