မန္တလေးမြို့ရှိ ကျောက်စိမ်းဘုရားအနီးတွင် ဆယ်ကျော်သက်လူငယ်တစ်ဦး ကားကြိတ်ခံရ၍ ပွဲချင်းပြီး သေဆုံး

 1254

သန့်ဇင်(NP News) - စက်တင်ဘာ ၁၈

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်ရှိ ကျောက်စိမ်းဘုရားအနီးတွင် ဆယ်ကျော်သက်အရွယ်အမျိုသာတစ်ဦး ကားကြိတ်ခံရ၍ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း မြရည်နန္ဒာလူမှုကူညီရေးအသင်းထံမှ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (စက်တင်ဘာလ ၁၇ရက်)၊ နံနက် ၇နာရီ ၁၅မိနစ်အချိန်တွင် ချမ်းမြသာစည်မြို့နယ်၊ ကျောက် စိမ်းဘုရားအနီးတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“မနေ့ကကျောင်းပိတ်ရက်ဆိုတော့ သူငယ်ချင်းတွေနဲ့ အပျော်စက်ဘီးထွက်စီးတဲ့ အချိန်မှာပေါ့။ အဲဒီအချိန်လမ်းအကူးမှာ စက်ဘီးက စလစ်ဖြစ်ပြီး လဲသွားတဲ့အချိန် နောက်ကကားက တက်ကြိတ်မိတာပေါ့”ဟု မြရည်နန္ဒာ လူမှုကူညီရေး အသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါကားကြိတ်ခံရသည့် အမျိုသားသည် ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်ဈေးတွင်နေထိုင်သည့် အသက်(၁၅)နှစ်အရွယ် မောင်မြင့်သူရကျော်ဖြစ်ပြီး ကားကြိတ်ခံရစဉ် အခင်းဖြစ်ပွားရာနေရာ၌ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။

အလားတူ ညနေ ၆နာရီ ၄၅မိနစ်အချိန်တွင် ချမ်းမြသာစည်မြို့နယ်၊ လက်ကောင်းရွာအနီး၊ မန္တလေး-ပြင်ဦးလွင်လမ်းပေါ်တွင် (၆)ဘီးကားမှ ရှေ့ရှိဘေးတွဲဆိုင်ကယ်အားဝင်ရောက်တိုက်မိမှုကြောင့် အမျိုးသားတစ်ဦး သေဆုံးသွားခဲ့ကြောင်း အထက်ပါလူမှုကူညီရေး အသင်းထံမှ သိရသည်။

“ဆိုက်တွဲကရှေ့က မောင်းနေတဲ့အချိန်မှာ နောက်က ကျောက်တွေတင်လာတဲ့(၆)ဘီးကားက ဝင်တိုက်မိတာပေါ့။ ဆိုက်တွဲကားက မောင်းတဲ့လူက သေတယ်။ ကျန်တဲ့တစ်ယောက်ကတော့ စိုးရိမ်ရတယ်ပေါ့”ဟု ၎င်းကဆက်လက်ပြောသည်။

၎င်းယာဉ်တိုက်မှုတွင် အသက်(၃၇)နှစ်အရွယ် ဘေးတွဲဆိုင်ကယ်ယာဉ်မောင်းအမျိုးသားသည် ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး ကျန်အမျိုသားသည် စိုးရိမ်ဖွယ်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

အထက်ပါ ယာဉ်တိုက်မှုဖြစ်စဉ်များမှ သေဆုံးသူ(၂)ဦးနှင့် ဒဏ်ရာရှိသူတစ်ဦးအား မန္တလေးမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

zawgyi version
မႏၲေလးၿမိဳ႕ရွိ ေက်ာက္စိမ္းဘုရားအနီးတြင္ ဆယ္ေက်ာ္သက္လူငယ္တစ္ဦး ကားႀကိတ္ခံရ၍ ပြဲခ်င္းၿပီး ေသဆုံး
သန႔္ဇင္(NP News) - စက္တင္ဘာ ၁၈

