အီရန်နိုင်ငံ မြို့တော်အနီး အမျိုးသမီးအကျဉ်းထောင်မှာ မီးလောင်မှုဖြစ်ပွား

 582

ရောင်နီ (NP News) - စက်တင်ဘာ ၁၇

အီရန်နိုင်ငံမှာ မကြာသေးခင်က အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ဖမ်းဆီးခံရသူတွေနဲ့ နိုင်ငံရေး အကျဉ်းသား တွေကိုထိန်းသိမ်းထားတဲ့ မြို့တော် တီဟီရန်အနီးရှိ အမျိုးသမီးအကျဉ်းထောင်တစ်ခုမှာ စနေနေ့ (စက်တင်ဘာ ၁၆ ရက်) နှောင်းပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ အီရန်နိုင်ငံပိုင်မီဒီယာက ပြောကြားခဲ့ပါတယ်။

တီဟီရန်မြို့ အရှေ့တောင်ဘက် ကီလိုမီတာ ၄ဝ အကွာရှိ ကွာချက် ပြုပြင်ထိန်းသိန်းရေးအကျဉ်းထောင်စခန်းမှာ ကြိုးတိုက်အကျဉ်းသားတွေ ထိန်းသိမ်းထားတဲ့နေရာတစ်ခုမှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး အကျဉ်းသားတွေရဲ့ အဝတ် အစားတွေနဲ့ အိပ်ရာတွေ မီးလောင်ခဲ့တယ်လို့ အစိုးရပိုင် အစ္စလာမ္မစ်သမ္မတနိုင်ငံ သတင်းအေဂျင်စီက ဖော်ပြခဲ့ပါတယ်။

မီးလောင်မှုကို ၁ဝ မိနစ်အတွင်း ငြိမ်းသတ်နိုင်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ မရှိကြောင်း သိရပါတယ်။ အဆိုပါ မီးလောင်မှုဟာ မလျော်ကန်တဲ့အဝတ်အစားများ ဝတ်ဆင်ကြောင့် ရဲတပ်ဖွဲ့ရဲ့ဖမ်းဆီးမှုခံရပြီး သေဆုံးသွားခဲ့တဲ့ အသက် ၂၂ နှစ်အရွယ် အမျိုးသမီးမက်ဆာအာမီနီရဲ့ သေဆုံးမှုပထမနှစ်ပတ်လည်နေ့မှာ ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။

မက်ဆာအမီနီ သေဆုံးမှုမှ စတင်ခဲ့တဲ့ဆန္ဒပြမှုတွေမှ ဖမ်းဆီးခံရတဲ့ အမျိုးသမီးထောင်ပေါင်းများစွာကို အဆိုပါ ကွာချက်အကျဉ်းထောင်မှာ ထိန်းသိမ်းထားတာဖြစ်ပါတယ်။

အဆိုပါအကျင်းထောင်မှာပဲ ပြီးခဲ့နှစ် အောက်တိုဘာလက မီးလောင်မှုကြောင့် လူရှစ်ဦး သေဆုံးခဲ့ရဖူးပါတယ်။

Zawgyi Version;
အီရန္ႏိုင္ငံ ၿမိဳ႕ေတာ္အနီး အမ်ိဳးသမီးအက်ဥ္းေထာင္မွာ မီးေလာင္မႈျဖစ္ပြား
ေရာင္နီ (NP News) - စက္တင္ဘာ ၁၇

အီရန္ႏိုင္ငံမွာ မၾကာေသးခင္က အစိုးရဆန႔္က်င္ေရး ဆႏၵျပပြဲေတြမွာ ဖမ္းဆီးခံရသူေတြနဲ႔ ႏိုင္ငံေရး အက်ဥ္းသား ေတြကိုထိန္းသိမ္းထားတဲ့ ၿမိဳ႕ေတာ္ တီဟီရန္အနီးရွိ အမ်ိဳးသမီးအက်ဥ္းေထာင္တစ္ခုမွာ စေနေန႔ (စက္တင္ဘာ ၁၆ ရက္) ေႏွာင္းပိုင္းက မီးေလာင္မႈျဖစ္ပြားခဲ့တယ္လို႔ အီရန္ႏိုင္ငံပိုင္မီဒီယာက ေျပာၾကားခဲ့ပါတယ္။

တီဟီရန္ၿမိဳ႕ အေရွ႕ေတာင္ဘက္ ကီလိုမီတာ ၄ဝ အကြာရွိ ကြာခ်က္ ျပဳျပင္ထိန္းသိန္းေရးအက်ဥ္းေထာင္စခန္းမွာ ႀကိဳးတိုက္အက်ဥ္းသားေတြ ထိန္းသိမ္းထားတဲ့ေနရာတစ္ခုမွာ မီးေလာင္မႈျဖစ္ပြားခဲ့ၿပီး အက်ဥ္းသားေတြရဲ႕ အဝတ္ အစားေတြနဲ႔ အိပ္ရာေတြ မီးေလာင္ခဲ့တယ္လို႔ အစိုးရပိုင္ အစၥလာမၼစ္သမၼတႏိုင္ငံ သတင္းေအဂ်င္စီက ေဖာ္ျပခဲ့ပါတယ္။

မီးေလာင္မႈကို ၁ဝ မိနစ္အတြင္း ၿငိမ္းသတ္ႏိုင္ခဲ့ၿပီး ထိခိုက္ဒဏ္ရာရသူ မရွိေၾကာင္း သိရပါတယ္။ အဆိုပါ မီးေလာင္မႈဟာ မေလ်ာ္ကန္တဲ့အဝတ္အစားမ်ား ဝတ္ဆင္ေၾကာင့္ ရဲတပ္ဖြဲ႕ရဲ႕ဖမ္းဆီးမႈခံရၿပီး ေသဆုံးသြားခဲ့တဲ့ အသက္ ၂၂ ႏွစ္အ႐ြယ္ အမ်ိဳးသမီးမက္ဆာအာမီနီရဲ႕ ေသဆုံးမႈပထမႏွစ္ပတ္လည္ေန႔မွာ ျဖစ္ပြားခဲ့ျခင္းျဖစ္ပါတယ္။

မက္ဆာအမီနီ ေသဆုံးမႈမွ စတင္ခဲ့တဲ့ဆႏၵျပမႈေတြမွ ဖမ္းဆီးခံရတဲ့ အမ်ိဳးသမီးေထာင္ေပါင္းမ်ားစြာကို အဆိုပါ ကြာခ်က္အက်ဥ္းေထာင္မွာ ထိန္းသိမ္းထားတာျဖစ္ပါတယ္။

အဆိုပါအက်င္းေထာင္မွာပဲ ၿပီးခဲ့ႏွစ္ ေအာက္တိုဘာလက မီးေလာင္မႈေၾကာင့္ လူရွစ္ဦး ေသဆုံးခဲ့ရဖူးပါတယ္။

Related news

© 2021. All rights reserved.