ပြည်ပြေးအဖြစ် ပြည်ပမှာ နှစ်ပေါင်းများစွာကြာနေထိုင်ခဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင် လာမယ့်နှစ် ဖေဖော်ဝါရီလမှာ လွတ်ငြိမ်းခွင့်နဲ့ အပြီးပြန်လွတ်ဖွယ်ရှိနေ

 542

ဂျန်ဇက် (NP News) - စက်တင်ဘာ ၁၉

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ဟာ လာမယ့်နှစ် ဖေဖော်ဝါရီလမှာ အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာဖွယ်ရှိနေကြောင်း အကျဉ်းဦးစီးဌာနအရာရှိတစ်ဦးက ထုတ်ဖော်ပြောလိုက်ပါတယ်။

သက်ဆင်ဟာ ပြီးခဲ့တဲ့ သြဂုတ်လမှာ ထိုင်းနိုင်ငံကို ပြန်လာခဲ့ပြီးနောက် ထောင်ဒဏ် ၈ နှစ် ပြစ်ဒဏ်ကြောင့် အကျဉ်းထောင်ကို တိုက်ရိုက်ပို့ဆောင်ခံရပေမယ့် အကျဉ်းထောင်မှာ နေထိုင်ချိန်အတွင်း ကျန်းမာရေးမကောင်းတဲ့အတွက် ရဲဆေးရုံကို တင်ပို့ခံရသူဖြစ်ပါတယ်။

သက်ဆင်ဟာ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူချိန်အတွင်း ၂ဝဝ၆ ခုနှစ်က စစ်အာဏာသိမ်းခံရသလို အကျင့်ပျက်လာဘ်စားမှုတွေရှိခဲ့တယ်လို့ စွပ်စွဲခံရမှုတွေကြောင့် ထောင်ဒဏ်မကျခံဘဲ ပြည်ပကို နှစ်ပေါင်းများစွာကြာထွက်ပြေးနေခဲ့သူဖြစ်ပါတယ်။

သက်ဆင်ဟာ ပြစ်ဒဏ်များ ကျခံဖို့ ထိုင်းနိုင်ငံကို ပြန်လာခဲ့ပြီးနောက် မကြာမီ ထိုင်းဘုရင်က သက်ဆင်ကို ပြစ်ဒဏ်များလျော့ပေါ့ပေးခဲ့ကာ သက်ဆင်ဟာလက်ရှိအချိန်မှာ ထောင်ဒဏ် ၈ နှစ်အစား ထောင်ဒဏ် ၁ နှစ်သာ ပြစ်ဒဏ်ကျခံရမှာဖြစ်ကြောင်း သိရပါတယ်။

ဒါပေမယ့် ထိုင်းဘုရင်ဟာ သက်ဆင်ရဲ့ပြစ်ဒဏ်ကို ထပ်မံလျော့ပေးဖွယ်ရှိနေကြောင်းသတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ ထိုင်းအကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Sitthi Sutivong က "သက်ဆင်ဟာ လက်ရှိအချိန်မှာ ကျခံရမယ့် ထောင်ဒဏ် ၁ နှစ်ထဲကနေ ထောင်ဒဏ် ၆ လလောက် ပြစ်ဒဏ်ခံပြီးရင်လွှတ်ငြိမ်းခွင့်ရဖို့များတယ်။ ထိုင်းအကျဉ်းဦးစီးဥပဒေတွေထဲမှာ အသက် ၇ဝ နဲ့အထက်ရှိသူ ဒါမှမဟုတ် ကျန်းမာရေးမကောင်းသူတွေကို လွတ်ငြိမ်းခွင့်ပေးမယ်ဆိုတဲ့အချက်တွေ ရှိနေတယ်" လို့ ပြောပါတယ်။

ထိုင်းနိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေဟာလည်း သက်ဆင်ကို လွတ်ငြိမ်း ချမ်းသာခွင့်မပေးဖို့ တောင်းဆိုခဲ့နေသလို အကျဉ်းထောင်ထဲပြန်ပို့ဖို့ တောင်းဆိုနေတာမျိုးတွေ ရှိနေပါတယ်။

လက်ရှိအချိန်မှာ သက်ဆင်ဟာ ရဲတပ်ဖွဲ့ဆေးရုံမှာ တက်ရောက်ကုသနေရာ အကျဉ်းထောင်မှာ ဘယ်လောက်နေရမလဲဆိုတဲ့အချက်က ဆေးပညာရှင်တွေက ဆုံးဖြတ်မှာဖြစ်တဲ့အတွက် ဆေးရုံမှာနေထိုင်ရမှု အချိန်အကန့်အသတ်ရှိမှာမဟုတ်ကြောင်း ထိုင်းအကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။

Zawgyi Version;
ျပည္ေျပးအျဖစ္ ျပည္ပမွာ ႏွစ္ေပါင္းမ်ားစြာၾကာေနထိုင္ခဲ့ ထိုင္းဝန္ႀကီးခ်ဳပ္ေဟာင္းသက္ဆင္ လာမယ့္ႏွစ္ ေဖေဖာ္ဝါရီလမွာ လြတ္ၿငိမ္းခြင့္နဲ႔ အၿပီးျပန္လြတ္ဖြယ္ရွိေန
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၁၉

