လှိုင်သာယာမြို့နယ်၌ ကားတစ်စီးဘရိတ်ပေါက်၍ ကားမှတ်တိုင်အား ဝင်တိုက်မိရာ (၃)ဦး ထက်မနည်းသေဆုံး

5817
Pearl (NP News) - စက်တင်ဘာ ၁၉
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၌ ကားတစ်စီးဘရိတ်ပေါက်၍ ကားမှတ်တိုင်အား ဝင်တိုက်မိရာ (၃)ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းများထံမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (စက်တင်ဘာလ ၁၈ ရက်)၊ ညနေ (၅)နာရီခွဲ အချိန်ခန့်တွင် လှိုင်သာယာမြို့နယ်၊ (၂၀)ရပ်ကွက်၊ အနော်ရထာလမ်း၊ ၈၆ ဂိတ်ဟောင်းမှတ်တိုင်အနီးတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ မှတ်တိုင်အနီး၌ ဖယ်ရီကားတစ်စီး ဘရိတ်ပေါက်၍ ကားမှတ်တိုင်အား ဝင်တိုက်မိရာမှ (၃)ဦးသေဆုံးခဲ့ပြီး (၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
"(၃)ဦး ဆုံးတယ်။ ကျား(၁)၊ မ(၂)ပေါ့။ ဒဏ်ရာရတာက(၅)ဦး။ ကားကတော့ ဖယ်ရီကားပေါ့။ ဘေးပတ်ဝန်းကျင် ပြောတာတော့ ကားက ဘရိတ်ပေါက်ပြီး တခြားကားတစ်စီးကို တိုက်ပြီး မှတ်တိုင်ဘက်ကို ဝင်တိုက်တာလို့ပြောတယ်" ဟု ဒေသခံ လူမှုကူညီရေးအသင်း၏ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
ဖြစ်စဉ်ကြောင့် သေဆုံးသူ (၃)ဦးနှင့် ဒဏ်ရာရရှိသူ (၅)ဦးတို့အား လှိုင်သာယာဆေးရုံ နှင့် မြောက်ဥက္ကလာဆေးရုံသို့ အသီးသီးပို့ဆောင်ပေးထားပြီး ဒဏ်ရာရရှိသူများအနက် (၁)ဦးသည် စိုးရိမ်ဖွယ်ရာ အခြေအနေရှိကြောင်း သိရသည်။
ထပ်မံကြားသိရသည့် သတင်းများအရ ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် စိုးရိမ်ရသည့် လူနာတစ်ဦးသည် ဆေးကုသမှု ခံယူစဉ် ဆုံးပါးသွားခဲ့ကြောင်း သိရသည်။

zawgyi version
လႈိင္သာယာၿမိဳ႕နယ္၌ ကားတစ္စီးဘရိတ္ေပါက္၍ ကားမွတ္တိုင္အား ဝင္တိုက္မိရာ (၃)ဦး ထက္မနည္းေသဆုံး
Pearl (NP News) - စက္တင္ဘာ ၁၉
ရန္ကုန္တိုင္း၊ လႈိင္သာယာၿမိဳ႕နယ္၌ ကားတစ္စီးဘရိတ္ေပါက္၍ ကားမွတ္တိုင္အား ဝင္တိုက္မိရာ (၃)ဦး ထက္မနည္း ေသဆုံးခဲ့ေၾကာင္း ေဒသခံလူမႈကူညီေရးအသင္းမ်ားထံမွ သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယမန္ေန႔ (စက္တင္ဘာလ ၁၈ ရက္)၊ ညေန (၅)နာရီခြဲ အခ်ိန္ခန႔္တြင္ လႈိင္သာယာၿမိဳ႕နယ္၊ (၂၀)ရပ္ကြက္၊ အေနာ္ရထာလမ္း၊ ၈၆ ဂိတ္ေဟာင္းမွတ္တိုင္အနီးတြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
အဆိုပါ မွတ္တိုင္အနီး၌ ဖယ္ရီကားတစ္စီး ဘရိတ္ေပါက္၍ ကားမွတ္တိုင္အား ဝင္တိုက္မိရာမွ (၃)ဦးေသဆုံးခဲ့ၿပီး (၅)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။
"(၃)ဦး ဆုံးတယ္။ က်ား(၁)၊ မ(၂)ေပါ့။ ဒဏ္ရာရတာက(၅)ဦး။ ကားကေတာ့ ဖယ္ရီကားေပါ့။ ေဘးပတ္ဝန္းက်င္ ေျပာတာေတာ့ ကားက ဘရိတ္ေပါက္ၿပီး တျခားကားတစ္စီးကို တိုက္ၿပီး မွတ္တိုင္ဘက္ကို ဝင္တိုက္တာလို႔ေျပာတယ္" ဟု ေဒသခံ လူမႈကူညီေရးအသင္း၏ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
ျဖစ္စဥ္ေၾကာင့္ ေသဆုံးသူ (၃)ဦးႏွင့္ ဒဏ္ရာရရွိသူ (၅)ဦးတို႔အား လႈိင္သာယာေဆး႐ုံ ႏွင့္ ေျမာက္ဥကၠလာေဆး႐ုံသို႔ အသီးသီးပို႔ေဆာင္ေပးထားၿပီး ဒဏ္ရာရရွိသူမ်ားအနက္ (၁)ဦးသည္ စိုးရိမ္ဖြယ္ရာ အေျခအေနရွိေၾကာင္း သိရသည္။
ထပ္မံၾကားသိရသည့္ သတင္းမ်ားအရ ယာဥ္တိုက္မႈျဖစ္စဥ္ေၾကာင့္ စိုးရိမ္ရသည့္ လူနာတစ္ဦးသည္ ေဆးကုသမႈ ခံယူစဥ္ ဆုံးပါးသြားခဲ့ေၾကာင္း သိရသည္။