တရုတ်နိုင်ငံအနေနဲ့ အဖျက်သဘောလုပ်ရပ်တွေကို ရပ်တန့်စေလိုကြောင်း ထိုင်ဝမ်စစ်ဘက် တိုက်တွန်းတောင်းဆို

 552

ဂျန်ဇက် (NP News) - စက်တင်ဘာ ၁၈

ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက တရုတ်နိုင်ငံအနေနဲ့ အဖျက်သဘောဆောင်တဲ့ လုပ်ရပ်တွေ၊ တစ်ဖက်သတ် အပြုအမူတွေ လုပ်ဆောင်နေခြင်းကို ရပ်တန့်စေလိုကြောင်း တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

ထိုင်ဝမ်ကျွန်းနားမှာ တရုတ်နိုင်ငံရဲ့စစ်ရေးလှုပ်ရှားမှုများ ပိုမိုမြင့်တက်လာခဲ့ပြီးနောက် ထိုင်ဝမ်ဘက်က သတိပေးခဲ့ တာဖြစ်ပါတယ်။ ထိုင်ဝမ်စစ်ဘက်က တရုတ်ရဲ့အပြုမှုတွေဟာ တင်းမာမှုတွေကို ပိုမိုဖြစ်လာနိုင်ကြောင်း ဆိုထား ပါတယ်။ တရုတ်နိုင်ငံဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ထိုင်ဝမ်ကျွန်းနားကို တိုက်လေယာဉ်အစီးရေ ၁ဝ၃ စီး စေလွှတ် ပျံသန်းစေခဲ့ပြီးနောက် ထိုင်ဝမ်က တိုက်တွန်းတောင်းဆိုခဲ့တာလည်းဖြစ်ပါတယ်။

တရုတ်နိုင်ငံက ထိုင်ဝမ်ဟာ ၎င်းတို့ပိုင်နက်ဖြစ်တယ်လို့ ပြောဆိုထားပေမယ့် ထိုင်ဝမ်ကတော့ တရုတ်လက်အောက် က ခွဲထွက်ပြီး ကိုယ်ပိုင်လွတ်လပ်ရေးရယူဖို့ လိုလားနေပါတယ်။
ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက "ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း တရုတ်စစ်ဘက်ရဲ့လုပ်ရပ်တွေဟာ ထိုင်ဝမ် ရေလက်ကြားနဲ့ဒေသအတွင်း လုံခြုံရေးအတွက် ကြီးမားတဲ့စိန်ခေါ်မှုဖြစ်လာစေခဲ့ပါတယ်။ ထိုင်ဝမ်ရေလက်ကြား တည်ငြိမ်၊ ငြိမ်းချမ်းရေးကို ဒေသအတွင်းရှိ အဖွဲ့အစည်းတွေ၊ နိုင်ငံအားလုံး ပူးပေါင်းတာဝန်ယူရမှာဖြစ်တယ်" လို့ ပြောပါတယ်။

တရုတ်ကာကွယ်ရေးဝန်ကြီးဌာနကတော့ ထိုင်ဝမ်စစ်ဘက်ရဲ့ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး တစ်စုံတရာ တုံ့ပြန် မှတ်ချက်ပြုခြင်းမရှိသေးပါဘူး။ တရုတ်စစ်ဘက်ဟာ ပြီးခဲ့တဲ့သီတင်းပတ်ကလည်း ထိုင်ဝမ်ကျွန်းရဲ့ အရှေ့မြောက် ဘက် ကမ်းရိုးတန်း နဲ့ တောင်တရုတ်ပင်လယ်တို့မှာ စစ်ရေးလေ့ကျင့်ဖို့ ရေတပ်သင်္ဘောအစီးရေ ၁ဝဝ ကျော် စေလွှတ်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါရေတပ် စစ်ရေးလေ့ကျင့်ခန်းတွေဟာ ဒေသအတွင်းရှိ ပြိုင်ဘက်တွေကို ဖိအားပေးဖို့ ရည်ရွယ်တာမျိုးဖြစ်ကြောင်း တရုတ်စစ်ဘက်တာဝန်ရှိသူတစ်ဦး က ပြောပါတယ်။

Zawgyi Version;
တ႐ုတ္ႏိုင္ငံအေနနဲ႔ အဖ်က္သေဘာလုပ္ရပ္ေတြကို ရပ္တန႔္ေစလိုေၾကာင္း ထိုင္ဝမ္စစ္ဘက္ တိုက္တြန္းေတာင္းဆို
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၁၈

