မြောက်ကိုရီးယားခေါင်းဆောင်ကို ရုရှားက ကျည်ကာအင်္ကျီနဲ့ ဒရုန်းတွေ လက်ဆောင်ပေး

 2536

ဂျန်ဇက် (NP News) - စက်တင်ဘာ ၁၈

ရုရှားအာဏာပိုင်တွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ရုရှားနိုင်ငံကိုလာရောက်လည်ပတ်ခဲ့တဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်ကို ဒရုန်းတွေ လက်ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။

ကင်ဂျုံအမ်ဟာ ရုရှားနိုင်ငံ ပရီမိုစကီးမြို့ကို ရောက်ရှိချိန်အတွင်း မြို့အုပ်ချုပ်ရေးမှူးဖြစ်သူ Oleg Kozhemyako က လက်ဆောင်ပေးတဲ့ kamikaze-drones ဒရုန်းငါးစင်း နဲ့ Geran-25 အမျိုးအစား ထောက်လှမ်းရေး ဒရုန်းတစ်စင်းတို့ကို လက်ခံရယူခဲ့ကြောင်း သိရပါတယ်။

ကင်ဂျုံအမ်ဟာ ရုရှားနိုင်ငံမှာ ၅ ရက်ကြာနေထိုင်ခဲ့ပြီး ရုရှားသမ္မတပူတင်၊ ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေးရှိုဂူးတို့နဲ့ တွေ့ဆုံဆွေးနွေးကာ ရုရှားနိုင်ငံရှိ ဒုံးကျည်၊ နျူကလီးယား အစရှိတဲ့ စက်ရုံတွေကို သွားရောက်လေ့လာခဲ့ကြောင်း သိရပါတယ်။

ပရီမိုစကီးမြို့အုပ်ချုပ်ရေးမှူးဟာ ကင်ဂျုံအမ်ကို ကျည်ကာ အဝတ်အစားတွေလည်း ပေးခဲ့ကြောင်း၊ အဲဒီကျည်အဝတ်စားဟာ ဝမ်းဗိုက်၊ ပုံခုံး၊ ပေါင်ခြံ၊ လည်ချောင်းတို့ကိုအပြည့်အဝလုံခြုံမှုပေးနိုင်ကြောင်း သိရပါတယ်။

အဆိုပါကျည်ကာအင်္ကျီဟာ ပေါ့ပါးပြီး အသုံးပြုရလွယ်ကူကြောင်း၊ သိရပါတယ်။ ရုရှားနဲ့ မြောက်ကိုရီးယားခေါင်းဆောင်တို့ တွေ့ဆုံဆွေးနွေးချိန်အတွင်း နှစ်နိုင်ငံကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်နိုင်ဖို့ အဓိကထားဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

မြောက်ကိုရီးယားဟာ ယူကရိန်းနဲ့ စစ်ဖြစ်နေတဲ့ ရုရှားကို စစ်လက်နက်ပစ္စည်းများ ကူညီထောက်ပံ့ပေးဖို့ သဘောတူညီခဲ့ကြောင်း သိရပါတယ်။ မြောက်ကိုရီးယားနိုင်ငံဟာ လက်ရှိအချိန်မှာ ကိုရီးယားကျွန်းဆွယ်မှာ အမေရိကန်၊ တောင်ကိုရီးယားနိုင်ငံတို့နဲ့ တင်းမာမှုတွေရှိနေကြောင်း သိရပါတယ်။ မြောက်ကိုရီးယားနဲ့ ရုရှားတို့ ဆက်ဆံရေးပိုမိုကောင်းမွန်လာမှာ အမေရိကန် ဦးဆောင်တဲ့အနောက်အုပ်စုနိုင်ငံတွေ စိုးရိမ်မှုမြင့်တက်နေချိန်မှာပဲ မြောက်ကိုရီးယား ခေါင်းဆောင်ကင်ဂျုံအမ်ဟာ ရုရှားနိုင်ငံကို သွားရောက်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။

Zawgyi Version;
ေျမာက္ကိုရီးယားေခါင္းေဆာင္ကို ႐ုရွားက က်ည္ကာအက်ႌနဲ႔ ဒ႐ုန္းေတြ လက္ေဆာင္ေပး
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၁၈

