သထုံမြို့၌ မြေတူးရာမှတွေ့ရှိခဲ့သည့် ရှေးဟောင်းအုတ်ခွက်ဘုရား အဆူ(၄၀၀)နီးပါးကို ရှေးဟောင်းသုတေသနဌာနက လက်ခံရယူမည်

 1809

ယွန်း( NP News) - စက်တင်ဘာ ၁၈

မွန်ပြည်နယ်၊ သထုံမြို့တွင် မြေတူးရာမှ တွေ့ရှိခဲ့သည့် အုတ်ခွက်ဘုရားများကို ရှေးဟောင်း သုတေသနဌာနမှ ယနေ့(စက်တင်ဘာလ ၁၈ ရက်)တွင် လက်ခံရယူသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အုတ်ခွက်ဘုရားများကို သထုံမြို့ရှိ အ.ထ.က(၄)ကျောင်းဝင်းအတွင်း ကျောင်း ဆောင်သစ်ဆောက်လုပ်ရန် မြေတူးရာမှတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ရှေးဟောင်းသုတေသနဌာနမှ သိရသည်။

ထိုသို့တူးဖော်ခဲ့ရာ အုတ်ခွက်ဘုရားအကောင်း(၁၃၈)ဆူ၊ အကျိုးပဲ့(၂၂၄)ဆူ စုစုပေါင်း (၃၆၂)ဆူတွေ့ရှိခဲ့ပြီး အဆိုပါအုတ်ခွက်ဘုရားများကို ကျောင်းအုတ်ကြီးရုံးခန်းတွင် ခေတ္တပူဇော်ထားကြောင်း သိရသည်။

“ကျွန်တော့်ဆီက သုတေသနက အခုမှသွားနေတုန်းပါ။ လောလောဆယ်တော့ အဖွဲ့တစ်ဖွဲ့က လက်ခံရယူဖို့ သထုံကိုသွားနေပါတယ်။ ရပြီးမှထူးခြားမှုရှိလား ဘာလားသိရမှာပါ။ လက်ခံရယူဖို့ အခုမှသွားကြပါတယ်။ အရင်ကတော့ ကောလာဟလ လိုလိုပေါ့။ အခုကတော့ တရားဝင်အကြောင်းကြားလာတဲ့အတွက် လက်ခံဖို့ ဒီနေ့ပဲသွားပါတယ်” ဟု ရှေးဟောင်းသုတေသနဌာန ဒုတိယညွှန်ကြားရေးမှူး မွန်ပြည်နယ်တာဝန်ခံ ဦးအောင်နိုင်မိုးက NP News ကိုပြောသည်။

ထို့ပြင် ပြီးခဲ့သည့် သြဂုတ်လအတွင်းကလည်း သထုံမြို့၌ အုတ်ခွက်ဘုရား(၉)ဆူတွေ့ရှိခဲ့သဖြင့် ရှေးဟောင်းသုတေသနဌာနမှလက်ခံရယူကာ ထိန်းသိမ်းခဲ့ကြောင်း ၎င်းက ဆက် လက်ပြောသည်။

အလားတူ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလအတွင်းကလည်း သထုံမြို့၊ သိမ်ကုန်းရပ်ကွက် ရွှေစာရံဘုရားလမ်းရှိ အ-ထ-က(၂) ကျောင်းဝင်းအတွင်း မြေတူးရာမှ မုဒြာပုံစံအမျိုးမျိုးတို့ဖြင့် ရုပ်လုံးပေါ်ရှေးဟောင်းအုတ်ခွက်ဘုရားများနှင့် အကျိုးအပဲ့စုစုပေါင်း (၂၁ဝ)ကျော်အားတွေရှိခဲ့သည်။

zawgyi version
သထုံၿမိဳ႕၌ ေျမတူးရာမွေတြ႕ရွိခဲ့သည့္ ေရွးေဟာင္းအုတ္ခြက္ဘုရား အဆူ(၄၀၀)နီးပါးကို ေရွးေဟာင္းသုေတသနဌာနက လက္ခံရယူမည္
ယြန္း( NP News) - စက္တင္ဘာ ၁၈

