MNA လေကြောင်းလိုင်းအနေဖြင့် မကြာမီအချိန်တွင် ဒေသတွင်းနိုင်ငံများသို့ Cargo လေယာဉ်ခရီးစဉ်ကို စတင်ပျံသန်းမည်
1599
ယွန်း (NP News) - စက်တင်ဘာ ၁၇
မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) အနေဖြင့် မကြာမီအချိန်တွင် ဒေသတွင်းနိုင်ငံများသို့ Cargo လေယာဉ်ခရီးစဉ် စတင်ပျံသန်းမည်ဖြစ်ကြောင်း သိရသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စက်တင်ဘာလ(၁၆)ရက်တွင် ရန်ကုန်မြို့ဗဟန်းမြို့နယ်ရှိ Melia Hotel တွင် ကျင်းပသည့် မြန်မာအမျိုးသားလေကြောင်း (Myanmar National Airlines - MNA) ၏ (၇၅)နှစ်မြောက် စိန်ရတုနှစ်ပတ်လည်နေ့အခမ်းအနားတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
“Cargo လေယာဉ်ခရီးစဉ် စတင်ပျံသန်းမယ်လို့ သိရှိရတဲ့အတွက် လေကြောင်းကုန်စည်ပို့ဆောင်မှု ကဏ္ဍမှာ ပါဝင်ဆောင်ရွက်နိုင်တော့မှာဖြစ်ပါတယ်။ ကုန်စည်ပို့ဆောင်ရေးခရီးစဉ်တွေကို တိုးချဲ့ပြေးဆွဲပျံသန်းဖို့ စီစဉ်ဆောင်ရွက်နိုင်မယ်ဆိုရင် နိုင်ငံရဲ့ပို့ကုန်၊ သွင်းကုန်ကိုတိုးမြှင့်တင်ပို့နိုင်မှာ ဖြစ်သကဲ့သို့ နိုင်ငံ့စီးပွားရေးတိုးတက်မှုကို တစ်ဖက်တစ်လမ်းက ကူညီပံ့ပိုးပေးရာရောက်မှာလည်း ဖြစ်ပါတယ်” ဟု နစက ဥက္ကဋ္ဌက ပြောသည်။
ပြောင်းလဲတိုးတက်လာသည့် အခြေအနေ နှင့် လိုက်လျောညီထွေစွာဖြင့် ခရီးသည် နှင့် ကုန် စည်ရရှိမှုအပေါ်မူတည်ပြီး လေယာဥ်စင်းရေတိုးချဲ့မှုများ၊ လက်ရှိပြေးဆွဲနေသည့် ခရီးစဥ်များကို ခေါက်ရေတိုးမြှင့်ပြေးဆွဲမှုများ၊ ခရီးစဥ်များတိုးချဲ့ပြေးဆွဲမှုများကို ဆောင်ရွက်သွားရန်လည်း နစကဥက္ကဋ္ဌက အသိပေး ပြောကြားခဲ့သည်။
ပြီးခဲ့သည့် (၂၀၁၉)ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ ကူးစက်မြန် ကိုဗစ်- ၁၉ ကပ်ရောဂါကြောင့် တစ်ကမ္ဘာလုံးရှိ နိုင်ငံတိုင်း၏ စီးပွားရေးကဏ္ဍကျဆင်းခဲ့ရပြီး လေကြောင်းခရီး သွားလာပို့ဆောင်မှုများတွင်လည်း များစွာသက်ရောက်မှုရှိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ပြန်လည်နာလန်ထူလာပြီး ခရီးစဥ်ပေါင်းများစွာ၊ လေယာဥ်ပေါင်းများစွာ တိုးချဲ့ပြေးဆွဲ နေသည်ကို တွေ့ရသည့်အတွက် မြန်မာအမျိုးသားလေကြောင်းအနေဖြင့် "ကမ္ဘာကြည့် ကြည့်မြင်" ဆောင်ရွက်သွားရန်လိုအပ်ကြောင်း ၎င်းကဆက်လက်ပြောသည်။
