တရုတ်နိုင်ငံမှာ ကျောင်းဆရာမက သုံးမြောင်ပေတံနဲ့ ပစ်ပေါက်မှုကြောင့် ကျောင်းသူတစ်ဦး ဆေးရုံရောက်ခဲ့ရ

3401
ရောင်နီ (NP News) - စက်တင်ဘာ ၁၇
တရုတ်နိုင်ငံရှိ အစိုးရ ကျောင်းဆရာမတစ်ဦးဟာ ကျောင်းသူတစ်ဦးကို သုံးမြောင့်ပေတံနဲ့ ပစ်ပေါက်ခဲ့ရာမှ ပြင်းပြင်းထန်ထန် ဒဏ်ရာရစေမှု ဖြစ်ပွားခဲ့ပါတယ်။

ဆရာမရဲ့ သုံးမြောင့်ပေတံနဲ့ပစ်ပေါက်မှုဟာ ကျောင်းသူရဲ့ ဦးခေါင်းကို ထိမှန်ခဲ့ပြီး ခေါင်းဘယ်ဘက်မှာ အရှည် ၄ စင်တီမီတာခန့်ရှိတဲ့ ဒဏ်ရာတစ်ခုဖြစ်ခဲ့ကာ ပေတံရဲ့အစအနတွေဟာ ဦးခေါင်းထဲထိ ဝင်နေခဲ့တာကြောင့် ၅ နာရီကြာ ခွဲစိတ်ကုသမှု ပြုလုပ်လိုက်ရတယ်လို့ သိရပါတယ်။ ဒီဖြစ်ရပ်ဟာ ချောင်ရှာမြို့ရှိ မိုင်ဇီလိဒ် မူလတန်းကျောင်းမှ စတုတ္ထတန်း အခန်းထဲမှာ စက်တင်ဘာလ ၆ ရက်က ဖြစ်ပွားခဲ့တာပါ။ ကျောင်းသူမိန်းကလေးဟာ အသက် ကိုးနှစ်သာရှိသေးပြီး စက်တင်ဘာလ ၆ ရက်မှာပဲ ချက်ချင်း ဆေးရုံပို့ဆောင်ခဲ့ရကာ အချိန် ငါးနာရီနီးပါးကြာ ခွဲစိတ်ကုသမှု ခံယူခဲ့ရတယ်လို့ တရုတ်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
ဒီဖြစ်ရပ်ကြောင့် ဆောင်း အမည်ရှိ ကျောင်းဆရာမကို ရည်ရွယ်ချက်ရှိရှိ ဒဏ်ရာရစေမှုနဲ့ ဖမ်းဆီးလိုက်တယ်လို့ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့က စက်တင်ဘာလ ၇ ရက်မှာ ပြောကြားခဲ့ပါတယ်။ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေချိန်မှာ ကျောင်းအုပ်ဆရာမနဲ့ ၎င်းရဲ့ကြီးကြပ်ရေးမှူးတို့ကို တာဝန်မှရပ်ဆိုင်းထားကြောင်း ဒေသဆိုင်ရာ ပညာရေး အာဏာပိုင်များက ပြောကြားပါတယ်။ ထိခိုက်ခဲ့သူ ကျောင်းသူရဲ့မိခင်ဖြစ်တဲ့ မစ္စဝမ်ရဲ့ပြောကြားချက်အရ ကျောင်းဝန်ထမ်းတွေဟာ ကလေးရဲ့ဒဏ်ရာပြင်းထန်မှုကို ဖုံးကွယ်ဖို့ ကြိုးပမ်းခဲ့တယ်လို့ သိရပါတယ်။ အခုအချိန်မှာတော့ ကျောင်းသူဟာ ဒဏ်ရာသက်သာလာပြီ ဖြစ်ပါတယ်။
ကျောင်းဆရာမ ဆောင်းဟာ သူ့အရင် တာဝန်ထမ်းဆောင်ခဲ့တဲ့ ကျောင်းမှာလည်း တပည့်တွေကို ရိုက်နှက်အပြစ်ပေးမှုနဲ့ပတ်သက်ပြီး တိုင်ကြားချက်တွေ ရှိခဲ့ဖူးတယ်လို့ သိရပါတယ်။

