လစ်ဗျားနိုင်ငံမှာ ရေကြီးမှုများကြောင့် အဆောက်အဦးပေါင်း ၁ဝဝဝ နီးပါး အလုံးစုံပျက်စီး

 915

ဂျန်ဇက် (NP News) - စက်တင်ဘာ ၁၇

လစ်ဗျားနိုင်ငံမှာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ရေကြီးမှုတွေကြောင့် ဒါနာမြို့မှာ အနည်းဆုံး အဆောက်အဦး ပေါင်း ၁ဝဝဝ နီးပါး အလုံးစုံပျက်စီးခဲ့ကြောင်း သိရပါတယ်။

လစ်ဗျားနိုင်ငံအရှေ့ မြောက်ပိုင်းကို Storm Daniel အမည်ရှိ မုန်တိုင်းတိုက်ခတ်မှုနဲ့အတူ မိုးသည်းထန်စွာ ရွာသွန်းမှုများဖြစ်ခဲ့ကြောင်း၊ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးမှုနဲ့အတူ ရေကာတာ နှစ်ခု ကျိုးပေါက်ခဲ့ရာ ကမ်းရိုးတန်းမြို့ဖြစ်တဲ့ ဒါနာမြို့မှာ လူပေါင်း နှစ်သောင်းနီးပါး သေဆုံးရဖွယ်ရှိနေပြီး လူပေါင်း တစ်သောင်းကျော် ပျောက်ဆုံးလျက်ရှိနေကြောင်း ကုလသမဂ္ဂက ဆိုပါတယ်။

ရေကြီးမှုများကြောင့် ပျောက်ဆုံးလျက်ရှိနေသူများကို အခက်အခဲများကြားကနေ ရှာဖွေကယ်ဆယ်မှုတွေ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရပါတယ်။ ရေကြီးမှုများကြောင့် ဒါနာမြို့မှာ လူပေါင်း ၄ဝဝဝဝ ကျော် ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့ရပြီး ရေကြီးမှုကြောင့် နေရပ်စွန့်ခွာသူအရေအတွက် ပိုမိုမြင့်တက်လာဖွယ် ရှိနေကြောင်း သိရပါတယ်။

ဒါ့အပြင် ရေကြီးမှုများကြောင့် အဆောက်အဦးပေါင်း ၂ဝဝ ကျော် တစ်ဝက် တစ်ပျက် ပျက်စီးခဲ့ရကြောင်း၊ အခြား အဆောက်အဦး ၄ဝဝ နီးပါးက ရွှံ့နွံ့တွေထဲ နစ်မြှုပ်ခဲ့ရကြောင်း လစ်ဗျားအာဏာပိုင်တွေက ပြောပါတယ်။

လစ်ဗျားနိုင်ငံ ဒါနာမြို့အတွင်းရှိ အဆောက်အဦးပေါင်း လေးပုံတစ်ပုံခန့် ပျက်စီးခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ ရေကြီးမှုများကြောင့် ရေနစ်သေဆုံးခဲ့တဲ့ ရုပ်အလောင်းအချို့ဟာ ရေစီးနဲ့အတူ ပင်လယ်ထဲကို မျောပါသွားဖွယ် ရှိနေကြောင်း သုံးသပ်မှုတွေလည်း ထွက်ပေါ်နေသည်။

ရှာဖွေကယ်ဆယ်ရေးသမားတွေဟာ ပျောက်ဆုံးနေသူများကို အခက်အခဲများကြားမှ ရှာဖွေကယ်ဆယ်နေပေမယ့် အန္တရာယ်များလွန်းတဲ့ ကယ်တင်မှုများကိုလုပ်ဆောင်ဖို့ ရှောင်ရှားခြင်းများရှိနေကြောင်း သိရပါတယ်။

Zawgyi Version;
လစ္ဗ်ားႏိုင္ငံမွာ ေရႀကီးမႈမ်ားေၾကာင့္ အေဆာက္အဦးေပါင္း ၁ဝဝဝ နီးပါး အလုံးစုံပ်က္စီး
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၁၇

