ကျူးဘားနိုင်ငံအပေါ် ချမှတ်ထားတဲ့ အမေရိကန်အစိုးရရဲ့ပိတ်ဆို့မှုများက တရားမဝင်ကြောင်း ဘရာဇီးသမ္မတ ဝေဖန်ပြစ်တင်

 557

ဂျန်ဇက် (NP News) - စက်တင်ဘာ ၁၇

ဘရာဇီးသမ္မတ လူဝစ် အင်နာစီယို လူလာ ဒါဆေးလ်ဗားဟာ ကျူးဘားနိုင်ငံအပေါ် ပိတ်ဆို့မှုများ ချမှတ်ထားတဲ့ အမေရိကန်အစိုးရရဲ့လုပ်ရပ်ကို ဝေဖန်ပြစ်တင်လိုက်ပြီး အဲဒီပိတ်ဆို့မှုတွေက တရားမဝင်ကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ဘရာဇီးသမ္မတဟာ ကျူးဘားနိုင်ငံကို အကြမ်းဖက်သမားများ စပွန်ဆာပေးတဲ့နိုင်ငံများစာရင်းမှာ ထည့်သွင်းခြင်းနဲ့ ပတ်သက်ပြီးလည်း အမေရိကန်အစိုးရကို ဝေဖန်ပြစ်တင်ခဲ့ကြောင်း သိရပါတယ်။
ဘရာဇီးသမ္မတက "ကျူးဘားဟာ တရားမျှတတဲ့ ကမ္ဘာလုံးဆိုင်ရာအုပ်ချုပ်ရေးစနစ်ကိုထောက်ခံတဲ့ နိုင်ငံပါ၊ ကျူးဘားနိုင်ငံအပေါ် တစ်ဖက်သတ်ပိတ်ဆို့မှုတွေရဲ့ သားကောင်ဖြစ်နေတယ်။ ဘရာဇီးနိုင်ငံဟာ အမေရိကန်နိုင်ငံ ရဲ့တစ်ဖက်သတ်ပိတ်ဆို့မှုချမှတ်ခြင်းများကို ဆန့်ကျင်ကန့်ကွက်ပါတယ်။ ကျူးဘားနိုင်ငံကို အကြမ်းဖက်အုပ်စုတွေ စပွန်ဆာပေးတဲ့နိုင်ငံစာရင်းထဲ ထည့်သွင်းခြင်းကိုလည်း ငြင်းဆန်ပယ်ချပါတယ်" လို့ ပြောပါတယ်။

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်လက်ထက်က အမေရိကန်အစိုးရဟာ ကျူးဘားနိုင်ငံအပေါ် ပိတ်ဆို့မှု များ ချမှတ်ခဲ့ပေမယ့် လက်ရှိသမ္မတ ဂျိုးဘိုင်ဒန်လက်ထက်မှာတော့ ကျူးဘားအပေါ်ချမှတ်ထားတဲ့ အမေရိကန် အစိုးရရဲ့ပိတ်ဆို့မှုတွေကို ပြန်လည်ဖြေလျော့ပေးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာအဖွဲ့အစည်းတွေဟာ ကျူးဘားနိုင်ငံအပေါ်ချမှတ်ထားတဲ့ အမေရိကန်အစိုးရရဲ့ပိတ်ဆို့မှုတွေကို ပြစ်တင်ရှုတ်ချထားပြီး အဲဒီပိတ်ဆို့မှုတွေကြောင့် ကျူးဘားနိုင်ငံဟာ အစားစာ၊ ဆေးဝါးနဲ့ အခြားလိုအပ်တဲ့ ပစ္စည်းများ ရရှိနိုင်ဖို့ အတားအဆီးဖြစ်နေကြောင်း သိရပါတယ်။ ဥရောပသမဂ္ဂဟာ အမေရိကန်အစိုးရရဲ့ မဟာမိတ်အဖြစ်ရှိနေပေမယ့် ကျူးဘားအပေါ် ချမှတ်ထားတဲ့ အမေရိကန်နိုင်ငံရဲ့ပိတ်ဆို့မှုတွေကို အသိအမှတ်ပြု ခြင်းမရှိကြောင်း သိရပါတယ်။

ကုလသမဂ္ဂအဖွဲ့ကလည်း ကျူးဘားနိုင်ငံအပေါ်ချမှတ်ထားတဲ့ အမေရိကန်အစိုးရရဲ့ပိတ်ဆို့မှုတွေ ပြန်လည်ဖြေလျော့ပေးဖို့ တောင်းဆိုနေပေမယ့် တိုးတက်မှုမရှိသေးကြောင်း သိရပါတယ်။

Zawgyi Version;
က်ဴးဘားႏိုင္ငံအေပၚ ခ်မွတ္ထားတဲ့ အေမရိကန္အစိုးရရဲ႕ပိတ္ဆို႔မႈမ်ားက တရားမဝင္ေၾကာင္း ဘရာဇီးသမၼတ ေဝဖန္ျပစ္တင္
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၁၇