မြန္ျပည္နယ္၊ သထုံၿမိဳ႕တြင္ ေျမတူးရာမွ ေတြ႕ရွိခဲ့သည့္ အုတ္ခြက္ဘုရားမ်ားကို ေရွးေဟာင္း သုေတသနဌာနမွ ယေန႔(စက္တင္ဘာလ ၁၈ ရက္)တြင္ လက္ခံရယူသြားမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ အုတ္ခြက္ဘုရားမ်ားကို သထုံၿမိဳ႕ရွိ အ.ထ.က(၄)ေက်ာင္းဝင္းအတြင္း ေက်ာင္း ေဆာင္သစ္ေဆာက္လုပ္ရန္ ေျမတူးရာမွေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း ေရွးေဟာင္းသုေတသနဌာနမွ သိရသည္။

ထိုသို႔တူးေဖာ္ခဲ့ရာ အုတ္ခြက္ဘုရားအေကာင္း(၁၃၈)ဆူ၊ အက်ိဳးပဲ့(၂၂၄)ဆူ စုစုေပါင္း (၃၆၂)ဆူေတြ႕ရွိခဲ့ၿပီး အဆိုပါအုတ္ခြက္ဘုရားမ်ားကို ေက်ာင္းအုတ္ႀကီး႐ုံးခန္းတြင္ ေခတၱပူေဇာ္ထားေၾကာင္း သိရသည္။

“ကြၽန္ေတာ့္ဆီက သုေတသနက အခုမွသြားေနတုန္းပါ။ ေလာေလာဆယ္ေတာ့ အဖြဲ႕တစ္ဖြဲ႕က လက္ခံရယူဖို႔ သထုံကိုသြားေနပါတယ္။ ရၿပီးမွထူးျခားမႈရွိလား ဘာလားသိရမွာပါ။ လက္ခံရယူဖို႔ အခုမွသြားၾကပါတယ္။ အရင္ကေတာ့ ေကာလာဟလ လိုလိုေပါ့။ အခုကေတာ့ တရားဝင္အေၾကာင္းၾကားလာတဲ့အတြက္ လက္ခံဖို႔ ဒီေန႔ပဲသြားပါတယ္” ဟု ေရွးေဟာင္းသုေတသနဌာန ဒုတိယၫႊန္ၾကားေရးမႉး မြန္ျပည္နယ္တာဝန္ခံ ဦးေအာင္ႏိုင္မိုးက NP News ကိုေျပာသည္။

ထို႔ျပင္ ၿပီးခဲ့သည့္ ၾသဂုတ္လအတြင္းကလည္း သထုံၿမိဳ႕၌ အုတ္ခြက္ဘုရား(၉)ဆူေတြ႕ရွိခဲ့သျဖင့္ ေရွးေဟာင္းသုေတသနဌာနမွလက္ခံရယူကာ ထိန္းသိမ္းခဲ့ေၾကာင္း ၎က ဆက္ လက္ေျပာသည္။

အလားတူ ၂၀၂၂ ခုႏွစ္၊ ေအာက္တိုဘာလအတြင္းကလည္း သထုံၿမိဳ႕၊ သိမ္ကုန္းရပ္ကြက္ ေ႐ႊစာရံဘုရားလမ္းရွိ အ-ထ-က(၂) ေက်ာင္းဝင္းအတြင္း ေျမတူးရာမွ မုျဒာပုံစံအမ်ိဳးမ်ိဳးတို႔ျဖင့္ ႐ုပ္လုံးေပၚေရွးေဟာင္းအုတ္ခြက္ဘုရားမ်ားႏွင့္ အက်ိဳးအပဲ့စုစုေပါင္း (၂၁ဝ)ေက်ာ္အားေတြရွိခဲ့သည္။

Related news

© 2021. All rights reserved.