ရိုမေးနီးယားလယ်သမားတွေက ယူကရိန်းကောက်ပဲ သီးနှံထွက်ကုန်တွေကို ဆက်လက်ပိတ်ပင်ဖို့ အစိုးရကို တောင်းဆိုထား

 1119

ရောင်နီ (NP News) - စက်တင်ဘာ ၁၇

ရိုမေးနီးယားနိုင်ငံမှာ ယူကရိန်း စပါးနဲ့ ဆက်စပ်ထွက်ကုန်တွေကို ဆက်လက်ပိတ်ဆို့ထားဖို့ တောင်သူလယ်သမား အဖွဲ့အစည်းက အစိုးရကို စနေနေ့ (စက်တင်ဘာ ၁၆ ရက်) မှာ တောင်းဆိုလိုက်ပါတယ်။

ဘူဂ်ဂေးရီးယား၊ ဟန်ဂေရီ၊ ပိုလန်နဲ့ စလိုဗက်ကီးယားလိုပဲ ရိုမေးနီးယားနိုင်ငံဟာ ရုရှား-ယူကရိန်း ပဠိပက္ခအတွင်း ယူကရိန်းမှ စပါးတင်သွင်းမှု မြင့်တက်လာခြင်းကြောင့် ဒေသတွင်း စပါးစျေးကွက်ကို ထိခိုက်လာခြင်းနဲ့ ပတ်သက်ပြီး လယ်သမားတွေရဲ့ဆန္ဒပြမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

သောကြာနေ့ (စက်တင်ဘာ ၁၅ ရက်) မှာတော့ ပိုလန်၊ ဆလိုဗက်ကီးယားနဲ့ ဟန်ဂေရီတို့က ၎င်းတို့ရဲ့ တစ်ဦးတည်း ဆန္ဒနဲ့ ယူကရိန်းမှ ကုန်တင်သွင်းမှုပိတ်ပင်ခြင်းကို ကြေညာခဲ့ပါတယ်။ ဒါပေမယ့် အဲဒီပိတ်ပင်မှုဟာ သွင်းကုန်တွေ အပေါ်မှာသာ သက်ရောက်မှုရှိမှာဖြစ်ပြီး အခြားဈေးကွက်တွေမှ ဖြတ်သန်းရောက်ရှိလာတဲ့ ကုန်ပစ္စည်းတွေအတွက် အကျုံးမဝင်ဘူးလို့ သိရပါတယ်။

ဒီအတွက် လယ်သမားများ အသင်းအဖွဲ့က ယူကရိန်းကိုထောက်ခံတဲ့ ပိုလန်နိုင်ငံတောင် တစ်ဖက်သတ် တစ်ဦးတည်းဆန္ဒနဲ့ ယူကရိန်းမှ ကုန်တင်သွင်းမှု ပိတ်ပင်ထားပြီဖြစ်တာကြောင့် ရိုမန်းနီးယားဟာလည်း အလားတူ ပိတ်ပင်မှုလုပ်သင့်ကြောင်း၊ ၎င်းတို့ရဲ့တောင်းဆိုချက်ဟာ ယူကရိန်းရဲ့ကုန်တွေ ရိုမေးနီးယားကိုဖြတ်ပြီး အခြားနေရာတွေကို ကူးသန်းရောင်းဝယ်မှုတွေကို ထိခိုက်စေမှာ မဟုတ်ကြောင်း ဆိုပါတယ်။

ယူကရိန်းဟာ ယခုနှစ်ရဲ့ ပထမ ၈ လအတွင်း ရိုမေးနီးယားရှိ ပင်လယ်နက်ဆိတ်ကမ်းမှတဆင့် စပါးမစ်ထရစ် တန်ချိန် ၉.၂ သန်း တင်ပို့နိုင်ခဲ့ပါတယ်။ သောကြာနေ့ (စက်တင်ဘာ ၁၅ ရက်) က ထုတ်ပြန်ချက်တစ်ခုအရ ဟန်ဂေရီနိုင်ငံဟာလည်း ကောက်နှံ၊ ဟင်းသီးဟင်းရွက်၊ အသားထွက်ကုန်နဲ့ ပျားရည် အပါအဝင် ယူကရိန်းနိုင်ငံ ထုတ် လယ်ယာထွက်ကုန် ၂၄ မျိုးကို တင်သွင်းခွင့် ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

Zawgyi Version;
႐ိုေမးနီးယားလယ္သမားေတြက ယူကရိန္းေကာက္ပဲ သီးႏွံထြက္ကုန္ေတြကို ဆက္လက္ပိတ္ပင္ဖို႔ အစိုးရကို ေတာင္းဆိုထား
ေရာင္နီ (NP News) - စက္တင္ဘာ ၁၇

