ရေးမြို့၌ သတင်းရဲတပ်ဖွဲ့မှ ရဲအုပ်တစ်ဦး သေနတ်ဖြင့် အနီးကပ်ပစ်ခတ်လုပ်ကြံခံခဲ့ရ

1131
မြူနစ် (NP News) - စက်တင်ဘာ ၁၈
မွန်ပြည်နယ်၊ ရေးမြို့၌ သတင်းရဲတပ်ဖွဲ့မှ ရဲအုပ်တစ်ဦး သေနတ်ဖြင့် အနီးကပ်ပစ်ခတ်လုပ်ကြံခံခဲ့ရကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့(စက်တင်ဘာလ ၁၈ ရက်)၊ နံနက် ၁၀ နာရီခွဲအချိန်ခန့်တွင် ရေးမြို့၊ အောင်သုခရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီး၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မွန်ပြည် နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
ရေးမြို့သတင်းရဲတပ်ဖွဲ့မှ တာဝန်ခံရဲအုပ်မြင့်လွင်သည် ကားမောင်းနှင်လာစဉ်အချိန် ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသား(၂)ဦးက သေနတ်ဖြင့် အနီးကပ်ပစ်ခတ်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ပစ်ခတ်ခံရမှုကြောင့် တာဝန်ခံရဲအုပ်၏ ဦးခေါင်းတွင် ကျည်ဖောက်ဝင်ဒဏ်ရာများရရှိခဲ့ကာ ကားအတွင်း၌ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
လက်ရှိနစကအစိုးရလက်အတွင်း ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် သေဆုံးခဲ့ရသည့် ရဲတပ်ဖွဲ့ဝင်ဦးရေ စုစုပေါင်းသည် (၅၀၀)နီးပါးရှိကြောင်း သိရသည်။
zawgyi version
ေရးၿမိဳ႕၌ သတင္းရဲတပ္ဖြဲ႕မွ ရဲအုပ္တစ္ဦး ေသနတ္ျဖင့္ အနီးကပ္ပစ္ခတ္လုပ္ႀကံခံခဲ့ရ
ျမဴနစ္ (NP News) - စက္တင္ဘာ ၁၈
မြန္ျပည္နယ္၊ ေရးၿမိဳ႕၌ သတင္းရဲတပ္ဖြဲ႕မွ ရဲအုပ္တစ္ဦး ေသနတ္ျဖင့္ အနီးကပ္ပစ္ခတ္လုပ္ႀကံခံခဲ့ရေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယေန႔(စက္တင္ဘာလ ၁၈ ရက္)၊ နံနက္ ၁၀ နာရီခြဲအခ်ိန္ခန႔္တြင္ ေရးၿမိဳ႕၊ ေအာင္သုခရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး႐ုံးအနီး၌ အထက္ပါကဲ့သို႔ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း မြန္ျပည္ နယ္အစိုးရအဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
ေရးၿမိဳ႕သတင္းရဲတပ္ဖြဲ႕မွ တာဝန္ခံရဲအုပ္ျမင့္လြင္သည္ ကားေမာင္းႏွင္လာစဥ္အခ်ိန္ ဆိုင္ကယ္ေမာင္းႏွင္လာသည့္ အမ်ိဳးသား(၂)ဦးက ေသနတ္ျဖင့္ အနီးကပ္ပစ္ခတ္သြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ထိုသို႔ပစ္ခတ္ခံရမႈေၾကာင့္ တာဝန္ခံရဲအုပ္၏ ဦးေခါင္းတြင္ က်ည္ေဖာက္ဝင္ဒဏ္ရာမ်ားရရွိခဲ့ကာ ကားအတြင္း၌ပင္ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
လက္ရွိနစကအစိုးရလက္အတြင္း ပစ္ခတ္တိုက္ခိုက္ခံရမႈေၾကာင့္ ေသဆုံးခဲ့ရသည့္ ရဲတပ္ဖြဲ႕ဝင္ဦးေရ စုစုေပါင္းသည္ (၅၀၀)နီးပါးရွိေၾကာင္း သိရသည္။