မႏၲေလးတိုင္း၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္ရွိ ေက်ာက္စိမ္းဘုရားအနီးတြင္ ဆယ္ေက်ာ္သက္အ႐ြယ္အမ်ိဳသာတစ္ဦး ကားႀကိတ္ခံရ၍ပြဲခ်င္းၿပီး ေသဆုံးသြားခဲ့ေၾကာင္း ျမရည္နႏၵာလူမႈကူညီေရးအသင္းထံမွ သိရသည္။

ျဖစ္စဥ္မွာ ယမန္ေန႔ (စက္တင္ဘာလ ၁၇ရက္)၊ နံနက္ ၇နာရီ ၁၅မိနစ္အခ်ိန္တြင္ ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ ေက်ာက္ စိမ္းဘုရားအနီးတြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

“မေန႔ကေက်ာင္းပိတ္ရက္ဆိုေတာ့ သူငယ္ခ်င္းေတြနဲ႔ အေပ်ာ္စက္ဘီးထြက္စီးတဲ့ အခ်ိန္မွာေပါ့။ အဲဒီအခ်ိန္လမ္းအကူးမွာ စက္ဘီးက စလစ္ျဖစ္ၿပီး လဲသြားတဲ့အခ်ိန္ ေနာက္ကကားက တက္ႀကိတ္မိတာေပါ့”ဟု ျမရည္နႏၵာ လူမႈကူညီေရး အသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါကားႀကိတ္ခံရသည့္ အမ်ိဳသားသည္ ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ ၿမိဳ႕သစ္ေဈးတြင္ေနထိုင္သည့္ အသက္(၁၅)ႏွစ္အ႐ြယ္ ေမာင္ျမင့္သူရေက်ာ္ျဖစ္ၿပီး ကားႀကိတ္ခံရစဥ္ အခင္းျဖစ္ပြားရာေနရာ၌ ပြဲခ်င္းၿပီး ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

အလားတူ ညေန ၆နာရီ ၄၅မိနစ္အခ်ိန္တြင္ ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ လက္ေကာင္း႐ြာအနီး၊ မႏၲေလး-ျပင္ဦးလြင္လမ္းေပၚတြင္ (၆)ဘီးကားမွ ေရွ႕ရွိေဘးတြဲဆိုင္ကယ္အားဝင္ေရာက္တိုက္မိမႈေၾကာင့္ အမ်ိဳးသားတစ္ဦး ေသဆုံးသြားခဲ့ေၾကာင္း အထက္ပါလူမႈကူညီေရး အသင္းထံမွ သိရသည္။

“ဆိုက္တြဲကေရွ႕က ေမာင္းေနတဲ့အခ်ိန္မွာ ေနာက္က ေက်ာက္ေတြတင္လာတဲ့(၆)ဘီးကားက ဝင္တိုက္မိတာေပါ့။ ဆိုက္တြဲကားက ေမာင္းတဲ့လူက ေသတယ္။ က်န္တဲ့တစ္ေယာက္ကေတာ့ စိုးရိမ္ရတယ္ေပါ့”ဟု ၎ကဆက္လက္ေျပာသည္။

၎ယာဥ္တိုက္မႈတြင္ အသက္(၃၇)ႏွစ္အ႐ြယ္ ေဘးတြဲဆိုင္ကယ္ယာဥ္ေမာင္းအမ်ိဳးသားသည္ ပြဲခ်င္းၿပီးေသဆုံးသြားခဲ့ၿပီး က်န္အမ်ိဳသားသည္ စိုးရိမ္ဖြယ္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။

အထက္ပါ ယာဥ္တိုက္မႈျဖစ္စဥ္မ်ားမွ ေသဆုံးသူ(၂)ဦးႏွင့္ ဒဏ္ရာရွိသူတစ္ဦးအား မႏၲေလးၿမိဳ႕ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.