ပြည်မြို့တွင် ဆယ်ကျော်သက်အမျိုးသားတစ်ဦး နေအိမ်အတွင်း ကြိုးဆွဲချအဆုံးစီရင်မှုဖြစ်ပွား
                        
                            
                             
 1168
 
                             
                            
                            
                         
                        
                        သန့်ဇင် (NP News) - စက်တင်ဘာ ၁၇
ပဲခူးတိုင်း၊ ပြည်မြို့တွင် လူငယ်အမျိုးသားတစ်ဦး နေအိမ်အတွင်း မိမိကိုယ်ကို ကြိုးဆွဲချအဆုံးစီရင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
                     
                        
                    
                                                                        
                                                                    
                                
                                
                                        ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၁၇ ရက်)၊ နေ့လည်ပိုင်းအချိန်တွင် ပြည်မြို့၊ နဝင်းနယ် မြေ၊ အေးမြသာယာရပ်ကွက်၊ ဝါရုံအပိုင်း(၃)ရှိ နေအိမ်တွင်ဖြစ်ပွားခဲ့ကြောင်း ခေတ္တရာလူငယ်များ လူမှုကူညီရေးအသင်းထံမှ သိရသည်။
“သူ့အိမ်ထဲမှာပဲ ဖြစ်သွားတာပါ။ သူကအဖေမရှိတော့ဘူး။ အမေအိုကြီးနဲ့နေတာပေါ့။ ဘာကြောင့်လုပ်လဲတော့ ကျွန်တော်တို့လဲ သေချာမသိပါဘူး”ဟု ခေတ္တရာလူငယ်များလူမှုကူညီရေးအသင်းမှတာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
အဆိုပါကြိုးဆွဲချသေဆုံးသူအမျိုးသားသည် အသက်(၁၇)နှစ်ဝန်းကျင်ဖြစ်ပြီး မိခင်အိုကြီးနှင့် အတူနေထိုင်သူဖြစ်ကာ နေအိမ်အတွင်း ကြိုးဆွဲချသေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သေဆုံးသူအမျိုးသားအား ခေတ္တရာလူငယ်များ လူမှုကူညီရေးအသင်းမှ ပြည်မြို့ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
                                                             
                                                    
                                                                    
                                
                                
                                        zawgyi version
ျပည္ၿမိဳ႕တြင္ ဆယ္ေက်ာ္သက္အမ်ိဳးသားတစ္ဦး ေနအိမ္အတြင္း ႀကိဳးဆြဲခ်အဆုံးစီရင္မႈျဖစ္ပြား
သန႔္ဇင္ (NP News) - စက္တင္ဘာ ၁၇
ပဲခူးတိုင္း၊ ျပည္ၿမိဳ႕တြင္ လူငယ္အမ်ိဳးသားတစ္ဦး ေနအိမ္အတြင္း မိမိကိုယ္ကို ႀကိဳးဆြဲခ်အဆုံးစီရင္မႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ယေန႔ (စက္တင္ဘာလ ၁၇ ရက္)၊ ေန႔လည္ပိုင္းအခ်ိန္တြင္ ျပည္ၿမိဳ႕၊ နဝင္းနယ္ ေျမ၊ ေအးျမသာယာရပ္ကြက္၊ ဝါ႐ုံအပိုင္း(၃)ရွိ ေနအိမ္တြင္ျဖစ္ပြားခဲ့ေၾကာင္း ေခတၱရာလူငယ္မ်ား လူမႈကူညီေရးအသင္းထံမွ သိရသည္။
“သူ႔အိမ္ထဲမွာပဲ ျဖစ္သြားတာပါ။ သူကအေဖမရွိေတာ့ဘူး။ အေမအိုႀကီးနဲ႔ေနတာေပါ့။ ဘာေၾကာင့္လုပ္လဲေတာ့ ကြၽန္ေတာ္တို႔လဲ ေသခ်ာမသိပါဘူး”ဟု ေခတၱရာလူငယ္မ်ားလူမႈကူညီေရးအသင္းမွတာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
အဆိုပါႀကိဳးဆြဲခ်ေသဆုံးသူအမ်ိဳးသားသည္ အသက္(၁၇)ႏွစ္ဝန္းက်င္ျဖစ္ၿပီး မိခင္အိုႀကီးႏွင့္ အတူေနထိုင္သူျဖစ္ကာ ေနအိမ္အတြင္း ႀကိဳးဆြဲခ်ေသဆုံးသြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ေသဆုံးသူအမ်ိဳးသားအား ေခတၱရာလူငယ္မ်ား လူမႈကူညီေရးအသင္းမွ ျပည္ၿမိဳ႕ျပည္သူ႔ေဆး႐ုံႀကီးသို႔ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။