ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီ(၄၇၀)ကျော်ရှိရာ ယာယီပိတ်သိမ်းထားသည့် အေဂျင်စီ(၁၀)ခုရှိနေဟုဆို

 787

ယွန်း (NP News) - စက်တင်ဘာ ၁၇

ပြည်ပသို့ အလုပ်သမား တရားဝင်စေလွှတ်သည့် ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင် စင်ရအေဂျင်စီ(၄၇၀)ကျော်ရှိရာ (၁၀)ခုသည် ယာယီပိတ်သိမ်းထားကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်က စက်တင်ဘာလ(၁၆)ရက်တွင် ရန်ကုန်မြို့ Chatrium Hotel ၌ ကျင်းပခဲ့သည့် မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင် မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) ၏ နှစ်ပတ်လည်အစည်းအဝေးတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

၂၀၂၃ ခုနှစ်၊ သြဂုတ်လအထိ ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီ (၄၇၇)ခုရှိသော်လည်း ယာယီပိတ်သိမ်းထားသည့် အေဂျင်စီ (၁၀)ခုရှိပြီး လက်ရှိတွင် ဆောင် ရွက်နေသည့် အေဂျင်စီ (၄၆၇)ခုရှိကြောင်း သိရသည်။

အလားတူ (ထိုင်း)လိုင်စင်ရအေဂျင်စီ(၁၅၈)ခုရှိပြီး ယာယီပိတ်သိမ်းသည့် အေဂျင်စီရှစ်ခုရှိသဖြင့် လက်ရှိတွင်ဆောင်ရွက်နေသည့် (ထိုင်း)လိုင်စင်ရအေဂျင်စီ (၁၅၀)ရှိကြောင်း ပြည် ထောင်စုဝန်ကြီးက အသိပေးပြောကြားထားသည်။

ထို့ပြင် ဝန်ကြီးဌာနအနေဖြင့် ပြည်ပနိုင်ငံများသို့ အလုပ်သမားစေလွှတ်သည့် ပြည်ပအလုပ် အကိုင်အကျိုးဆောင် လိုင်စင်ရအေဂျင်စီနှင့် အလုပ်သမားတို့အကြား ချုပ်ဆိုမည့် စံစာချုပ်ကို ပြီးခဲ့သည့် စက်တင်ဘာလ(၁)ရက်မှစ၍ စတင်အကောင်အထည်ဖော် ဆောင်ရွက်ရန် အကြောင်းကြားထားပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါစာချုပ်အရ မိသားစုလွှဲပို့ငွေများမှ လစဥ်အခြေခံလစာ၏ ၂၅ ရာခိုင်နှုန်းကို တရားဝင်လမ်းကြောင်းဖြင့် လွှဲပြောင်းပေးပို့ရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားပြီးဖြစ်သည်။

ထိုသို့ လွှဲပြောင်းနိုင်မည့်နည်းလမ်းများနှင့် အကျိုးကျေးဇူးများကိုလည်း ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်းများ၊ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုရာတွင် အလုပ် သမားများအား ရှင်းပြပေးရန်လည်းလိုကြောင်း ပြည်ထောင်စုဝန်ကြီးက အသိပေးပြောကြား သည်။

တရားဝင်လမ်းကြောင်းမှ လွှဲပို့သည့်အတွက် မိခင်နိုင်ငံ၏ ဝင်ငွေတစ်ခုအဖြစ် ပြန်လည်ဝင်ရောက်လာမည်ဖြစ်ပြီး အလုပ်သမားများ၏ မိသားစုလူမှုစီးပွားများလည်း ကောင်းမွန်တိုးတက်လာမည် ဖြစ်ကြောင်း သိရသည်။

zawgyi version
ျပည္ပအလုပ္အကိုင္ အက်ိဳးေဆာင္လိုင္စင္ရ ေအဂ်င္စီ(၄၇၀)ေက်ာ္ရွိရာ ယာယီပိတ္သိမ္းထားသည့္ ေအဂ်င္စီ(၁၀)ခုရွိေနဟုဆို
ယြန္း (NP News) - စက္တင္ဘာ ၁၇

