အင်ဒိုနီးရှားနိုင်ငံက မြန်မာ အပါအဝင် အာဆီယံနိုင်ငံအားလုံး ပူးပေါင်းပါဝင်တဲ့ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းကို အိမ်ရှင်အဖြစ် လက်ခံကျင်းပ

776

ဂျန်ဇက် (NP News) - စက်တင်ဘာ ၁၉
တောင်တရုတ်ပင်လယ်အရေးနဲ့ပတ်သက်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများနဲ့ တရုတ်နိုင်ငံကြား အငြင်းပွားမှုများမြင့်တက်နေချိန်မှာပဲ အာဆီယံအဖွဲ့ဝင် နိုင်ငံအားလုံးပါဝင်မယ့် ပူးတွဲစစ်ရေးလေ့ကျင့်ခန်းကို ပထမဆုံးအကြိမ်ပြုလုပ်သွားမယ်လို့ သိရပါတယ်။
အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဟာ အမေရိကန်၊ တရုတ် အပါအဝင် အခြားနိုင်ငံများနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းတွေ လုပ်ဆောင်ခဲ့ဖူးပေမယ့် အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံး ပူးပေါင်းပါဝင်မယ့် စစ်ရေးလေ့ကျင့်ခန်းကိုလုပ်ဆောင်ခဲ့ခြင်းမျိုးမရှိကြောင်း သိရပါတယ်။
အာဆီယံအဖွဲ့ဝင်နိုင်ငံများအပြင် အဖွဲ့ဝင်ဖြစ်ဖို့ ကြိုးပမ်းနေတဲ့ အရှေ့တီမော နိုင်ငံလည်း ပူးပေါင်းပါဝင်မှာဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ အာဆီယံအဖွဲ့ဝင်နိုင်ငံများရဲ့ပူးတွဲစစ်ရေးလေ့ကျင့်ခန်းကို အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့ပြီး တောင်တရုတ်ပင်လယ်အနီးရှိ ဘာတန်ကျွန်းနဲ့ နာတူနာ ကျွန်းတို့မှာ ငါးရက်ကြာပြုလုပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။
အာဆီယံနိုင်ငံများရဲ့ပူးတွဲစစ်ရေးလေ့ကျင့်ခန်းအစီအစဉ်နဲ့ပတ်သက်ပြီး မီဒီယာရေးရာတာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဒုတိယဗိုလ်မှူးကြီးတစ်ဦးဖြစ်တဲ့ Abidin Tobba က "ဒီစစ်ရေးလေ့ကျင့်ခန်းကို မြန်မာ အပါအဝင် နိုင်ငံပေါင်း ၁၁ နိုင်ငံ ပါဝင်ခဲ့ပါတယ်" လို့ ပြောပါတယ်။
ဒါပေမယ့် မြန်မာနိုင်ငံအနေနဲ့ အရေအတွက် ဘယ်လောက်တက်ရောက် ပါဝင်သလဲဆိုတဲ့အချက်ကို ၎င်းက အတိအကျပြောဆိုခြင်းမရှိခဲ့ပါဘူး။ အဆိုပါ စစ်ရေးလေ့ကျင့်ခန်းအစီအစဉ်အတွင်း ရေကြောင်းကင်းလှည့်မှု၊ ဆေးဘက်ဆိုင်ရာ ကူညီကယ်တင်ပေးမှုများ၊ ရှာဖွေမှုများ၊ လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေးလုပ်ငန်းများကို အကူအညီပေးမှုများ၊ သဘာဝဘေးအန္တရာယ်နဲ့ပတ်သက်ပြီး ကူညီပေးမှုများကို အဓိကထား လေ့ကျင့်သွားမှာဖြစ်ကြောင်း သိရပါတယ်။

