ရေစကြိုမြို့၌ သက်တော်(၇၃)နှစ်အရွယ် သံဃာတစ်ပါး လုပ်ကြံသတ်ဖြတ်ခံခဲ့ရပြီး နစကလက်ထက်၌ အကြမ်းဖက်သတ်ဖြတ်ခံရသည့် ရဟန်းသံဃာ (၈၄)ပါးအထိရှိလာ

7086
မြူနစ် (NP News) - စက်တင်ဘာ ၁၈
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ကိုင်းမကြီးရွာ၌ သက်တော်(၇၃)နှစ်အရွယ် သံဃာတစ်ပါးသည် PDF အဖွဲ့၏ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ရကြောင်း သတင်းရရှိသည်။

ယမန်နေ့(စက်တင်ဘာလ ၁၇ ရက်)၊ ည ၁၁ နာရီအချိန်ခန့်တွင် PDF အဖွဲ့ဝင်များသည် ကိုင်းမကြီးရွာ၊ ရွာဦးဘုန်းကြီးကျောင်းသို့ လာရောက်ကာ ကျောင်းထိုင်ဆရာတော် ဦးကုမာရအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူများက ပြောသည်။
ထိုသို့ ဆရာတော်ဦးကုမာရအား ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ကိုင်းမကြီးရွာ ပတ်ဝန်းကျင်ရှိ ဆင်ချောင်းဆည်အနီး၌ PDF အဖွဲ့ဝင်များက ဓါးနှင့်သေနတ်များကို အသုံးပြုကာ သတ်ဖြတ်သွားခဲ့ကြောင်း သိရသည်။
“PDF တွေက ဖမ်းဆီးခေါ်ဆောင်ပြီးတော့မှ ဆရာတော်က အသတ်ခံရတာ။ လည်ပင်းမှာတော့ ပြတ်ရှဒဏ်ရာတွေ ရှိ တယ်။ လည်ပင်းတစ်ခုလုံးတော့ ပြတ်သွားတာမျိုးတော့ မဟုတ်ဘူး။ လုပ်ကြံသတ်ဖြတ်ခံရတာတော့ မှန်ပါတယ်” ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူက ပြောသည်။
ယင်းကဲ့သို့ လုပ်ကြံသတ်ဖြတ်ခံရမှုကြောင့် ဆရာတော်ဦးကုမာရသည် ပျံလွန်တော်မူသွားပြီဖြစ်ကြောင်း သိရသည်။
ကိုင်းမကြီးရွာဦးကျောင်းဆရာတော် ဦးကုမာရသည် ပျံလွန်တော်မူချိန်၌ အသက်တော်သည် (၇၃)နှစ်ရှိပြီဖြစ်ကာ ဝါတော်မှာ (၅၃)ဝါ ရှိကြောင်း သိရသည်။
“အဲဒီဘက်မှာရှိတဲ့ PDF တွေရဲ့နောက်မှာ KIA လက်နက်ကိုင်အဖွဲ့ ကြိုးကိုင်ချယ်လှယ်နေတယ်လို့တော့ ဦးဇင်းထင်ပါ တယ်။ KIA ရဲ့ မှိုင်းတွေမိနေလို့ ဒီလောက်အထိ ရက်ရက်စက်စက်ဖြစ်နေတာ။ စစ်ကိုင်း၊ မကွေးဘက်မှာပဲ ဒီလိုဖြစ်စဉ် တွေ အများဆုံးဖြစ်နေတာ။ နောက် စစ်တပ်က လာရောက်တည်းခိုတဲ့ ဘုန်းကြီးကျောင်းတွေဆိုရင် ဒလန်ဘုန်းကြီး ကျောင်းဆိုပြီး စွပ်စွဲခံရတာတွေရှိတယ်။ တစ်ချို့ဘုန်းကြီးတွေလည်း ကျောင်းမှာတောင် သီတင်းမသုံးရဲဖြစ်နေတယ်” ဟု မကွေးတိုင်းအတွင်းရှိ သံဃာတော်တစ်ပါးက NP News ကို မိန့်ကြားသည်။