ဘရာဇီးသမၼတ လူဝစ္ အင္နာစီယို လူလာ ဒါေဆးလ္ဗားဟာ က်ဴးဘားႏိုင္ငံအေပၚ ပိတ္ဆို႔မႈမ်ား ခ်မွတ္ထားတဲ့ အေမရိကန္အစိုးရရဲ႕လုပ္ရပ္ကို ေဝဖန္ျပစ္တင္လိုက္ၿပီး အဲဒီပိတ္ဆို႔မႈေတြက တရားမဝင္ေၾကာင္း ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။

ဘရာဇီးသမၼတဟာ က်ဴးဘားႏိုင္ငံကို အၾကမ္းဖက္သမားမ်ား စပြန္ဆာေပးတဲ့ႏိုင္ငံမ်ားစာရင္းမွာ ထည့္သြင္းျခင္းနဲ႔ ပတ္သက္ၿပီးလည္း အေမရိကန္အစိုးရကို ေဝဖန္ျပစ္တင္ခဲ့ေၾကာင္း သိရပါတယ္။
ဘရာဇီးသမၼတက "က်ဴးဘားဟာ တရားမွ်တတဲ့ ကမာၻလုံးဆိုင္ရာအုပ္ခ်ဳပ္ေရးစနစ္ကိုေထာက္ခံတဲ့ ႏိုင္ငံပါ၊ က်ဴးဘားႏိုင္ငံအေပၚ တစ္ဖက္သတ္ပိတ္ဆို႔မႈေတြရဲ႕ သားေကာင္ျဖစ္ေနတယ္။ ဘရာဇီးႏိုင္ငံဟာ အေမရိကန္ႏိုင္ငံ ရဲ႕တစ္ဖက္သတ္ပိတ္ဆို႔မႈခ်မွတ္ျခင္းမ်ားကို ဆန႔္က်င္ကန႔္ကြက္ပါတယ္။ က်ဴးဘားႏိုင္ငံကို အၾကမ္းဖက္အုပ္စုေတြ စပြန္ဆာေပးတဲ့ႏိုင္ငံစာရင္းထဲ ထည့္သြင္းျခင္းကိုလည္း ျငင္းဆန္ပယ္ခ်ပါတယ္" လို႔ ေျပာပါတယ္။

အေမရိကန္သမၼတေဟာင္း ေဒၚနယ္ထရမ့္လက္ထက္က အေမရိကန္အစိုးရဟာ က်ဴးဘားႏိုင္ငံအေပၚ ပိတ္ဆို႔မႈ မ်ား ခ်မွတ္ခဲ့ေပမယ့္ လက္ရွိသမၼတ ဂ်ိဳးဘိုင္ဒန္လက္ထက္မွာေတာ့ က်ဴးဘားအေပၚခ်မွတ္ထားတဲ့ အေမရိကန္ အစိုးရရဲ႕ပိတ္ဆို႔မႈေတြကို ျပန္လည္ေျဖေလ်ာ့ေပးခဲ့ေၾကာင္း သိရပါတယ္။

ႏိုင္ငံတကာအဖြဲ႕အစည္းေတြဟာ က်ဴးဘားႏိုင္ငံအေပၚခ်မွတ္ထားတဲ့ အေမရိကန္အစိုးရရဲ႕ပိတ္ဆို႔မႈေတြကို ျပစ္တင္ရႈတ္ခ်ထားၿပီး အဲဒီပိတ္ဆို႔မႈေတြေၾကာင့္ က်ဴးဘားႏိုင္ငံဟာ အစားစာ၊ ေဆးဝါးနဲ႔ အျခားလိုအပ္တဲ့ ပစၥည္းမ်ား ရရွိႏိုင္ဖို႔ အတားအဆီးျဖစ္ေနေၾကာင္း သိရပါတယ္။ ဥေရာပသမဂၢဟာ အေမရိကန္အစိုးရရဲ႕ မဟာမိတ္အျဖစ္ရွိေနေပမယ့္ က်ဴးဘားအေပၚ ခ်မွတ္ထားတဲ့ အေမရိကန္ႏိုင္ငံရဲ႕ပိတ္ဆို႔မႈေတြကို အသိအမွတ္ျပဳ ျခင္းမရွိေၾကာင္း သိရပါတယ္။

ကုလသမဂၢအဖြဲ႕ကလည္း က်ဴးဘားႏိုင္ငံအေပၚခ်မွတ္ထားတဲ့ အေမရိကန္အစိုးရရဲ႕ပိတ္ဆို႔မႈေတြ ျပန္လည္ေျဖေလ်ာ့ေပးဖို႔ ေတာင္းဆိုေနေပမယ့္ တိုးတက္မႈမရွိေသးေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.