႐ိုေမးနီးယားႏိုင္ငံမွာ ယူကရိန္း စပါးနဲ႔ ဆက္စပ္ထြက္ကုန္ေတြကို ဆက္လက္ပိတ္ဆို႔ထားဖို႔ ေတာင္သူလယ္သမား အဖြဲ႕အစည္းက အစိုးရကို စေနေန႔ (စက္တင္ဘာ ၁၆ ရက္) မွာ ေတာင္းဆိုလိုက္ပါတယ္။

ဘူဂ္ေဂးရီးယား၊ ဟန္ေဂရီ၊ ပိုလန္နဲ႔ စလိုဗက္ကီးယားလိုပဲ ႐ိုေမးနီးယားႏိုင္ငံဟာ ႐ုရွား-ယူကရိန္း ပဠိပကၡအတြင္း ယူကရိန္းမွ စပါးတင္သြင္းမႈ ျမင့္တက္လာျခင္းေၾကာင့္ ေဒသတြင္း စပါးေစ်းကြက္ကို ထိခိုက္လာျခင္းနဲ႔ ပတ္သက္ၿပီး လယ္သမားေတြရဲ႕ဆႏၵျပမႈေတြနဲ႔ ရင္ဆိုင္ေနရပါတယ္။

ေသာၾကာေန႔ (စက္တင္ဘာ ၁၅ ရက္) မွာေတာ့ ပိုလန္၊ ဆလိုဗက္ကီးယားနဲ႔ ဟန္ေဂရီတို႔က ၎တို႔ရဲ႕ တစ္ဦးတည္း ဆႏၵနဲ႔ ယူကရိန္းမွ ကုန္တင္သြင္းမႈပိတ္ပင္ျခင္းကို ေၾကညာခဲ့ပါတယ္။ ဒါေပမယ့္ အဲဒီပိတ္ပင္မႈဟာ သြင္းကုန္ေတြ အေပၚမွာသာ သက္ေရာက္မႈရွိမွာျဖစ္ၿပီး အျခားေဈးကြက္ေတြမွ ျဖတ္သန္းေရာက္ရွိလာတဲ့ ကုန္ပစၥည္းေတြအတြက္ အက်ဳံးမဝင္ဘူးလို႔ သိရပါတယ္။

ဒီအတြက္ လယ္သမားမ်ား အသင္းအဖြဲ႕က ယူကရိန္းကိုေထာက္ခံတဲ့ ပိုလန္ႏိုင္ငံေတာင္ တစ္ဖက္သတ္ တစ္ဦးတည္းဆႏၵနဲ႔ ယူကရိန္းမွ ကုန္တင္သြင္းမႈ ပိတ္ပင္ထားၿပီျဖစ္တာေၾကာင့္ ႐ိုမန္းနီးယားဟာလည္း အလားတူ ပိတ္ပင္မႈလုပ္သင့္ေၾကာင္း၊ ၎တို႔ရဲ႕ေတာင္းဆိုခ်က္ဟာ ယူကရိန္းရဲ႕ကုန္ေတြ ႐ိုေမးနီးယားကိုျဖတ္ၿပီး အျခားေနရာေတြကို ကူးသန္းေရာင္းဝယ္မႈေတြကို ထိခိုက္ေစမွာ မဟုတ္ေၾကာင္း ဆိုပါတယ္။

ယူကရိန္းဟာ ယခုႏွစ္ရဲ႕ ပထမ ၈ လအတြင္း ႐ိုေမးနီးယားရွိ ပင္လယ္နက္ဆိတ္ကမ္းမွတဆင့္ စပါးမစ္ထရစ္ တန္ခ်ိန္ ၉.၂ သန္း တင္ပို႔ႏိုင္ခဲ့ပါတယ္။ ေသာၾကာေန႔ (စက္တင္ဘာ ၁၅ ရက္) က ထုတ္ျပန္ခ်က္တစ္ခုအရ ဟန္ေဂရီႏိုင္ငံဟာလည္း ေကာက္ႏွံ၊ ဟင္းသီးဟင္း႐ြက္၊ အသားထြက္ကုန္နဲ႔ ပ်ားရည္ အပါအဝင္ ယူကရိန္းႏိုင္ငံ ထုတ္ လယ္ယာထြက္ကုန္ ၂၄ မ်ိဳးကို တင္သြင္းခြင့္ ကန႔္သတ္လိုက္တယ္လို႔ သိရပါတယ္။

Picture

L Mone

17/09/2023 20:19

ထိမ်းတတ်ဖို့..လိုအပ်လှပါတယ်

Related news

© 2021. All rights reserved.