မကွေးတိုင်းအတွင်း၌ တပ်မတော်သားများ လာရောက်တည်းခိုသည့် ဘုန်းကြီးကျောင်းများကို ဒလန်ဘုန်းကြီး ကျောင်းဟု PDF အဖွဲ့က စွပ်စွဲကာ ခြိမ်းခြောက်ခံရမှုများရှိနေသည့်အတွက် အချို့သော ကျောင်းထိုင်ဆရာတော်များသည် ၎င်းတို့၏ကျောင်းများ၌ သီတင်းမသုံးရဲဘဲ တိမ်းရှောင်နေရသည့်ဖြစ်စဉ်များ ရှိနေကြောင်း သိရသည်။
လက်ရှိ နစကအစိုးရလက်ထက် (၂)နှစ်ခွဲကျော်ကာလအတွင်း၌ PDF အပါအဝင် လက်နက်ကိုင်အဖွဲ့များ၏ အကြမ်း ဖက် သတ်ဖြတ်မှုကြောင့် ပျံလွန်တော်မူခဲ့ရသည့် ရဟန်းသံဃာတော်သည် (၈၄)ပါးအထိ ရှိလာပြီဖြစ်ကြောင်း နစက၏ အချက်အလက်များအရ သိရသည်။
ဗုဒ္ဓဘာသာကို အများဆုံးကိုးကွယ်သည့် မြန်မာနိုင်ငံ၌ ဗုဒ္ဓဘာသာရဟန်းသံဃာတော်များ အကြမ်းဖက်သတ်ဖြတ်ခံနေရသည့်ဖြစ်စဉ်များသည် မဖြစ်သင့်ကြောင်းနှင့် ယင်းကဲ့သို့ လုပ်ရပ်များအား ရပ်တန့်ပေးစေလိုကြောင်း မေတ္တာရပ်ခံမှုများရှိနေသည်။
ယင်းကဲ့သို့ ရဟန်းသံဃာတော်များ အကြမ်းဖက်သတ်ဖြတ်ခံရမှုများအပေါ် နိုင်ငံတော် တာဝန်ရယူထားသည့် နစကအစိုးရအနေဖြင့် ထိထိရောက်ရောက် အကာအကွယ်ပေးနိုင်ခြင်း မရှိသကဲ့သို့ အကြမ်းဖက်အဖွဲ့များကလည်း သတ် ဖြတ်နေမှုများကို ဆက်လက်ကျူးလွန်လျက်ရှိကြောင်း တွေ့ရှိရသည်။

zawgyi version
ေရစႀကိဳၿမိဳ႕၌ သက္ေတာ္(၇၃)ႏွစ္အ႐ြယ္ သံဃာတစ္ပါး လုပ္ႀကံသတ္ျဖတ္ခံခဲ့ရၿပီး နစကလက္ထက္၌ အၾကမ္းဖက္သတ္ျဖတ္ခံရသည့္ ရဟန္းသံဃာ (၈၄)ပါးအထိရွိလာ
ျမဴနစ္ (NP News) - စက္တင္ဘာ ၁၈
မေကြးတိုင္း၊ ေရစႀကိဳၿမိဳ႕နယ္၊ ကိုင္းမႀကီး႐ြာ၌ သက္ေတာ္(၇၃)ႏွစ္အ႐ြယ္ သံဃာတစ္ပါးသည္ PDF အဖြဲ႕၏ လုပ္ႀကံသတ္ျဖတ္ျခင္းကို ခံခဲ့ရေၾကာင္း သတင္းရရွိသည္။
ယမန္ေန႔(စက္တင္ဘာလ ၁၇ ရက္)၊ ည ၁၁ နာရီအခ်ိန္ခန႔္တြင္ PDF အဖြဲ႕ဝင္မ်ားသည္ ကိုင္းမႀကီး႐ြာ၊ ႐ြာဦးဘုန္းႀကီးေက်ာင္းသို႔ လာေရာက္ကာ ေက်ာင္းထိုင္ဆရာေတာ္ ဦးကုမာရအား ဖမ္းဆီးေခၚေဆာင္သြားခဲ့ေၾကာင္း လုံၿခဳံေရးအဖြဲ႕ႏွင့္နီးစပ္သူမ်ားက ေျပာသည္။
ထိုသို႔ ဆရာေတာ္ဦးကုမာရအား ဖမ္းဆီးေခၚေဆာင္သြားၿပီးေနာက္ ကိုင္းမႀကီး႐ြာ ပတ္ဝန္းက်င္ရွိ ဆင္ေခ်ာင္းဆည္အနီး၌ PDF အဖြဲ႕ဝင္မ်ားက ဓါးႏွင့္ေသနတ္မ်ားကို အသုံးျပဳကာ သတ္ျဖတ္သြားခဲ့ေၾကာင္း သိရသည္။