မြန်မာအမျိုးသားလေကြောင်းသည် မြန်မာနိုင်ငံလွတ်လပ်ရေးနှင့်အတူ (၁၉၄၈)ခုနှစ်၊ စက် တင်ဘာလ(၁၅)ရက်တွင် “ပြည်ထောင်စုမြန်မာနိုင်ငံ လေကြောင်းသယ်ယူပို့ဆောင်ရေးအဖွဲ့” (Union of Burma Airways - UBA) အမည်ဖြင့် စတင်တည်ထောင်ခဲ့ကြောင်း သိရသည်။
ထို့နောက် (၁၉၇၂)ခုနှစ်တွင် “လေကြောင်း ပို့ဆောင်ရေးကော်ပိုရေးရှင်း” (Burma Airways Corporation-BAC)၊ (၁၉၈၉)ခုနှစ်တွင် “မြန်မာ့လေကြောင်း”(Myanma Airways - MA)၊ (၂၀၁၅)ခုနှစ်တွင် “မြန်မာအမျိုးသားလေကြောင်း” (Myanmar National Airlines - MNA) အဖြစ် အဆင့်ဆင့်ပြောင်းလဲဖွဲ့စည်းခဲ့ပြီး ပြည်တွင်း၊ ပြည်ပလေကြောင်းပို့ဆောင်ရေးလုပ် ငန်းများကို ဆောင်ရွက်ခဲ့သည်။
လက်ရှိတွင် ပြည်ပခရီးစဉ် ပျံသန်းမှုများအနေဖြင့်လည်း ထိုင်း၊ စင်ကာပူ၊ တရုတ်၊ ကိုရီးယား၊ အိန္ဒိယစသည့်နိုင်ငံများကို ပုံမှန်ခရီးစဉ်များ ပျံသန်းနေသည့်အပြင် ဗုဒ္ဓဂယာဘုရားဖူးစင်းလုံးငှား ခရီးစဉ်များကိုလည်း ပျံသန်းပြေးဆွဲလျက်ရှိကြောင်း သိရသည်။
zawgyi version
MNA ေလေၾကာင္းလိုင္းအေနျဖင့္ မၾကာမီအခ်ိန္တြင္ ေဒသတြင္းႏိုင္ငံမ်ားသို႔ Cargo ေလယာဥ္ခရီးစဥ္ကို စတင္ပ်ံသန္းမည္
ယြန္း (NP News) - စက္တင္ဘာ ၁၇
ျမန္မာအမ်ိဳးသားေလေၾကာင္းလိုင္း (MNA) အေနျဖင့္ မၾကာမီအခ်ိန္တြင္ ေဒသတြင္းႏိုင္ငံမ်ားသို႔ Cargo ေလယာဥ္ခရီးစဥ္ စတင္ပ်ံသန္းမည္ျဖစ္ေၾကာင္း သိရသည္။
နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က စက္တင္ဘာလ(၁၆)ရက္တြင္ ရန္ကုန္ၿမိဳ႕ဗဟန္းၿမိဳ႕နယ္ရွိ Melia Hotel တြင္ က်င္းပသည့္ ျမန္မာအမ်ိဳးသားေလေၾကာင္း (Myanmar National Airlines - MNA) ၏ (၇၅)ႏွစ္ေျမာက္ စိန္ရတုႏွစ္ပတ္လည္ေန႔အခမ္းအနားတြင္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။
“Cargo ေလယာဥ္ခရီးစဥ္ စတင္ပ်ံသန္းမယ္လို႔ သိရွိရတဲ့အတြက္ ေလေၾကာင္းကုန္စည္ပို႔ေဆာင္မႈ က႑မွာ ပါဝင္ေဆာင္႐ြက္ႏိုင္ေတာ့မွာျဖစ္ပါတယ္။ ကုန္စည္ပို႔ေဆာင္ေရးခရီးစဥ္ေတြကို တိုးခ်ဲ႕ေျပးဆြဲပ်ံသန္းဖို႔ စီစဥ္ေဆာင္႐ြက္ႏိုင္မယ္ဆိုရင္ ႏိုင္ငံရဲ႕ပို႔ကုန္၊ သြင္းကုန္ကိုတိုးျမႇင့္တင္ပို႔ႏိုင္မွာ ျဖစ္သကဲ့သို႔ ႏိုင္ငံ့စီးပြားေရးတိုးတက္မႈကို တစ္ဖက္တစ္လမ္းက ကူညီပံ့ပိုးေပးရာေရာက္မွာလည္း ျဖစ္ပါတယ္” ဟု နစက ဥကၠ႒က ေျပာသည္။