႐ုရွားအာဏာပိုင္ေတြဟာ ၿပီးခဲ့တဲ့ရက္ပိုင္းက ႐ုရွားႏိုင္ငံကိုလာေရာက္လည္ပတ္ခဲ့တဲ့ ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအမ္ကို ဒ႐ုန္းေတြ လက္ေဆာင္ေပးခဲ့ေၾကာင္း သိရပါတယ္။

ကင္ဂ်ဳံအမ္ဟာ ႐ုရွားႏိုင္ငံ ပရီမိုစကီးၿမိဳ႕ကို ေရာက္ရွိခ်ိန္အတြင္း ၿမိဳ႕အုပ္ခ်ဳပ္ေရးမႉးျဖစ္သူ Oleg Kozhemyako က လက္ေဆာင္ေပးတဲ့ kamikaze-drones ဒ႐ုန္းငါးစင္း နဲ႔ Geran-25 အမ်ိဳးအစား ေထာက္လွမ္းေရး ဒ႐ုန္းတစ္စင္းတို႔ကို လက္ခံရယူခဲ့ေၾကာင္း သိရပါတယ္။

ကင္ဂ်ဳံအမ္ဟာ ႐ုရွားႏိုင္ငံမွာ ၅ ရက္ၾကာေနထိုင္ခဲ့ၿပီး ႐ုရွားသမၼတပူတင္၊ ႐ုရွားကာကြယ္ေရးဝန္ႀကီး ဆာေဂးရႈိဂူးတို႔နဲ႔ ေတြ႕ဆုံေဆြးေႏြးကာ ႐ုရွားႏိုင္ငံရွိ ဒုံးက်ည္၊ န်ဴကလီးယား အစရွိတဲ့ စက္႐ုံေတြကို သြားေရာက္ေလ့လာခဲ့ေၾကာင္း သိရပါတယ္။

ပရီမိုစကီးၿမိဳ႕အုပ္ခ်ဳပ္ေရးမႉးဟာ ကင္ဂ်ဳံအမ္ကို က်ည္ကာ အဝတ္အစားေတြလည္း ေပးခဲ့ေၾကာင္း၊ အဲဒီက်ည္အဝတ္စားဟာ ဝမ္းဗိုက္၊ ပုံခုံး၊ ေပါင္ၿခံ၊ လည္ေခ်ာင္းတို႔ကိုအျပည့္အဝလုံၿခဳံမႈေပးႏိုင္ေၾကာင္း သိရပါတယ္။

အဆိုပါက်ည္ကာအက်ႌဟာ ေပါ့ပါးၿပီး အသုံးျပဳရလြယ္ကူေၾကာင္း၊ သိရပါတယ္။ ႐ုရွားနဲ႔ ေျမာက္ကိုရီးယားေခါင္းေဆာင္တို႔ ေတြ႕ဆုံေဆြးေႏြးခ်ိန္အတြင္း ႏွစ္ႏိုင္ငံၾကား စစ္ေရးပူးေပါင္းေဆာင္႐ြက္မႈတိုးျမႇင့္ႏိုင္ဖို႔ အဓိကထားေဆြးေႏြးခဲ့ေၾကာင္း သိရပါတယ္။

ေျမာက္ကိုရီးယားဟာ ယူကရိန္းနဲ႔ စစ္ျဖစ္ေနတဲ့ ႐ုရွားကို စစ္လက္နက္ပစၥည္းမ်ား ကူညီေထာက္ပံ့ေပးဖို႔ သေဘာတူညီခဲ့ေၾကာင္း သိရပါတယ္။ ေျမာက္ကိုရီးယားႏိုင္ငံဟာ လက္ရွိအခ်ိန္မွာ ကိုရီးယားကြၽန္းဆြယ္မွာ အေမရိကန္၊ ေတာင္ကိုရီးယားႏိုင္ငံတို႔နဲ႔ တင္းမာမႈေတြရွိေနေၾကာင္း သိရပါတယ္။ ေျမာက္ကိုရီးယားနဲ႔ ႐ုရွားတို႔ ဆက္ဆံေရးပိုမိုေကာင္းမြန္လာမွာ အေမရိကန္ ဦးေဆာင္တဲ့အေနာက္အုပ္စုႏိုင္ငံေတြ စိုးရိမ္မႈျမင့္တက္ေနခ်ိန္မွာပဲ ေျမာက္ကိုရီးယား ေခါင္းေဆာင္ကင္ဂ်ဳံအမ္ဟာ ႐ုရွားႏိုင္ငံကို သြားေရာက္ခဲ့တာျဖစ္ေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.