ျပည္ပသို႔ အလုပ္သမား တရားဝင္ေစလႊတ္သည့္ ျပည္ပအလုပ္အကိုင္ အက်ိဳးေဆာင္လိုင္ စင္ရေအဂ်င္စီ(၄၇၀)ေက်ာ္ရွိရာ (၁၀)ခုသည္ ယာယီပိတ္သိမ္းထားေၾကာင္း အလုပ္သမားဝန္ႀကီးဌာနမွ သိရသည္။

အလုပ္သမားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးျမင့္ေနာင္က စက္တင္ဘာလ(၁၆)ရက္တြင္ ရန္ကုန္ၿမိဳ႕ Chatrium Hotel ၌ က်င္းပခဲ့သည့္ ျမန္မာျပည္ပအလုပ္အကိုင္ဝန္ေဆာင္ မႈလုပ္ငန္းရွင္မ်ားအဖြဲ႕ခ်ဳပ္ (MOEAF) ၏ ႏွစ္ပတ္လည္အစည္းအေဝးတြင္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

၂၀၂၃ ခုႏွစ္၊ ၾသဂုတ္လအထိ ျပည္ပအလုပ္အကိုင္ အက်ိဳးေဆာင္လိုင္စင္ရ ေအဂ်င္စီ (၄၇၇)ခုရွိေသာ္လည္း ယာယီပိတ္သိမ္းထားသည့္ ေအဂ်င္စီ (၁၀)ခုရွိၿပီး လက္ရွိတြင္ ေဆာင္ ႐ြက္ေနသည့္ ေအဂ်င္စီ (၄၆၇)ခုရွိေၾကာင္း သိရသည္။

အလားတူ (ထိုင္း)လိုင္စင္ရေအဂ်င္စီ(၁၅၈)ခုရွိၿပီး ယာယီပိတ္သိမ္းသည့္ ေအဂ်င္စီရွစ္ခုရွိသျဖင့္ လက္ရွိတြင္ေဆာင္႐ြက္ေနသည့္ (ထိုင္း)လိုင္စင္ရေအဂ်င္စီ (၁၅၀)ရွိေၾကာင္း ျပည္ ေထာင္စုဝန္ႀကီးက အသိေပးေျပာၾကားထားသည္။

ထို႔ျပင္ ဝန္ႀကီးဌာနအေနျဖင့္ ျပည္ပႏိုင္ငံမ်ားသို႔ အလုပ္သမားေစလႊတ္သည့္ ျပည္ပအလုပ္ အကိုင္အက်ိဳးေဆာင္ လိုင္စင္ရေအဂ်င္စီႏွင့္ အလုပ္သမားတို႔အၾကား ခ်ဳပ္ဆိုမည့္ စံစာခ်ဳပ္ကို ၿပီးခဲ့သည့္ စက္တင္ဘာလ(၁)ရက္မွစ၍ စတင္အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ရန္ အေၾကာင္းၾကားထားၿပီးျဖစ္ေၾကာင္း သိရသည္။

အဆိုပါစာခ်ဳပ္အရ မိသားစုလႊဲပို႔ေငြမ်ားမွ လစဥ္အေျခခံလစာ၏ ၂၅ ရာခိုင္ႏႈန္းကို တရားဝင္လမ္းေၾကာင္းျဖင့္ လႊဲေျပာင္းေပးပို႔ရမည္ျဖစ္ေၾကာင္း ထုတ္ျပန္ထားၿပီးျဖစ္သည္။

ထိုသို႔ လႊဲေျပာင္းႏိုင္မည့္နည္းလမ္းမ်ားႏွင့္ အက်ိဳးေက်းဇူးမ်ားကိုလည္း ျပည္ပအလုပ္အကိုင္ လမ္းၫႊန္သင္တန္းမ်ား၊ အလုပ္ခန႔္ထားမႈဆိုင္ရာ သေဘာတူစာခ်ဳပ္ ခ်ဳပ္ဆိုရာတြင္ အလုပ္ သမားမ်ားအား ရွင္းျပေပးရန္လည္းလိုေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက အသိေပးေျပာၾကား သည္။

တရားဝင္လမ္းေၾကာင္းမွ လႊဲပို႔သည့္အတြက္ မိခင္ႏိုင္ငံ၏ ဝင္ေငြတစ္ခုအျဖစ္ ျပန္လည္ဝင္ေရာက္လာမည္ျဖစ္ၿပီး အလုပ္သမားမ်ား၏ မိသားစုလူမႈစီးပြားမ်ားလည္း ေကာင္းမြန္တိုးတက္လာမည္ ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.