တနင်္သာရီတိုင်းဝန်ကြီးချုပ်၏ ရှေ့ပြေးလုံခြုံရေးယာဉ်တစ်စီး ပစ်ခတ်တိုက်ခိုက်ခံခဲ့ရ

 2862

မြူနစ် (NP News) - စက်တင်ဘာ ၁၇

တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြတ်ကို၏ ရှေ့ပြေးလုံခြုံရေးယာဉ်တစ်စီး ပစ်ခတ်တိုက်ခိုက်ခံခဲ့ရကြောင်း တိုင်းအစိုးရအဖွဲ့နှင့်နီးစပ်သော သတင်းအရင်းအမြစ်တစ်ဦးက NP News ကို ပြောသည်။

ဖြစ်စဉ်မှာ စက်တင်ဘာလ ၁၅ ရက်၊ နံနက် ၈ နာရီအချိန်ခန့်တွင် ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာ၊ ဟားလီးကွေ့အနီး၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အထက်ပါသတင်းအရင်းအမြစ်က ပြောသည်။

တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြတ်ကို လိုက်ပါသည့်ယာဉ်တန်းသည် ထားဝယ်မြို့ရှိ နည်းပညာတက္ကသိုလ်သို့ သွားရောက်စဉ်အချိန်တွင် ရှေ့ပြေးပွိုင့်ကားတစ်စီး ပစ်ခတ်တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

“ယာဉ်တန်းမှာ ရှေ့ကသွားတဲ့ ပွိုင့်ကား အပစ်ခံရတာ။ ဝန်ကြီးချုပ်ယာဉ်တန်းတော့ အပစ်မခံရပါဘူး။ ပစ်တဲ့သူတွေကတော့ ပစ်ပြီးထွက်ပြေးသွားတယ်ပြောတယ်။ ဖြစ်တာကတော့ ဟားလီးကွေ့မှာဖြစ်တာ။ မြို့နဲ့နီးတော့ လမ်းကြောင်းလုံခြုံရေးက မယူဘူးနဲ့တူပါတယ်” ဟု အထက်ပါသတင်းအရင်းအမြစ်က ပြောသည်။

ထိုသို့ ရှေ့ပြေးလုံခြုံရေးယာဉ်တစ်စီး ပစ်ခတ်ခံရမှုကြောင့် (၁)ဦးသေဆုံးခဲ့ပြီး (၂)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

၎င်းကဲ့သို့ ပစ်ခတ်တိုက်ခိုက်ခံရမှုဖြစ်စဉ်နှင့်ပတ်သက်၍ NP News သတင်းဌာနအနေဖြင့် အချက်အလက်များကို ထပ်မံစိစစ်အတည်ပြုနိုင်ရေးအတွက် တနင်္သာရီတိုင်းအစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ၊ လူမှုရေးရာဝန်ကြီးဦးသန့်ဇင်ထံသို့ ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဖုန်းကိုင်ဖြေကြားခြင်း မရှိခဲ့ပေ။

ထားဝယ်(ပ.က.ဖ)DGRF အဖွဲ့က ဟားလီးကွေ့အနီးတွင် ဝန်ကြီးခရီးစဉ်အတွက် လုံခြုံရေးလာယူသည့် Vigo ကားကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းနှင့် ယင်းကဲ့သို့ ပစ်ခတ်မှုဖြစ်ပွားပြီးနောက်ပိုင်းတွင် ထိတွေ့ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားခဲ့သည်ဟု ထုတ်ပြန်ထားသည်ကို တွေ့ရှိရသည်။

zawgyi version
တနသၤာရီတိုင္းဝန္ႀကီးခ်ဳပ္၏ ေရွ႕ေျပးလုံၿခဳံေရးယာဥ္တစ္စီး ပစ္ခတ္တိုက္ခိုက္ခံခဲ့ရ
ျမဴနစ္ (NP News) - စက္တင္ဘာ ၁၇