“PDF ေတြက ဖမ္းဆီးေခၚေဆာင္ၿပီးေတာ့မွ ဆရာေတာ္က အသတ္ခံရတာ။ လည္ပင္းမွာေတာ့ ျပတ္ရွဒဏ္ရာေတြ ရွိ တယ္။ လည္ပင္းတစ္ခုလုံးေတာ့ ျပတ္သြားတာမ်ိဳးေတာ့ မဟုတ္ဘူး။ လုပ္ႀကံသတ္ျဖတ္ခံရတာေတာ့ မွန္ပါတယ္” ဟု လုံၿခဳံေရးအဖြဲ႕ႏွင့္နီးစပ္သူက ေျပာသည္။
ယင္းကဲ့သို႔ လုပ္ႀကံသတ္ျဖတ္ခံရမႈေၾကာင့္ ဆရာေတာ္ဦးကုမာရသည္ ပ်ံလြန္ေတာ္မူသြားၿပီျဖစ္ေၾကာင္း သိရသည္။
ကိုင္းမႀကီး႐ြာဦးေက်ာင္းဆရာေတာ္ ဦးကုမာရသည္ ပ်ံလြန္ေတာ္မူခ်ိန္၌ အသက္ေတာ္သည္ (၇၃)ႏွစ္ရွိၿပီျဖစ္ကာ ဝါေတာ္မွာ (၅၃)ဝါ ရွိေၾကာင္း သိရသည္။
“အဲဒီဘက္မွာရွိတဲ့ PDF ေတြရဲ႕ေနာက္မွာ KIA လက္နက္ကိုင္အဖြဲ႕ ႀကိဳးကိုင္ခ်ယ္လွယ္ေနတယ္လို႔ေတာ့ ဦးဇင္းထင္ပါ တယ္။ KIA ရဲ႕ မႈိင္းေတြမိေနလို႔ ဒီေလာက္အထိ ရက္ရက္စက္စက္ျဖစ္ေနတာ။ စစ္ကိုင္း၊ မေကြးဘက္မွာပဲ ဒီလိုျဖစ္စဥ္ ေတြ အမ်ားဆုံးျဖစ္ေနတာ။ ေနာက္ စစ္တပ္က လာေရာက္တည္းခိုတဲ့ ဘုန္းႀကီးေက်ာင္းေတြဆိုရင္ ဒလန္ဘုန္းႀကီး ေက်ာင္းဆိုၿပီး စြပ္စြဲခံရတာေတြရွိတယ္။ တစ္ခ်ိဳ႕ဘုန္းႀကီးေတြလည္း ေက်ာင္းမွာေတာင္ သီတင္းမသုံးရဲျဖစ္ေနတယ္” ဟု မေကြးတိုင္းအတြင္းရွိ သံဃာေတာ္တစ္ပါးက NP News ကို မိန႔္ၾကားသည္။
မေကြးတိုင္းအတြင္း၌ တပ္မေတာ္သားမ်ား လာေရာက္တည္းခိုသည့္ ဘုန္းႀကီးေက်ာင္းမ်ားကို ဒလန္ဘုန္းႀကီး ေက်ာင္းဟု PDF အဖြဲ႕က စြပ္စြဲကာ ၿခိမ္းေျခာက္ခံရမႈမ်ားရွိေနသည့္အတြက္ အခ်ိဳ႕ေသာ ေက်ာင္းထိုင္ဆရာေတာ္မ်ားသည္ ၎တို႔၏ေက်ာင္းမ်ား၌ သီတင္းမသုံးရဲဘဲ တိမ္းေရွာင္ေနရသည့္ျဖစ္စဥ္မ်ား ရွိေနေၾကာင္း သိရသည္။
လက္ရွိ နစကအစိုးရလက္ထက္ (၂)ႏွစ္ခြဲေက်ာ္ကာလအတြင္း၌ PDF အပါအဝင္ လက္နက္ကိုင္အဖြဲ႕မ်ား၏ အၾကမ္း ဖက္ သတ္ျဖတ္မႈေၾကာင့္ ပ်ံလြန္ေတာ္မူခဲ့ရသည့္ ရဟန္းသံဃာေတာ္သည္ (၈၄)ပါးအထိ ရွိလာၿပီျဖစ္ေၾကာင္း နစက၏ အခ်က္အလက္မ်ားအရ သိရသည္။
ဗုဒၶဘာသာကို အမ်ားဆုံးကိုးကြယ္သည့္ ျမန္မာႏိုင္ငံ၌ ဗုဒၶဘာသာရဟန္းသံဃာေတာ္မ်ား အၾကမ္းဖက္သတ္ျဖတ္ခံေနရသည့္ျဖစ္စဥ္မ်ားသည္ မျဖစ္သင့္ေၾကာင္းႏွင့္ ယင္းကဲ့သို႔ လုပ္ရပ္မ်ားအား ရပ္တန႔္ေပးေစလိုေၾကာင္း ေမတၱာရပ္ခံမႈမ်ားရွိေနသည္။
ယင္းကဲ့သို႔ ရဟန္းသံဃာေတာ္မ်ား အၾကမ္းဖက္သတ္ျဖတ္ခံရမႈမ်ားအေပၚ ႏိုင္ငံေတာ္ တာဝန္ရယူထားသည့္ နစကအစိုးရအေနျဖင့္ ထိထိေရာက္ေရာက္ အကာအကြယ္ေပးႏိုင္ျခင္း မရွိသကဲ့သို႔ အၾကမ္းဖက္အဖြဲ႕မ်ားကလည္း သတ္ ျဖတ္ေနမႈမ်ားကို ဆက္လက္က်ဴးလြန္လ်က္ရွိေၾကာင္း ေတြ႕ရွိရသည္။