သမ္မတကို ဝေဖန်တိုက်ခိုက်ခဲ့မှုနဲ့ပတ်သက်ပြီး ဂျာမနီသံအမတ်ကြီးကို တရုတ်အစိုးရ ဆင့်ခေါ် သတိပေး

 949

ဂျန်ဇက် (NP News) - စက်တင်ဘာ ၁၉

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဟာ တရုတ်နိုင်ငံဆိုင်ရာ ဂျာမနီသံအမတ်ကြီး ပက်ထရစ်စီယာဖလောကို ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဆင့်ခေါ်ပြီး သတိပေးခဲ့ကြောင်း သိရပါတယ်။

ဂျာမနီနိုင်ငံခြားရေးဝန်ကြီးဟာ တရုတ်သမ္မတ ရှီကျင့်ဖျင့်ကို အာဏာရှင်အဖြစ် ရည်ညွှန်းပြောဆိုခဲ့ခြင်းနဲ့ပတ်သက်ပြီး တရုတ်အစိုးရက ဂျာမနီသံအမတ်ကြီးကို ဆင့်ခေါ်သတိပေးခဲ့တာဖြစ်ပါတယ်။

ဂျာမနီနိုင်ငံခြားရေးဝန်ကြီးဌာန က "တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဟာ တရုတ်နိုင်ငံဆိုင်ရာ ဂျာမနီသံအမတ်ကြီးကို ဆင့်ခေါ်ခဲ့တယ်" လို့ ပြောပါတယ်။

ဂျာမနီနိုင်ငံခြားရေးဝန်ကြီး Annalena Baerbock က အမေရိကန်ဦးဆောင်တဲ့အနောက်အုပ်စုနိုင်ငံတွေဟာ ရုရှားနဲ့ဖြစ်ပွားနေတဲ့စစ်ပွဲမှာ ယူကရိန်းနိုင်ငံ စစ်ရှုံးဖို့ ခွင့်ပြုပေးလိုက်မယ်ဆိုရင် တရုတ်သမ္မတ ရှီကျင့်ဖျင့်ကဲ့သို့သော ကမ္ဘာတဝန်းမှာ အခြားအာဏာရှင်တွေ ပိုမိုအတင့်ရဲလာမှာဖြစ်ကြောင်း မကြာသေးမီက ဝေဖန်ပြောခဲ့ဖူးပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ မာနင်အိုက ဂျာမနီနိုင်ငံခြားရေးဝန်ကြီးရဲ့ပြောစကားကိုအလွန်အမင်း မကျေမနပ်ဖြစ်ရကြောင်း၊ ဂျာမနီနိုင်ငံခြားရေးဝန်ကြီးရဲ့ပြောဆိုချက်တွေက တရုတ်နိုင်ငံရဲ့နိုင်ငံရေးကို ချိုးဖောက်တာဖြစ်သလို နိုင်ငံရေးအရ ရန်စတာမျိုးဖြစ်ကြောင်း ပြောပါတယ်။

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ ပြီးခဲ့တဲ့ ဇွန်လတုန်းကလည်း တရုတ်သမ္မတ ရှီကျင့်ဖျ်ကို အာဏာရှင်အဖြစ် ရည်ညွှန်းသုံးစွဲ့ဖူးကြောင်း သိရပါတယ်။ ဂျာမနီနိုင်ငံ နဲ့ တရုတ်နိုင်ငံရဲ့ဆက်ဆံရေးဟာ ပြီးခဲ့တဲ့လပိုင်းမှာ ဆိုးရွားလာခဲ့ကြောင်း၊ ဂျာမနီဟာ တရုတ်စီးပွားရေးကို မှီခိုနေရမှုတွေကို တစ်ဖြည်းဖြည်းလျော့ချလာခဲ့ကြောင်း သိရပါတယ်။

တရုတ်နိုင်ငံဟာ လက်ရှိအချိန်မှာ အမေရိကန်၊ ဂျာမနီနိုင်ငံတို့နဲ့ ဆက်ဆံရေး အေးစက်နေပြီး အပြန်အလှန်ဝေဖန်ပြစ်တင်မှုများ ရှိနေကြောင်း သိရပါတယ်။

Zawgyi Version;
သမၼတကို ေဝဖန္တိုက္ခိုက္ခဲ့မႈနဲ႔ပတ္သက္ၿပီး ဂ်ာမနီသံအမတ္ႀကီးကို တ႐ုတ္အစိုးရ ဆင့္ေခၚ သတိေပး
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၁၉

တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနဟာ တ႐ုတ္ႏိုင္ငံဆိုင္ရာ ဂ်ာမနီသံအမတ္ႀကီး ပက္ထရစ္စီယာဖေလာကို ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ဆင့္ေခၚၿပီး သတိေပးခဲ့ေၾကာင္း သိရပါတယ္။

ဂ်ာမနီႏိုင္ငံျခားေရးဝန္ႀကီးဟာ တ႐ုတ္သမၼတ ရွီက်င့္ဖ်င့္ကို အာဏာရွင္အျဖစ္ ရည္ၫႊန္းေျပာဆိုခဲ့ျခင္းနဲ႔ပတ္သက္ၿပီး တ႐ုတ္အစိုးရက ဂ်ာမနီသံအမတ္ႀကီးကို ဆင့္ေခၚသတိေပးခဲ့တာျဖစ္ပါတယ္။

ဂ်ာမနီႏိုင္ငံျခားေရးဝန္ႀကီးဌာန က "တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနဟာ တ႐ုတ္ႏိုင္ငံဆိုင္ရာ ဂ်ာမနီသံအမတ္ႀကီးကို ဆင့္ေခၚခဲ့တယ္" လို႔ ေျပာပါတယ္။

ဂ်ာမနီႏိုင္ငံျခားေရးဝန္ႀကီး Annalena Baerbock က အေမရိကန္ဦးေဆာင္တဲ့အေနာက္အုပ္စုႏိုင္ငံေတြဟာ ႐ုရွားနဲ႔ျဖစ္ပြားေနတဲ့စစ္ပြဲမွာ ယူကရိန္းႏိုင္ငံ စစ္ရႈံးဖို႔ ခြင့္ျပဳေပးလိုက္မယ္ဆိုရင္ တ႐ုတ္သမၼတ ရွီက်င့္ဖ်င့္ကဲ့သို႔ေသာ ကမာၻတဝန္းမွာ အျခားအာဏာရွင္ေတြ ပိုမိုအတင့္ရဲလာမွာျဖစ္ေၾကာင္း မၾကာေသးမီက ေဝဖန္ေျပာခဲ့ဖူးပါတယ္။

တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနေျပာေရးဆိုခြင့္ရွိသူ မာနင္အိုက ဂ်ာမနီႏိုင္ငံျခားေရးဝန္ႀကီးရဲ႕ေျပာစကားကိုအလြန္အမင္း မေက်မနပ္ျဖစ္ရေၾကာင္း၊ ဂ်ာမနီႏိုင္ငံျခားေရးဝန္ႀကီးရဲ႕ေျပာဆိုခ်က္ေတြက တ႐ုတ္ႏိုင္ငံရဲ႕ႏိုင္ငံေရးကို ခ်ိဳးေဖာက္တာျဖစ္သလို ႏိုင္ငံေရးအရ ရန္စတာမ်ိဳးျဖစ္ေၾကာင္း ေျပာပါတယ္။

အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္ဟာ ၿပီးခဲ့တဲ့ ဇြန္လတုန္းကလည္း တ႐ုတ္သမၼတ ရွီက်င့္ဖ်္ကို အာဏာရွင္အျဖစ္ ရည္ၫႊန္းသုံးစြဲ႕ဖူးေၾကာင္း သိရပါတယ္။ ဂ်ာမနီႏိုင္ငံ နဲ႔ တ႐ုတ္ႏိုင္ငံရဲ႕ဆက္ဆံေရးဟာ ၿပီးခဲ့တဲ့လပိုင္းမွာ ဆိုး႐ြားလာခဲ့ေၾကာင္း၊ ဂ်ာမနီဟာ တ႐ုတ္စီးပြားေရးကို မွီခိုေနရမႈေတြကို တစ္ျဖည္းျဖည္းေလ်ာ့ခ်လာခဲ့ေၾကာင္း သိရပါတယ္။

တ႐ုတ္ႏိုင္ငံဟာ လက္ရွိအခ်ိန္မွာ အေမရိကန္၊ ဂ်ာမနီႏိုင္ငံတို႔နဲ႔ ဆက္ဆံေရး ေအးစက္ေနၿပီး အျပန္အလွန္ေဝဖန္ျပစ္တင္မႈမ်ား ရွိေနေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.