မြန်မာနိုင်ငံကိုလာရောက်မည့် နိုင်ငံခြားသားများကို လေဆိပ်တွင် ဒေါ်လာ နှင့် ကျန်းမာရေးအာမခံ စစ်ဆေးမည်

 9151

ဂျန်ဇက် (NP News) - စက်တင်ဘာ ၁၇

မြန်မာနိုင်ငံသို့လာရောက်မည့် နိုင်ငံခြားသားများသည် ကျန်းမာရေးအာမခံချက်နှင့် အမေရိကန်ဒေါ်လာ လက်ဝယ် ပါရှိမှုများကို စစ်ဆေးခံရဖွယ်ရှိနေကြောင်း ထိုင်းသံရုံးက ထုတ်ဖော်ပြောဆိုလိုက်သည်။

မြန်မာအဏာပိုင်များက မြန်မာနိုင်ငံတွင် သီတင်းပတ်နှစ်ပတ်ထက်ကျော်လွန်နေထိုင်ခြင်းမျိုးမရှိသည့် နိုင်ငံခြားသားများကို လေဆိပ်တွင် စစ်ဆေးသွားမည်ဖြစ်သည့်အတွက် ကြိုတင်ပြင်ဆင်ထားစေလိုကြောင်း တိုက်တွန်းတောင်းဆိုထားသည်။

ထိုင်းသံရုံး၏ ဖော်ပြချက်အရ မြန်မာနိုင်ငံသို့လာရောက်မည့် ပြည်ပခရီးသွားများသည် ကိုဗစ် ၁၉ နှင့်ပတ်သက် သော ကျန်းမာရေးအာမခံချက်၊စစ်ဆေးခံရမည်ဖြစ်ကြောင်း သိရသည်။ မြန်မာလူဝင်မှုကြီးကြပ်ရေးဌာနက လေဆိပ်လူဝင်မှုကြီးကြပ်ရေးကောင်တာတွင် ပြည်ပခရီးသွားများကို အမေရိကန်ဒေါ်လာစစ်ဆေးမှုများလည်း လုပ်ဆောင်မည်ဖြစ်ကြောင်း ဆိုသည်။

မြန်မာနိုင်ငံကို လာရောက်မည့် ပြည်ပခရီးသွားများသည် အမေရိကန်ဒေါ်လာ ဘယ်လောက် ကိုင်ဆောင်ခွင့်ပြုမည်ဆိုသောအချက်က အာဏာပိုင်များ၏ စဉ်းစားဆုံးဖြတ်မှုများအပေါ် မူတည်နေကြောင်း ထိုင်းသံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုင်းသံရုံးအနေဖြင့် မြန်မာနိုင်ငံသို့လာရောက်မည့်ခရီးသွားများကို ငွေကြေးပမာဏာ ဘယ်လောက်လိုအပ်သလဲ ဆိုသောအချက်ကို မြန်မာအာဏာပိုင်များ နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထား သည်။ ထိုင်းနိုင်ငံသားများအနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည်ဆိုပါက သင့်လျော်သော ငွေကြေးပမာဏကို ပြင်ဆင်ထားရန်လိုအပ်ကြောင်း အကြံပြုတိုက်တွန်းထားသည်။

မြန်မာအာဏာပိုင်များက ပြည်ပခရီးသွားများအနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်ရာတွင် အနည်းဆုံး အမေရိကန်ဒေါ်လာ ၁ဝဝဝ ရှိရန် လိုအပ်ကြောင်း ပြောဆိုထားသည်ဟု ထိုင်းသံရုံးက ပြောသည်။

Zawgyi Version;
ျမန္မာႏိုင္ငံကိုလာေရာက္မည့္ ႏိုင္ငံျခားသားမ်ားကို ေလဆိပ္တြင္ ေဒၚလာ ႏွင့္ က်န္းမာေရးအာမခံ စစ္ေဆးမည္
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၁၇