zawgyi version
တ႐ုတ္ႏိုင္ငံမွာ ေက်ာင္းဆရာမက သုံးေျမာင္ေပတံနဲ႔ ပစ္ေပါက္မႈေၾကာင့္ ေက်ာင္းသူတစ္ဦး ေဆး႐ုံေရာက္ခဲ့ရ
ေရာင္နီ (NP News) - စက္တင္ဘာ ၁၇
တ႐ုတ္ႏိုင္ငံရွိ အစိုးရ ေက်ာင္းဆရာမတစ္ဦးဟာ ေက်ာင္းသူတစ္ဦးကို သုံးေျမာင့္ေပတံနဲ႔ ပစ္ေပါက္ခဲ့ရာမွ ျပင္းျပင္းထန္ထန္ ဒဏ္ရာရေစမႈ ျဖစ္ပြားခဲ့ပါတယ္။
ဆရာမရဲ႕ သုံးေျမာင့္ေပတံနဲ႔ပစ္ေပါက္မႈဟာ ေက်ာင္းသူရဲ႕ ဦးေခါင္းကို ထိမွန္ခဲ့ၿပီး ေခါင္းဘယ္ဘက္မွာ အရွည္ ၄ စင္တီမီတာခန႔္ရွိတဲ့ ဒဏ္ရာတစ္ခုျဖစ္ခဲ့ကာ ေပတံရဲ႕အစအနေတြဟာ ဦးေခါင္းထဲထိ ဝင္ေနခဲ့တာေၾကာင့္ ၅ နာရီၾကာ ခြဲစိတ္ကုသမႈ ျပဳလုပ္လိုက္ရတယ္လို႔ သိရပါတယ္။ ဒီျဖစ္ရပ္ဟာ ေခ်ာင္ရွာၿမိဳ႕ရွိ မိုင္ဇီလိဒ္ မူလတန္းေက်ာင္းမွ စတုတၳတန္း အခန္းထဲမွာ စက္တင္ဘာလ ၆ ရက္က ျဖစ္ပြားခဲ့တာပါ။ ေက်ာင္းသူမိန္းကေလးဟာ အသက္ ကိုးႏွစ္သာရွိေသးၿပီး စက္တင္ဘာလ ၆ ရက္မွာပဲ ခ်က္ခ်င္း ေဆး႐ုံပို႔ေဆာင္ခဲ့ရကာ အခ်ိန္ ငါးနာရီနီးပါးၾကာ ခြဲစိတ္ကုသမႈ ခံယူခဲ့ရတယ္လို႔ တ႐ုတ္မီဒီယာေတြက ေဖာ္ျပခဲ့ပါတယ္။
ဒီျဖစ္ရပ္ေၾကာင့္ ေဆာင္း အမည္ရွိ ေက်ာင္းဆရာမကို ရည္႐ြယ္ခ်က္ရွိရွိ ဒဏ္ရာရေစမႈနဲ႔ ဖမ္းဆီးလိုက္တယ္လို႔ ေဒသဆိုင္ရာ ရဲတပ္ဖြဲ႕က စက္တင္ဘာလ ၇ ရက္မွာ ေျပာၾကားခဲ့ပါတယ္။ စုံစမ္းစစ္ေဆးမႈေတြ လုပ္ေဆာင္ေနခ်ိန္မွာ ေက်ာင္းအုပ္ဆရာမနဲ႔ ၎ရဲ႕ႀကီးၾကပ္ေရးမႉးတို႔ကို တာဝန္မွရပ္ဆိုင္းထားေၾကာင္း ေဒသဆိုင္ရာ ပညာေရး အာဏာပိုင္မ်ားက ေျပာၾကားပါတယ္။ ထိခိုက္ခဲ့သူ ေက်ာင္းသူရဲ႕မိခင္ျဖစ္တဲ့ မစၥဝမ္ရဲ႕ေျပာၾကားခ်က္အရ ေက်ာင္းဝန္ထမ္းေတြဟာ ကေလးရဲ႕ဒဏ္ရာျပင္းထန္မႈကို ဖုံးကြယ္ဖို႔ ႀကိဳးပမ္းခဲ့တယ္လို႔ သိရပါတယ္။ အခုအခ်ိန္မွာေတာ့ ေက်ာင္းသူဟာ ဒဏ္ရာသက္သာလာၿပီ ျဖစ္ပါတယ္။
ေက်ာင္းဆရာမ ေဆာင္းဟာ သူ႔အရင္ တာဝန္ထမ္းေဆာင္ခဲ့တဲ့ ေက်ာင္းမွာလည္း တပည့္ေတြကို ႐ိုက္ႏွက္အျပစ္ေပးမႈနဲ႔ပတ္သက္ၿပီး တိုင္ၾကားခ်က္ေတြ ရွိခဲ့ဖူးတယ္လို႔ သိရပါတယ္။