မြန်မာနိုင်ငံမြောက်ပိုင်းဒေသများမှ မုတ်သုံဆုတ်ခွာသွားပြီဖြစ်ကြောင်း မိုးဇလအသိပေး

 1151

ယွန်း (NP News) - စက်တင်ဘာ ၁၇

အ‌နောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံမြောက်ပိုင်းဒေသများမှ ထွက်ခွာခဲ့ပြီဖြစ် ကြောင်း မိုးဇလမှထုတ်ပြန်ထားသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့(စက်တင်ဘာလ ၁၇ ရက်)၊ နေ့လည်ပိုင်းတွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

မိုးဇလ၏ ပြီးခဲ့သည့် လပိုင်းက ထုတ်ပြန်ချက်အရ အနောက်တောင်မုတ်သုံလေသည် စက်တင်ဘာလ(၁၂)ရက်မှ (၁၈)ရက်အတွင်း မြန်မာနိုင်ငံမြောက်ပိုင်းဒေသများမှ စတင်ထွက်ခွာနိုင်ကြောင်း သိရသည်။

ထို့နောက် စက်တင်ဘာလ(၁၉)ရက်မှ (၂၅)ရက်အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများမှထွက်ခွာသွားနိုင်ပြီး စက်တင်ဘာလ(၂၆)ရက်နှင့် အောက်တိုဘာလ(၁)ရက်တွင် မြစ်ဝကျွန်း ပေါ်ဒေသများမှ ဆုတ်ခွာနိုင်ကြောင်း သိရသည်။

ထို့ကြောင့် အနောက်တောင်မုတ်သုံလေသည် လာမည့် အောက်တိုဘာလအတွင်း မြန်မာတစ်နိုင်ငံလုံးမှ ထွက်ခွာနိုင်ကြောင်း မိုးဇလမှခန့်မှန်းထားသည်။

ထိုသို့ မုတ်သုံလေဆုတ်ခွာသွားသော်လည်း အရှေ့ဘက်မှလာသည့် လေပွေလှိုင်းများနှင့် မုန်တိုင်းအကြွင်းအကျန်များကြောင့် မိုးရွာသွန်းမှုများဆက်လက်ရှိနိုင်ကြောင်း မိုးဇလမှ အသိပေးထားသည်။

zawgyi version
ျမန္မာႏိုင္ငံေျမာက္ပိုင္းေဒသမ်ားမွ မုတ္သုံဆုတ္ခြာသြားၿပီျဖစ္ေၾကာင္း မိုးဇလအသိေပး
ယြန္း (NP News) - စက္တင္ဘာ ၁၇

အ‌ေနာက္ေတာင္မုတ္သုံေလသည္ ျမန္မာႏိုင္ငံေျမာက္ပိုင္းေဒသမ်ားမွ ထြက္ခြာခဲ့ၿပီျဖစ္ ေၾကာင္း မိုးဇလမွထုတ္ျပန္ထားသည္။

မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနမွ ယေန႔(စက္တင္ဘာလ ၁၇ ရက္)၊ ေန႔လည္ပိုင္းတြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။

မိုးဇလ၏ ၿပီးခဲ့သည့္ လပိုင္းက ထုတ္ျပန္ခ်က္အရ အေနာက္ေတာင္မုတ္သုံေလသည္ စက္တင္ဘာလ(၁၂)ရက္မွ (၁၈)ရက္အတြင္း ျမန္မာႏိုင္ငံေျမာက္ပိုင္းေဒသမ်ားမွ စတင္ထြက္ခြာႏိုင္ေၾကာင္း သိရသည္။

ထို႔ေနာက္ စက္တင္ဘာလ(၁၉)ရက္မွ (၂၅)ရက္အတြင္း ျမန္မာႏိုင္ငံအလယ္ပိုင္းေဒသမ်ားမွထြက္ခြာသြားႏိုင္ၿပီး စက္တင္ဘာလ(၂၆)ရက္ႏွင့္ ေအာက္တိုဘာလ(၁)ရက္တြင္ ျမစ္ဝကြၽန္း ေပၚေဒသမ်ားမွ ဆုတ္ခြာႏိုင္ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ အေနာက္ေတာင္မုတ္သုံေလသည္ လာမည့္ ေအာက္တိုဘာလအတြင္း ျမန္မာတစ္ႏိုင္ငံလုံးမွ ထြက္ခြာႏိုင္ေၾကာင္း မိုးဇလမွခန႔္မွန္းထားသည္။

ထိုသို႔ မုတ္သုံေလဆုတ္ခြာသြားေသာ္လည္း အေရွ႕ဘက္မွလာသည့္ ေလေပြလႈိင္းမ်ားႏွင့္ မုန္တိုင္းအႂကြင္းအက်န္မ်ားေၾကာင့္ မိုး႐ြာသြန္းမႈမ်ားဆက္လက္ရွိႏိုင္ေၾကာင္း မိုးဇလမွ အသိေပးထားသည္။

Related news

© 2021. All rights reserved.