ထိုင္ဝမ္ကာကြယ္ေရးဝန္ႀကီးဌာနက တ႐ုတ္ႏိုင္ငံအေနနဲ႔ အဖ်က္သေဘာေဆာင္တဲ့ လုပ္ရပ္ေတြ၊ တစ္ဖက္သတ္အျပဳအမူေတြ လုပ္ေဆာင္ေနျခင္းကို ရပ္တန႔္ေစလိုေၾကာင္း တိုက္တြန္းေတာင္းဆိုလိုက္ပါတယ္။

ထိုင္ဝမ္ကြၽန္းနားမွာ တ႐ုတ္ႏိုင္ငံရဲ႕စစ္ေရးလႈပ္ရွားမႈမ်ား ပိုမိုျမင့္တက္လာခဲ့ၿပီးေနာက္ ထိုင္ဝမ္ဘက္က သတိေပးခဲ့ တာျဖစ္ပါတယ္။ ထိုင္ဝမ္စစ္ဘက္က တ႐ုတ္ရဲ႕အျပဳမႈေတြဟာ တင္းမာမႈေတြကို ပိုမိုျဖစ္လာႏိုင္ေၾကာင္း ဆိုထား ပါတယ္။ တ႐ုတ္ႏိုင္ငံဟာ ၿပီးခဲ့တဲ့ရက္ပိုင္းက ထိုင္ဝမ္ကြၽန္းနားကို တိုက္ေလယာဥ္အစီးေရ ၁ဝ၃ စီး ေစလႊတ္ ပ်ံသန္းေစခဲ့ၿပီးေနာက္ ထိုင္ဝမ္က တိုက္တြန္းေတာင္းဆိုခဲ့တာလည္းျဖစ္ပါတယ္။

တ႐ုတ္ႏိုင္ငံက ထိုင္ဝမ္ဟာ ၎တို႔ပိုင္နက္ျဖစ္တယ္လို႔ ေျပာဆိုထားေပမယ့္ ထိုင္ဝမ္ကေတာ့ တ႐ုတ္လက္ေအာက္ က ခြဲထြက္ၿပီး ကိုယ္ပိုင္လြတ္လပ္ေရးရယူဖို႔ လိုလားေနပါတယ္။
ထိုင္ဝမ္ကာကြယ္ေရးဝန္ႀကီးဌာနက "ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္း တ႐ုတ္စစ္ဘက္ရဲ႕လုပ္ရပ္ေတြဟာ ထိုင္ဝမ္ ေရလက္ၾကားနဲ႔ေဒသအတြင္း လုံၿခဳံေရးအတြက္ ႀကီးမားတဲ့စိန္ေခၚမႈျဖစ္လာေစခဲ့ပါတယ္။ ထိုင္ဝမ္ေရလက္ၾကား တည္ၿငိမ္၊ ၿငိမ္းခ်မ္းေရးကို ေဒသအတြင္းရွိ အဖြဲ႕အစည္းေတြ၊ ႏိုင္ငံအားလုံး ပူးေပါင္းတာဝန္ယူရမွာျဖစ္တယ္" လို႔ ေျပာပါတယ္။

တ႐ုတ္ကာကြယ္ေရးဝန္ႀကီးဌာနကေတာ့ ထိုင္ဝမ္စစ္ဘက္ရဲ႕ထုတ္ျပန္ခ်က္နဲ႔ပတ္သက္ၿပီး တစ္စုံတရာ တုံ႔ျပန္ မွတ္ခ်က္ျပဳျခင္းမရွိေသးပါဘူး။ တ႐ုတ္စစ္ဘက္ဟာ ၿပီးခဲ့တဲ့သီတင္းပတ္ကလည္း ထိုင္ဝမ္ကြၽန္းရဲ႕ အေရွ႕ေျမာက္ ဘက္ ကမ္း႐ိုးတန္း နဲ႔ ေတာင္တ႐ုတ္ပင္လယ္တို႔မွာ စစ္ေရးေလ့က်င့္ဖို႔ ေရတပ္သေဘၤာအစီးေရ ၁ဝဝ ေက်ာ္ ေစလႊတ္ခဲ့ေၾကာင္း သိရပါတယ္။ အဆိုပါေရတပ္ စစ္ေရးေလ့က်င့္ခန္းေတြဟာ ေဒသအတြင္းရွိ ၿပိဳင္ဘက္ေတြကို ဖိအားေပးဖို႔ ရည္႐ြယ္တာမ်ိဳးျဖစ္ေၾကာင္း တ႐ုတ္စစ္ဘက္တာဝန္ရွိသူတစ္ဦး က ေျပာပါတယ္။

Related news

© 2021. All rights reserved.