လစ္ဗ်ားႏိုင္ငံမွာ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ျဖစ္ပြားခဲ့တဲ့ ေရႀကီးမႈေတြေၾကာင့္ ဒါနာၿမိဳ႕မွာ အနည္းဆုံး အေဆာက္အဦး ေပါင္း ၁ဝဝဝ နီးပါး အလုံးစုံပ်က္စီးခဲ့ေၾကာင္း သိရပါတယ္။

လစ္ဗ်ားႏိုင္ငံအေရွ႕ ေျမာက္ပိုင္းကို Storm Daniel အမည္ရွိ မုန္တိုင္းတိုက္ခတ္မႈနဲ႔အတူ မိုးသည္းထန္စြာ ႐ြာသြန္းမႈမ်ားျဖစ္ခဲ့ေၾကာင္း၊ မိုးသည္းထန္စြာ႐ြာသြန္းမႈေၾကာင့္ ေရႀကီးမႈနဲ႔အတူ ေရကာတာ ႏွစ္ခု က်ိဳးေပါက္ခဲ့ရာ ကမ္း႐ိုးတန္းၿမိဳ႕ျဖစ္တဲ့ ဒါနာၿမိဳ႕မွာ လူေပါင္း ႏွစ္ေသာင္းနီးပါး ေသဆုံးရဖြယ္ရွိေနၿပီး လူေပါင္း တစ္ေသာင္းေက်ာ္ ေပ်ာက္ဆုံးလ်က္ရွိေနေၾကာင္း ကုလသမဂၢက ဆိုပါတယ္။

ေရႀကီးမႈမ်ားေၾကာင့္ ေပ်ာက္ဆုံးလ်က္ရွိေနသူမ်ားကို အခက္အခဲမ်ားၾကားကေန ရွာေဖြကယ္ဆယ္မႈေတြ ဆက္လက္လုပ္ေဆာင္ေနဆဲျဖစ္ေၾကာင္း သိရပါတယ္။ ေရႀကီးမႈမ်ားေၾကာင့္ ဒါနာၿမိဳ႕မွာ လူေပါင္း ၄ဝဝဝဝ ေက်ာ္ ေဘးလြတ္ရာကို ေ႐ႊ႕ေျပာင္းေပးခဲ့ရၿပီး ေရႀကီးမႈေၾကာင့္ ေနရပ္စြန႔္ခြာသူအေရအတြက္ ပိုမိုျမင့္တက္လာဖြယ္ ရွိေနေၾကာင္း သိရပါတယ္။

ဒါ့အျပင္ ေရႀကီးမႈမ်ားေၾကာင့္ အေဆာက္အဦးေပါင္း ၂ဝဝ ေက်ာ္ တစ္ဝက္ တစ္ပ်က္ ပ်က္စီးခဲ့ရေၾကာင္း၊ အျခား အေဆာက္အဦး ၄ဝဝ နီးပါးက ႐ႊံ႕ႏြံ႕ေတြထဲ နစ္ျမႇဳပ္ခဲ့ရေၾကာင္း လစ္ဗ်ားအာဏာပိုင္ေတြက ေျပာပါတယ္။

လစ္ဗ်ားႏိုင္ငံ ဒါနာၿမိဳ႕အတြင္းရွိ အေဆာက္အဦးေပါင္း ေလးပုံတစ္ပုံခန႔္ ပ်က္စီးခဲ့ျခင္းျဖစ္ေၾကာင္း သိရပါတယ္။ ေရႀကီးမႈမ်ားေၾကာင့္ ေရနစ္ေသဆုံးခဲ့တဲ့ ႐ုပ္အေလာင္းအခ်ိဳ႕ဟာ ေရစီးနဲ႔အတူ ပင္လယ္ထဲကို ေမ်ာပါသြားဖြယ္ရွိေနေၾကာင္း သုံးသပ္မႈေတြလည္း ထြက္ေပၚေနသည္။

ရွာေဖြကယ္ဆယ္ေရးသမားေတြဟာ ေပ်ာက္ဆုံးေနသူမ်ားကို အခက္အခဲမ်ားၾကားမွ ရွာေဖြကယ္ဆယ္ေနေပမယ့္ အႏၲရာယ္မ်ားလြန္းတဲ့ ကယ္တင္မႈမ်ားကိုလုပ္ေဆာင္ဖို႔ ေရွာင္ရွားျခင္းမ်ားရွိေနေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.