တနသၤာရီတိုင္းဝန္ႀကီးခ်ဳပ္ ဦးျမတ္ကို၏ ေရွ႕ေျပးလုံၿခဳံေရးယာဥ္တစ္စီး ပစ္ခတ္တိုက္ခိုက္ခံခဲ့ရေၾကာင္း တိုင္းအစိုးရအဖြဲ႕ႏွင့္နီးစပ္ေသာ သတင္းအရင္းအျမစ္တစ္ဦးက NP News ကို ေျပာသည္။

ျဖစ္စဥ္မွာ စက္တင္ဘာလ ၁၅ ရက္၊ နံနက္ ၈ နာရီအခ်ိန္ခန႔္တြင္ ထားဝယ္ၿမိဳ႕နယ္၊ ေမာင္မယ္ေရွာင္ေက်း႐ြာ၊ ဟားလီးေကြ႕အနီး၌ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း အထက္ပါသတင္းအရင္းအျမစ္က ေျပာသည္။

တနသၤာရီတိုင္းဝန္ႀကီးခ်ဳပ္ ဦးျမတ္ကို လိုက္ပါသည့္ယာဥ္တန္းသည္ ထားဝယ္ၿမိဳ႕ရွိ နည္းပညာတကၠသိုလ္သို႔ သြားေရာက္စဥ္အခ်ိန္တြင္ ေရွ႕ေျပးပြိဳင့္ကားတစ္စီး ပစ္ခတ္တိုက္ခိုက္ခံခဲ့ရျခင္းျဖစ္ေၾကာင္း ၎က ေျပာသည္။

“ယာဥ္တန္းမွာ ေရွ႕ကသြားတဲ့ ပြိဳင့္ကား အပစ္ခံရတာ။ ဝန္ႀကီးခ်ဳပ္ယာဥ္တန္းေတာ့ အပစ္မခံရပါဘူး။ ပစ္တဲ့သူေတြကေတာ့ ပစ္ၿပီးထြက္ေျပးသြားတယ္ေျပာတယ္။ ျဖစ္တာကေတာ့ ဟားလီးေကြ႕မွာျဖစ္တာ။ ၿမိဳ႕နဲ႔နီးေတာ့ လမ္းေၾကာင္းလုံၿခဳံေရးက မယူဘူးနဲ႔တူပါတယ္” ဟု အထက္ပါသတင္းအရင္းအျမစ္က ေျပာသည္။

ထိုသို႔ ေရွ႕ေျပးလုံၿခဳံေရးယာဥ္တစ္စီး ပစ္ခတ္ခံရမႈေၾကာင့္ (၁)ဦးေသဆုံးခဲ့ၿပီး (၂)ဦးထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။

၎ကဲ့သို႔ ပစ္ခတ္တိုက္ခိုက္ခံရမႈျဖစ္စဥ္ႏွင့္ပတ္သက္၍ NP News သတင္းဌာနအေနျဖင့္ အခ်က္အလက္မ်ားကို ထပ္မံစိစစ္အတည္ျပဳႏိုင္ေရးအတြက္ တနသၤာရီတိုင္းအစိုးရအဖြဲ႕၏ ေျပာေရးဆိုခြင့္ရွိသူ၊ လူမႈေရးရာဝန္ႀကီးဦးသန႔္ဇင္ထံသို႔ ဖုန္းျဖင့္ ဆက္သြယ္ခဲ့ေသာ္လည္း ဖုန္းကိုင္ေျဖၾကားျခင္း မရွိခဲ့ေပ။

ထားဝယ္(ပ.က.ဖ)DGRF အဖြဲ႕က ဟားလီးေကြ႕အနီးတြင္ ဝန္ႀကီးခရီးစဥ္အတြက္ လုံၿခဳံေရးလာယူသည့္ Vigo ကားကို ပစ္ခတ္တိုက္ခိုက္ခဲ့ေၾကာင္းႏွင့္ ယင္းကဲ့သို႔ ပစ္ခတ္မႈျဖစ္ပြားၿပီးေနာက္ပိုင္းတြင္ ထိေတြ႕ပစ္ခတ္မႈမ်ား ဆက္လက္ျဖစ္ပြားခဲ့သည္ဟု ထုတ္ျပန္ထားသည္ကို ေတြ႕ရွိရသည္။

Related news

© 2021. All rights reserved.