Zawgyi Version;
အင္ဒိုနီးရွားႏိုင္ငံက ျမန္မာ အပါအဝင္ အာဆီယံႏိုင္ငံအားလုံး ပူးေပါင္းပါဝင္တဲ့ ပူးတြဲစစ္ေရးေလ့က်င့္ခန္းကို အိမ္ရွင္အျဖစ္ လက္ခံက်င္းပ
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၁၉
ေတာင္တ႐ုတ္ပင္လယ္အေရးနဲ႔ပတ္သက္ၿပီး အာဆီယံအဖြဲ႕ဝင္ႏိုင္ငံမ်ားနဲ႔ တ႐ုတ္ႏိုင္ငံၾကား အျငင္းပြားမႈမ်ားျမင့္တက္ေနခ်ိန္မွာပဲ အာဆီယံအဖြဲ႕ဝင္ ႏိုင္ငံအားလုံးပါဝင္မယ့္ ပူးတြဲစစ္ေရးေလ့က်င့္ခန္းကို ပထမဆုံးအႀကိမ္ျပဳလုပ္သြားမယ္လို႔ သိရပါတယ္။
အာဆီယံအဖြဲ႕ဝင္ႏိုင္ငံေတြဟာ အေမရိကန္၊ တ႐ုတ္ အပါအဝင္ အျခားႏိုင္ငံမ်ားနဲ႔ ပူးတြဲစစ္ေရးေလ့က်င့္ခန္းေတြ လုပ္ေဆာင္ခဲ့ဖူးေပမယ့္ အာဆီယံအဖြဲ႕ဝင္ႏိုင္ငံအားလုံး ပူးေပါင္းပါဝင္မယ့္ စစ္ေရးေလ့က်င့္ခန္းကိုလုပ္ေဆာင္ခဲ့ျခင္းမ်ိဳးမရွိေၾကာင္း သိရပါတယ္။
အာဆီယံအဖြဲ႕ဝင္ႏိုင္ငံမ်ားအျပင္ အဖြဲ႕ဝင္ျဖစ္ဖို႔ ႀကိဳးပမ္းေနတဲ့ အေရွ႕တီေမာ ႏိုင္ငံလည္း ပူးေပါင္းပါဝင္မွာျဖစ္ေၾကာင္း သိရပါတယ္။ အဆိုပါ အာဆီယံအဖြဲ႕ဝင္ႏိုင္ငံမ်ားရဲ႕ပူးတြဲစစ္ေရးေလ့က်င့္ခန္းကို အင္ဒိုနီးရွားႏိုင္ငံက အိမ္ရွင္အျဖစ္လက္ခံက်င္းပခဲ့ၿပီး ေတာင္တ႐ုတ္ပင္လယ္အနီးရွိ ဘာတန္ကြၽန္းနဲ႔ နာတူနာ ကြၽန္းတို႔မွာ ငါးရက္ၾကာျပဳလုပ္သြားမွာျဖစ္ေၾကာင္း သိရပါတယ္။
အာဆီယံႏိုင္ငံမ်ားရဲ႕ပူးတြဲစစ္ေရးေလ့က်င့္ခန္းအစီအစဥ္နဲ႔ပတ္သက္ၿပီး မီဒီယာေရးရာတာဝန္ရွိသူတစ္ဦးျဖစ္တဲ့ ဒုတိယဗိုလ္မႉးႀကီးတစ္ဦးျဖစ္တဲ့ Abidin Tobba က "ဒီစစ္ေရးေလ့က်င့္ခန္းကို ျမန္မာ အပါအဝင္ ႏိုင္ငံေပါင္း ၁၁ ႏိုင္ငံ ပါဝင္ခဲ့ပါတယ္" လို႔ ေျပာပါတယ္။
ဒါေပမယ့္ ျမန္မာႏိုင္ငံအေနနဲ႔ အေရအတြက္ ဘယ္ေလာက္တက္ေရာက္ ပါဝင္သလဲဆိုတဲ့အခ်က္ကို ၎က အတိအက်ေျပာဆိုျခင္းမရွိခဲ့ပါဘူး။ အဆိုပါ စစ္ေရးေလ့က်င့္ခန္းအစီအစဥ္အတြင္း ေရေၾကာင္းကင္းလွည့္မႈ၊ ေဆးဘက္ဆိုင္ရာ ကူညီကယ္တင္ေပးမႈမ်ား၊ ရွာေဖြမႈမ်ား၊ လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီေပးေရးလုပ္ငန္းမ်ားကို အကူအညီေပးမႈမ်ား၊ သဘာဝေဘးအႏၲရာယ္နဲ႔ပတ္သက္ၿပီး ကူညီေပးမႈမ်ားကို အဓိကထား ေလ့က်င့္သြားမွာျဖစ္ေၾကာင္း သိရပါတယ္။