ကျောင်းသား/သူ(၂၀၀)နီးပါး ပညာသင်ယူနေသည့် စာသင်ကျောင်းအား PDF အဖွဲ့မှ ခြိမ်းခြောက်စာဝင်ရေးခဲ့သဖြင့် ကျောင်းအား ယာယီပိတ်ထား

 8806

NP News - စက်တင်ဘာ ၁၈

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်ရှိ ကျောင်းသား၊ ကျောင်းသူ(၁၈၇)ဦး ပညာသင်ယူနေသည့် အခြေခံပညာမူလတန်းလွန်ကျောင်းအား PDF အဖွဲ့မှ ခြိမ်းခြောက်စာဝင်ရေးခဲ့မှုကြောင့် ကျောင်းအားခေတ္တယာယီပိတ်ထားရကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် စက်တင်ဘာလ ၁၅ရက်၊ နံနက် ၂နာရီအချိန်တွင် သရက်ချောင်းမြို့ နယ်၊ ရန်တောင်ကျေးရွာရှိ အခြေခံပညာ မူလတန်းလွန်ကျောင်း၌ ဖြစ်ပွားခဲ့ကြောင်း မြန်မာ နိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

အဆိုပါ အခြေခံပညာမူလတန်းလွန်ကျောင်းဝန်းအတွင်းသို့ PDF အဖွဲ့ အင်အား(၆)ဦးက ဆိုင်ကယ်(၃)စီးဖြင့်ရောက်ရှိလာပြီး ကျောင်းအတွင်း ဝင်ရောက်ကာ စာသင်ခန်းရှေ့အုတ်နံရံတွင် မှုတ်ဆေးအနီရောင်ဖြင့် ခြိမ်းခြောက်စာများ ရေးသွားခဲ့ကြောင်း သိရသည်။

ထို့ပြင် စာသင်ခန်းအရှေ့ဝရံတာ၌ M 16 ကျည်တစ်ထောင့်၊ (၉)လုံးကျည်တစ်တောင့်နှင့် အနီရောင်မှုတ်ဆေးဘူး(၂)ဘူးတို့ကိုလည်း ခြိမ်းခြောက်ထားသွားခဲ့ကြောင်းသိရသည်။

အဆိုပါခြိမ်းခြောက်ခံရသော ရန်တောင်ကျေးရွာအခြေခံပညာမူလတန်းလွန်ကျောင်းတွင် ကျောင်းဆရာ၊ဆရာမ (၁၁)ဦးက ကျောင်းသား၊ ကျောင်းသူ(၁၈၇)ဦးအား ပညာသင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ခြိမ်းခြောက်မှုကြောင့် လုံခြုံရေးအရ ကျောင်းအား ခေတ္တယာယီပိတ်ထားရပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ ပါဝင်ကျူးလွန်သူများအား ဖမ်းဆီးအရေးယူနိုင်ရေးလုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန် ထားသည်။

zawgyi version
ေက်ာင္းသား/သူ(၂၀၀)နီးပါး ပညာသင္ယူေနသည့္ စာသင္ေက်ာင္းအား PDF အဖြဲ႕မွ ၿခိမ္းေျခာက္စာဝင္ေရးခဲ့သျဖင့္ ေက်ာင္းအား ယာယီပိတ္ထား
NP News - စက္တင္ဘာ ၁၈

တနသၤာရီတိုင္း၊ သရက္ေခ်ာင္းၿမိဳ႕နယ္ရွိ ေက်ာင္းသား၊ ေက်ာင္းသူ(၁၈၇)ဦး ပညာသင္ယူေနသည့္ အေျခခံပညာမူလတန္းလြန္ေက်ာင္းအား PDF အဖြဲ႕မွ ၿခိမ္းေျခာက္စာဝင္ေရးခဲ့မႈေၾကာင့္ ေက်ာင္းအားေခတၱယာယီပိတ္ထားရေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ စက္တင္ဘာလ ၁၅ရက္၊ နံနက္ ၂နာရီအခ်ိန္တြင္ သရက္ေခ်ာင္းၿမိဳ႕ နယ္၊ ရန္ေတာင္ေက်း႐ြာရွိ အေျခခံပညာ မူလတန္းလြန္ေက်ာင္း၌ ျဖစ္ပြားခဲ့ေၾကာင္း ျမန္မာ ႏိုင္ငံရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားသည္။

အဆိုပါ အေျခခံပညာမူလတန္းလြန္ေက်ာင္းဝန္းအတြင္းသို႔ PDF အဖြဲ႕ အင္အား(၆)ဦးက ဆိုင္ကယ္(၃)စီးျဖင့္ေရာက္ရွိလာၿပီး ေက်ာင္းအတြင္း ဝင္ေရာက္ကာ စာသင္ခန္းေရွ႕အုတ္နံရံတြင္ မႈတ္ေဆးအနီေရာင္ျဖင့္ ၿခိမ္းေျခာက္စာမ်ား ေရးသြားခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ စာသင္ခန္းအေရွ႕ဝရံတာ၌ M 16 က်ည္တစ္ေထာင့္၊ (၉)လုံးက်ည္တစ္ေတာင့္ႏွင့္ အနီေရာင္မႈတ္ေဆးဘူး(၂)ဘူးတို႔ကိုလည္း ၿခိမ္းေျခာက္ထားသြားခဲ့ေၾကာင္းသိရသည္။

အဆိုပါၿခိမ္းေျခာက္ခံရေသာ ရန္ေတာင္ေက်း႐ြာအေျခခံပညာမူလတန္းလြန္ေက်ာင္းတြင္ ေက်ာင္းဆရာ၊ဆရာမ (၁၁)ဦးက ေက်ာင္းသား၊ ေက်ာင္းသူ(၁၈၇)ဦးအား ပညာသင္ၾကားေပးလ်က္ရွိေၾကာင္း သိရသည္။

ထိုသို႔ ၿခိမ္းေျခာက္မႈေၾကာင့္ လုံၿခဳံေရးအရ ေက်ာင္းအား ေခတၱယာယီပိတ္ထားရၿပီး ျဖစ္စဥ္ႏွင့္ပတ္သက္၍ ပါဝင္က်ဴးလြန္သူမ်ားအား ဖမ္းဆီးအေရးယူႏိုင္ေရးလုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ ထားသည္။

Related news

© 2021. All rights reserved.