ထိုင္းဝန္ႀကီးခ်ဳပ္ေဟာင္း သက္ဆင္ဟာ လာမယ့္ႏွစ္ ေဖေဖာ္ဝါရီလမွာ အက်ဥ္းေထာင္ကေန ျပန္လည္လြတ္ေျမာက္လာဖြယ္ရွိေနေၾကာင္း အက်ဥ္းဦးစီးဌာနအရာရွိတစ္ဦးက ထုတ္ေဖာ္ေျပာလိုက္ပါတယ္။

သက္ဆင္ဟာ ၿပီးခဲ့တဲ့ ၾသဂုတ္လမွာ ထိုင္းႏိုင္ငံကို ျပန္လာခဲ့ၿပီးေနာက္ ေထာင္ဒဏ္ ၈ ႏွစ္ ျပစ္ဒဏ္ေၾကာင့္ အက်ဥ္းေထာင္ကို တိုက္႐ိုက္ပို႔ေဆာင္ခံရေပမယ့္ အက်ဥ္းေထာင္မွာ ေနထိုင္ခ်ိန္အတြင္း က်န္းမာေရးမေကာင္းတဲ့အတြက္ ရဲေဆး႐ုံကို တင္ပို႔ခံရသူျဖစ္ပါတယ္။

သက္ဆင္ဟာ ဝန္ႀကီးခ်ဳပ္အျဖစ္ တာဝန္ယူခ်ိန္အတြင္း ၂ဝဝ၆ ခုႏွစ္က စစ္အာဏာသိမ္းခံရသလို အက်င့္ပ်က္လာဘ္စားမႈေတြရွိခဲ့တယ္လို႔ စြပ္စြဲခံရမႈေတြေၾကာင့္ ေထာင္ဒဏ္မက်ခံဘဲ ျပည္ပကို ႏွစ္ေပါင္းမ်ားစြာၾကာထြက္ေျပးေနခဲ့သူျဖစ္ပါတယ္။

သက္ဆင္ဟာ ျပစ္ဒဏ္မ်ား က်ခံဖို႔ ထိုင္းႏိုင္ငံကို ျပန္လာခဲ့ၿပီးေနာက္ မၾကာမီ ထိုင္းဘုရင္က သက္ဆင္ကို ျပစ္ဒဏ္မ်ားေလ်ာ့ေပါ့ေပးခဲ့ကာ သက္ဆင္ဟာလက္ရွိအခ်ိန္မွာ ေထာင္ဒဏ္ ၈ ႏွစ္အစား ေထာင္ဒဏ္ ၁ ႏွစ္သာ ျပစ္ဒဏ္က်ခံရမွာျဖစ္ေၾကာင္း သိရပါတယ္။

ဒါေပမယ့္ ထိုင္းဘုရင္ဟာ သက္ဆင္ရဲ႕ျပစ္ဒဏ္ကို ထပ္မံေလ်ာ့ေပးဖြယ္ရွိေနေၾကာင္းသတင္းေတြလည္း ထြက္ေပၚေနပါတယ္။ ထိုင္းအက်ဥ္းဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ Sitthi Sutivong က "သက္ဆင္ဟာ လက္ရွိအခ်ိန္မွာ က်ခံရမယ့္ ေထာင္ဒဏ္ ၁ ႏွစ္ထဲကေန ေထာင္ဒဏ္ ၆ လေလာက္ ျပစ္ဒဏ္ခံၿပီးရင္လႊတ္ၿငိမ္းခြင့္ရဖို႔မ်ားတယ္။ ထိုင္းအက်ဥ္းဦးစီးဥပေဒေတြထဲမွာ အသက္ ၇ဝ နဲ႔အထက္ရွိသူ ဒါမွမဟုတ္ က်န္းမာေရးမေကာင္းသူေတြကို လြတ္ၿငိမ္းခြင့္ေပးမယ္ဆိုတဲ့အခ်က္ေတြ ရွိေနတယ္" လို႔ ေျပာပါတယ္။

ထိုင္းႏိုင္ငံေရးတက္ႂကြလႈပ္ရွားသူေတြဟာလည္း သက္ဆင္ကို လြတ္ၿငိမ္း ခ်မ္းသာခြင့္မေပးဖို႔ ေတာင္းဆိုခဲ့ေနသလို အက်ဥ္းေထာင္ထဲျပန္ပို႔ဖို႔ ေတာင္းဆိုေနတာမ်ိဳးေတြ ရွိေနပါတယ္။

လက္ရွိအခ်ိန္မွာ သက္ဆင္ဟာ ရဲတပ္ဖြဲ႕ေဆး႐ုံမွာ တက္ေရာက္ကုသေနရာ အက်ဥ္းေထာင္မွာ ဘယ္ေလာက္ေနရမလဲဆိုတဲ့အခ်က္က ေဆးပညာရွင္ေတြက ဆုံးျဖတ္မွာျဖစ္တဲ့အတြက္ ေဆး႐ုံမွာေနထိုင္ရမႈ အခ်ိန္အကန႔္အသတ္ရွိမွာမဟုတ္ေၾကာင္း ထိုင္းအက်ဥ္းဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္က ေျပာပါတယ္။

Related news

© 2021. All rights reserved.