ေျပာင္းလဲတိုးတက္လာသည့္ အေျခအေန ႏွင့္ လိုက္ေလ်ာညီေထြစြာျဖင့္ ခရီးသည္ ႏွင့္ ကုန္ စည္ရရွိမႈအေပၚမူတည္ၿပီး ေလယာဥ္စင္းေရတိုးခ်ဲ႕မႈမ်ား၊ လက္ရွိေျပးဆြဲေနသည့္ ခရီးစဥ္မ်ားကို ေခါက္ေရတိုးျမႇင့္ေျပးဆြဲမႈမ်ား၊ ခရီးစဥ္မ်ားတိုးခ်ဲ႕ေျပးဆြဲမႈမ်ားကို ေဆာင္႐ြက္သြားရန္လည္း နစကဥကၠ႒က အသိေပးေျပာၾကားခဲ့သည္။
ၿပီးခဲ့သည့္ (၂၀၁၉)ခုႏွစ္ ႏွစ္ကုန္ပိုင္းမွစ၍ ကူးစက္ျမန္ ကိုဗစ္- ၁၉ ကပ္ေရာဂါေၾကာင့္ တစ္ကမာၻလုံးရွိ ႏိုင္ငံတိုင္း၏ စီးပြားေရးက႑က်ဆင္းခဲ့ရၿပီး ေလေၾကာင္းခရီး သြားလာပို႔ေဆာင္မႈမ်ားတြင္လည္း မ်ားစြာသက္ေရာက္မႈရွိခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ ျပန္လည္နာလန္ထူလာၿပီး ခရီးစဥ္ေပါင္းမ်ားစြာ၊ ေလယာဥ္ေပါင္းမ်ားစြာ တိုးခ်ဲ႕ေျပးဆြဲ ေနသည္ကို ေတြ႕ရသည့္အတြက္ ျမန္မာအမ်ိဳးသားေလေၾကာင္းအေနျဖင့္ "ကမာၻၾကည့္ ၾကည့္ျမင္" ေဆာင္႐ြက္သြားရန္လိုအပ္ေၾကာင္း ၎ကဆက္လက္ေျပာသည္။
ျမန္မာအမ်ိဳးသားေလေၾကာင္းသည္ ျမန္မာႏိုင္ငံလြတ္လပ္ေရးႏွင့္အတူ (၁၉၄၈)ခုႏွစ္၊ စက္ တင္ဘာလ(၁၅)ရက္တြင္ “ျပည္ေထာင္စုျမန္မာႏိုင္ငံ ေလေၾကာင္းသယ္ယူပို႔ေဆာင္ေရးအဖြဲ႕” (Union of Burma Airways - UBA) အမည္ျဖင့္ စတင္တည္ေထာင္ခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ (၁၉၇၂)ခုႏွစ္တြင္ “ေလေၾကာင္း ပို႔ေဆာင္ေရးေကာ္ပိုေရးရွင္း” (Burma Airways Corporation-BAC)၊ (၁၉၈၉)ခုႏွစ္တြင္ “ျမန္မာ့ေလေၾကာင္း”(Myanma Airways - MA)၊ (၂၀၁၅)ခုႏွစ္တြင္ “ျမန္မာအမ်ိဳးသားေလေၾကာင္း” (Myanmar National Airlines - MNA) အျဖစ္ အဆင့္ဆင့္ေျပာင္းလဲဖြဲ႕စည္းခဲ့ၿပီး ျပည္တြင္း၊ ျပည္ပေလေၾကာင္းပို႔ေဆာင္ေရးလုပ္ ငန္းမ်ားကို ေဆာင္႐ြက္ခဲ့သည္။
လက္ရွိတြင္ ျပည္ပခရီးစဥ္ ပ်ံသန္းမႈမ်ားအေနျဖင့္လည္း ထိုင္း၊ စင္ကာပူ၊ တ႐ုတ္၊ ကိုရီးယား၊ အိႏၵိယစသည့္ႏိုင္ငံမ်ားကို ပုံမွန္ခရီးစဥ္မ်ား ပ်ံသန္းေနသည့္အျပင္ ဗုဒၶဂယာဘုရားဖူးစင္းလုံးငွား ခရီးစဥ္မ်ားကိုလည္း ပ်ံသန္းေျပးဆြဲလ်က္ရွိေၾကာင္း သိရသည္။