ျမန္မာႏိုင္ငံသို႔လာေရာက္မည့္ ႏိုင္ငံျခားသားမ်ားသည္ က်န္းမာေရးအာမခံခ်က္ႏွင့္ အေမရိကန္ေဒၚလာ လက္ဝယ္ ပါရွိမႈမ်ားကို စစ္ေဆးခံရဖြယ္ရွိေနေၾကာင္း ထိုင္းသံ႐ုံးက ထုတ္ေဖာ္ေျပာဆိုလိုက္သည္။

ျမန္မာအဏာပိုင္မ်ားက ျမန္မာႏိုင္ငံတြင္ သီတင္းပတ္ႏွစ္ပတ္ထက္ေက်ာ္လြန္ေနထိုင္ျခင္းမ်ိဳးမရွိသည့္ ႏိုင္ငံျခားသားမ်ားကို ေလဆိပ္တြင္ စစ္ေဆးသြားမည္ျဖစ္သည့္အတြက္ ႀကိဳတင္ျပင္ဆင္ထားေစလိုေၾကာင္း တိုက္တြန္းေတာင္းဆိုထားသည္။

ထိုင္းသံ႐ုံး၏ ေဖာ္ျပခ်က္အရ ျမန္မာႏိုင္ငံသို႔လာေရာက္မည့္ ျပည္ပခရီးသြားမ်ားသည္ ကိုဗစ္ ၁၉ ႏွင့္ပတ္သက္ ေသာ က်န္းမာေရးအာမခံခ်က္၊စစ္ေဆးခံရမည္ျဖစ္ေၾကာင္း သိရသည္။ ျမန္မာလူဝင္မႈႀကီးၾကပ္ေရးဌာနက ေလဆိပ္လူဝင္မႈႀကီးၾကပ္ေရးေကာင္တာတြင္ ျပည္ပခရီးသြားမ်ားကို အေမရိကန္ေဒၚလာစစ္ေဆးမႈမ်ားလည္း လုပ္ေဆာင္မည္ျဖစ္ေၾကာင္း ဆိုသည္။

ျမန္မာႏိုင္ငံကို လာေရာက္မည့္ ျပည္ပခရီးသြားမ်ားသည္ အေမရိကန္ေဒၚလာ ဘယ္ေလာက္ ကိုင္ေဆာင္ခြင့္ျပဳမည္ဆိုေသာအခ်က္က အာဏာပိုင္မ်ား၏ စဥ္းစားဆုံးျဖတ္မႈမ်ားအေပၚ မူတည္ေနေၾကာင္း ထိုင္းသံ႐ုံး၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ထိုင္းသံ႐ုံးအေနျဖင့္ ျမန္မာႏိုင္ငံသို႔လာေရာက္မည့္ခရီးသြားမ်ားကို ေငြေၾကးပမာဏာ ဘယ္ေလာက္လိုအပ္သလဲ ဆိုေသာအခ်က္ကို ျမန္မာအာဏာပိုင္မ်ား ႏွင့္ ပူးေပါင္းေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သတင္းထုတ္ျပန္ထား သည္။ ထိုင္းႏိုင္ငံသားမ်ားအေနျဖင့္ ျမန္မာႏိုင္ငံသို႔ လာေရာက္လည္ပတ္မည္ဆိုပါက သင့္ေလ်ာ္ေသာ ေငြေၾကးပမာဏကို ျပင္ဆင္ထားရန္လိုအပ္ေၾကာင္း အႀကံျပဳတိုက္တြန္းထားသည္။

ျမန္မာအာဏာပိုင္မ်ားက ျပည္ပခရီးသြားမ်ားအေနျဖင့္ ျမန္မာႏိုင္ငံသို႔ လာေရာက္ရာတြင္ အနည္းဆုံး အေမရိကန္ေဒၚလာ ၁ဝဝဝ ရွိရန္ လိုအပ္ေၾကာင္း ေျပာဆိုထားသည္ဟု ထိုင္းသံ႐ုံးက ေျပာသည္။

Related news

© 2021. All rights reserved.